Call us : 09 402224800
Select Page
👴👵 အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်မပျော်ဖြစ်ခြင်းဟာ အနည်းနှင့်အများတော့ ရှိတတ်ကြပါတယ်။ ဘာကြောင့် အိပ်မပျော်ဖြစ်ရတာလဲဆိုရင် Melatonin လို့ခေါ်တဲ့ ဟော်မုန်းဓာတ်ကျဆင်းတာကြောင့်ပဲဖြစ်ပါတယ်။
💊 Melatonin ဆိုတာ အိပ်ပျော်စေရန် ဦးနှောက်ထဲမှာရှိသည့် Pineal gland ကနေ သဘာဝအတိုင်း ထုတ်လုပ်ပေးသည့် ဟော်မုန်းဖြစ်ပါတယ်။ ဒီဟော်မုန်းက နေ့ဘက်မှာ ထုတ်လုပ်မှုနည်းပြီး ညအချိန် မှောင်လာသည်နှင့်အမျှ Melatonin ဟော်မုန်း ထုတ်လုပ်မှု မြှင့်တက်လာပြီး လူကို အိပ်ပျော်စေတာပဲဖြစ်ပါတယ်။
♦️ ဘယ်လိုသူတွေဆီမှာ Melatoninဟော်မုန်း ကျဆင်းစေသလဲဆိုရင်……. ♦️
👵 သက်ကြီးရွယ်အိုများအနေနှင့် အသက်ရွယ်ရလာတာနှင့်အမျှ ဦးနှောက်မှ Melatoninဟော်မုန်းထုတ်လုပ်မှု လျော့နည်းလာတာကြောင့် သက်ကြီးရွယ်အိုများအနေနှင့် ညဘက်မှာ ပိုပြီး အိပ်မပျော်ဖြစ်ကြတာကို တွေ့ရပါတယ်။
💯 ဒါ့ကြောင့် ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်ပျော်နိုင်ဖို့ဆိုရင် ဒီလို အကျင့်တွေကို ရှောင်ကျဉ်တတ်ဖို့လဲ လိုပါတယ်။ ညအိပ်ခါနီး အနည်းဆုံး တစ်နာရီအလိုမှာ ဖုန်း၊ TV၊ Laptop၊ Game ဆော့ခြင်းကို ရှောင်ပေးသင့်ပါတယ်။ ဘာလို့ဆို ဖန်သားပြင်များမှ ထုတ်လွှတ်သော အပြာရောင်အလင်းတန်းများသည် melatonin ဟော်မုန်း ထုတ်လုပ်မှုကို တားဆီးနိုင်သည့်အတွက်ကြောင့် လူကို အိပ်မပျော်ဖြစ်စေပါတယ်။
💯 မိမိက အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်စေတာပဲဖြစ်ဖြစ်၊ အသက်အရွယ်ကြောင့် melatonin ဟော်မုန်းထုတ်လုပ်မှု လျှော့နည်းကာ အိပ်မပျော်စေတာပဲ ဖြစ်ဖြစ် ညအချိန်မှာ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်စေဖို့အတွက် Melatonin ဖြည့်စွက်စာကို မှီဝဲပေးနိုင်ပါတယ်။
💊 Life Extension အမှတ်တံဆိပ်နှင့် Carlyle အမှတ်တံဆိပ် Melatonin ဖြည့်စွက်စာတွေဟာ ညဘက်တွေမှာ နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ဖို့အတွက် အကောင်းဆုံးကူညီပေးနိုင်တဲ့ ဖြည့်စွက်စာတွေလဲ ဖြစ်ပါတယ်။ ငုံဆေးပြားအသွင်ဖြစ်တဲ့အတွက် သောက်သုံးသည့်အခါမှာ မအိပ်ခင် နာရီဝက်အကြိုမှာ ခံတွင်းထဲမှာ ငုံ၍ မှီဝဲနိုင်ပါတယ်။
💁‍♀️ ဒါကြောင့် မိတ်ဆွေတို့အနေနှင့် melatonin ဖြည့်စွက်စာများကို မှာယူချင်ရင်တော့ မဟာစံ ဆိုင်ခွဲတိုင်းမှာ ဝယ်ယူရရှိနိုင်ပါပြီ။ USA Brand ဖြစ်ပြီး ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။