Delivery FAQs:

Delivery ပို့ပေးလား ?

မြန်မာနိုင်ငံအတွင်း ကားဂိတ်အဆင်ပြေတဲ့မြို့တွေနဲ့ Royal Express ရှိတဲ့မြို့တိုင်းကိုပို့ပေးပါတယ်ရှင်။

Cash On Delivery နဲ့ မှာလို့ရလား?

ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် မြို့တွင်းနဲ့ Royal Express ရောက်တဲ့မြို့တိုင်းကို အိမ်အရောက်ငွေချေစနစ်နဲ့ပို့ဆောင်ပေးပါတယ်ရှင်။

နယ်ဆိုရင်ရော အိမ်ရောက်ငွေချေရလား?

Royal Express ရောက်တဲ့မြို့တိုင်းကို အိမ်အရောက်ငွေချေစနစ်နဲ့ပို့ဆောင်ပေးပါတယ်ရှင်။

ပစ္စည်းမှာပြီးဘယ်နှစ်ရက်အတွင်းရောက်မလဲ?

ရန်ကုန်၊ မန္တလေးမြို့တွင်းဆိုရင်တော့ ပစ္စည်းမှာပြီးနောက်နေ့ကစပြီး ၁ရက်ကနေ ၂ရက်အတွင်းအိမ်အရောက်ပို့ပေးပါတယ်ရှင်။အခြားမြို့တွေကိုတော့ပစ္စည်းမှာပြီးနောက်နေ့ကစပြီး ၁ရက်ကနေ၂ရက်အတွင်း သက်ဆိုင်ရာကားဂိတ်ကိုပို့ပေးပါတယ်ရှင်။

Payment Information FAQs: 

Online Payment တွေနဲ့ ဝယ်လို့ရလား?

KBZ Pay, AYA Pay, CB Pay, KBZ Mobile Banking, AYA Mobile Banking, CB Mobile Banking တို့ဖြင့်ဝယ်ယူနိုင်ပါတယ်ရှင်။

ငွေလွှဲနေရင်း အခက်အခဲတစ်ခုခုကြုံလာရင် ဘယ်လိုလုပ်ရမလဲ?

Call Center No. 09402224800ကို ဖုန်း(သို့) Viber ဖြင့်ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်ရှင်။

Customer ရဲ့ Information များလုံခြုံမှုကို အာမခံလား?

Customer များ၏ Privacy ကို အလေးထားသောအားဖြင့် ကျွန်မတို့ MAHAR SAN Website မှာဖြည့်သွင်းထားတဲ့ Informations တွေရဲ့ လုံခြုံမှုကို အပြည့်အဝ အာမခံပါတယ်ရှင်။

Orders and Returns FAQs:

တင်ထားတဲ့ Order ကို Cancel လုပ်လို့ရလား?

Order တင်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် Cancel လုပ်လိုပါက Call Center No. 09402224800 ကို ဖုန်း(သို့) Viber ဖြင့်ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်ရှင်။

လာပို့တဲ့ ပစ္စည်းမှာ Error ပါလာရင် ဘယ်လိုလုပ်ရမလဲ?

လာပို့တဲ့ ပစ္စည်းမှာ Error ပါလာရင် 09402224800ကို ဖုန်း(သို့) Viber ဖြင့်ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါတယ်ရှင်။

Out of Stock ဖြစ်နေတဲ့ ပစ္စည်းတွေကို ဘယ်လိုမှာရမလဲ?

Out of stock ဖြစ်နေသည့် ပစ္စည်းများ ဝယ်ယူချင်လျှင် Wishlist ထဲ ထည့်ထားပြီး ပစ္စည်းပြန်ရောက်ရှိသည့်အခါ Order မှာယူနိုင်မည်ဖြစ်ပါတယ်ရှင်။

Product FAQs:

ပစ္စည်းတွေက USA Madeစစ်ရဲ့လား?

MAHAR SAN USA Store ရှိ ပစ္စည်းများသည် USA Made, USA Import ပစ္စည်းများ ဖြစ်ကြောင်း 100%အာမခံပါတယ်ရှင်။

ပစ္စည်းလာပို့တဲ့အခါ ဆေးဘူးတွေerrorဖြစ်ရင် ဘယ်လိုတာဝန်ယူပေးလည်း?

ဆေးဘူးတွေ Error ဖြစ်တယ်ဆိုရင်တော့ Sealအတွင်းပိုင်းမှာဖြစ်တယ်ဆိုရင်တော့ တစ်ပတ်အတွင်းReturn ပြန်လည်လဲလှယ်ပေးပါတယ်ရှင်။

Out of Stock ဖြစ်နေတဲ့ပစ္စည်းတွေကရောပြန်ရောက်ဖို့ ပုံမှန်ဆို ဘယ်လောက်ကြာတတ်လည်း?

Out of Stock ဖြစ်နေတဲ့ပစ္စည်းတွေကတော့ ပုံမှန်၁၅ရက် ရက်၂၀လောက်ဆို ပြန်လည်ရောက်ရှိတတ်ပါတယ်ရှင်။

Promotion FAQs:

Application နဲ့ Website မှာဝယ်ရင်ရော ဘာခံစားခွင့်ရှိလဲ?

Application နဲ့ Website မှာဝယ်ယူသည့် Customer များအနေဖြင့် Point များရရှိနိုင်ခြင်း၊ အထူးPromoton များ၊ Discount များကိုအလွယ်တကူကြည့်ရှုပြီးဝယ်ယူနိုင်ခြင်းနှင့်အခြားသောအခွင့်အရေးများလည်းရှိပါတယ်ရှင်။