Call us : 09 402224800
Select Page
💥💥လူဖြစ်အများဆုံး အရေပြားရောဂါတစ်မျိုးအကြောင်း
✨ဒီကနေ့မှာ လူဖြစ်အများဆုံးရောဂါတစ်ခုဖြစ်သလို အရေပြားရောဂါ(၁)မျိုးလည်းဖြစ်တဲ့ ဆိုရီယားစစ်(ခေါ်) ဂျွတ်ပွေးနာအကြောင်းကို မဟာစံကနေ ဗဟုသုတအဖြစ်မိတ်ဆွေများထံ ပြန်လည်မျှဝေပေးချင်ပါတယ်။ ဆိုရီယားစစ်ရောဂါသည် ပွေးနဲ့ပုံစံတူသည့်အတွက် အရပ်ထဲမှာဆို ပွေးကြီးလို့လည်းခေါ်ကြပါတယ်။ ဆိုရီယားစစ်ရောဂါရဲ့လက္ခဏာတွေကတော့ အရေပြားပေါ်တွင် အနီရောင် အကွက်တွေ၊ အပြင်တွေ၊ အဖုတွေအနေဖြင့်တွေ့ရနိုင်ပါတယ်။
✨ဆိုရီယားစစ်ရောဂါဖြစ်လာလျှင် နေရာအတိအကျသတ်မှတ်ချက်မရှိပဲ ခေါင်းကနေခြေအထိ ဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးနေရာတွေကတော့ တံတောင်ဆစ်၊ ဒူး၊ ခြေချင်းဝတ်၊ လက်ဆစ်စသည့်နေရာတွေမှာ အများဆုံးဖြစ်လေ့ရှိပါတယ်။ ခေါင်းမှာဆိုရင်တော့ ဒက်ပေါက်သလိုမျိုး ဂျပ်ပြားကြီးအဖြစ်မြင်တွေ့ရပြီး ကုတ်လိုက်ရင် အဖက်တွေ ကွာကျတာမျိုးကိုတွေ့ရပါတယ်။
✨ဒါ့အပြင် လက်ဖဝါး၊ခြေဖဝါးမှာဆိုရင် ထူထူကြမ်းကြမ်းနဲ့မာခေါက်ခေါက်ကြီးအဖြစ်လည်းတွေ့ရနိုင်ပါတယ်။ တချို့ကျတော့လည်း လက်သည်း၊ ခြေသည်းအရောင်ပြောင်းတာ၊ ပုံပျက်တာ၊ ကြွပ်တာ၊ ကြွတာတွေလည်းဖြစ်လေ့ရှိပါတယ်။ တစ်ယောက်နှင့်တစ်ယောက်ဖြစ်သည့်နေရာလည်း မတူကြသလို ဖြစ်သည့်လက္ခဏာများလည်းမတူကြပါဘူး။
✨ဆိုရီယားစစ်ရောဂါစဖြစ်လာလျှင်ကုလားပဲစေ့အရွယ်အစားကနေ လက်ဖဝါးအရွယ်အစားအထိ ဖြစ်လာနိုင်ပါတယ်။ ဒါအပြင်ဆိုရီယားစစ်ရောဂါဖြစ်လျှင်အများစုမှာ အရေပြားယားယံတတ်ကြပါတယ်။ ယားသည့်အခါကုတ်မိသည့်အတွက် ကုတ်မိသည့်နေရာမှာ ဒီရောဂါဟာပြန့်သွားတတ်ကြပါတယ်။ ဒါကတာ့ဆိုရီယားစစ်ရောဂါရဲ့ ထူးခြားသည့်အချက်ပဲဖြစ်ပါတယ်။
✨ဆိုရီယားစစ်ရောဂါသည် အရှင်းပျောက်သည့်ရောဂါမဟုတ်ပဲ ကောင်းသွားလိုက်ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေပြီး လူငယ်တွေမှာအဖြစ်များလေ့ရှိပါတယ်။ ဒါ့အပြင်ဆိုရီယားစစ်ရောဂါသည် ပွေး၊ နှင်းခူ၊ အနာကြီးရောဂါတို့နှင့်ပုံစံတူသည့်အတွက် ဒီလိုပုံစံများကြုံလာရသည့်အခါ ကိုယ်ဖြစ်သည့်ရောဂါကို အတိအကျသိရလေအောင် ဘိုင်အော်စီဆိုတဲ့ အသားစစစ်ခြင်းဖြင့် ခွဲခြားသိရှိနိုင်ပါတယ်။ ဘယ်ရောဂါမဆို ဖြစ်လာပြီဆိုရင် မြန်မြန်သိလေမြန်မြန်ကုသလေကတော့ အကောင်းဆုံးပါပဲမိတ်ဆွေတို့ရေ…..