Call us : 09 402224800
Select Page
ခွဲစိတ်ပြီးလို့ကျန်ခဲ့တဲ့ အနာပဲဖြစ်ဖြစ်၊ တခုခုထိခိုက်ရှနာလို့ပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်မှာ အနာရှိပြီဆိုရင် နေရတာ သက်တောင့်သက်သာမဖြစ်တဲ့အပြင် နာနေလို့ စိတ်အနှောင့်အယှက်လည်းဖြစ်စေပါတယ်။ အနာမြန်မြန်ကျက်ဖို့က စားလိုက်တဲ့အစာတွေနဲ့ အဓိကသက်ဆိုင်ပါတယ်။ သေသေချာချာမစားဘူးဆိုရင်တော့ အနာကျက်နှေးပြီး ပိုးဝင်ခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလည်း ဖြစ်နိုင်ပါသေးတယ်။
ဘယ်လိုအစားအသောက်တွေက အနာကျက်မြန်စေသလဲဆိုရင်
✅ Vitamin C
အနာကျက်မြန်ဖို့က ကော်လာဂျင် ကောင်းကောင်းထုတ်နိုင်ဖို့လိုပါတယ်။ ကော်လာဂျင် ကောင်းကောင်းထုတ်နိုင်ဖို့က Vitamin C ရဲ့ ပံ့ပိုးမှုက အထူးအရေးပါ ပါတယ်။ အနာထဲပိုးဝင်ခြင်းမှလည်းကာကွယ်ပေးပါတယ်။
✅ Vitamin E
အရေးပြားအပေါ်ယံအလွှာမှာရှိတဲ့ တစ်ရှူးတွေကို ပြန်လည်တည်ဆောက်နိုင်စွမ်း Vitamin E မှာရှိတဲ့အတွက် အနာကျက်မြန်ခြင်းကို အထောက်အကူပြုပါတယ်။
✅ Protein
Protein မှာ အနာကျက်မြန်စေတဲ့ အစွမ်းသတ္တိရှိတဲ့အပြင် ကိုယ်ခံအားကောင်းစေရန်ပါ ပံ့ပိုးပေးပါတယ်။ ပြင်ပမှဝင်လာသော ရောဂါပိုးတွေရဲ့ရန်ကို ကာကွယ်ပေးပါတယ်။
✅ Zinc
Zinc သည်လည်း အရေးပြားအတွက် ကော်လာဂျင်တည်ဆောက်ရာမှာ အရေးပါသောကြောင့် အနာကျက်မြန်စေတဲ့ ဂုဏ်သတ္တိရှိပါတယ်။