
ဒါ့ကြောင့် ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်ပျော်နိုင်ဖို့ဆိုရင် ဒီလို အကျင့်တွေကို ရှောင်ကျဉ်တတ်ဖို့လဲ လိုပါတယ်။ ညအိပ်ခါနီး အနည်းဆုံး တစ်နာရီအလိုမှာ ဖုန်း၊ TV၊ Laptop၊ Game ဆော့ခြင်းကို ရှောင်ပေးသင့်ပါတယ်။ ဘာလို့ဆို ဖန်သားပြင်များမှ ထုတ်လွှတ်သော အပြာရောင်အလင်းတန်းများသည် melatonin ဟော်မုန်း ထုတ်လုပ်မှုကို တားဆီးနိုင်သည့်အတွက်ကြောင့် လူကို အိပ်မပျော်ဖြစ်စေပါတယ်။