Call us : 09 402224800
Select Page
🥥 Virgin Coconut Oil ဆိုတာ သဘာဝနည်းလမ်းအတိုင်း ပြုလုပ်ထားတဲ့ အုန်းဆီကို ခေါ်တာဖြစ်ပြီးတော့ အရောင်ချွတ်ထားခြင်း၊ ပြုပြင်မွမ်းမံထားခြင်း၊ ကြာရှည်ခံပစ္စည်းများသုံးထားခြင်း၊ ဓာတုဆေးဝါးများသုံးစွဲထားခြင်းတို့ဖြင့် ဖန်တီးပြုလုပ်ထားခြင်း မရှိတာကြောင့် ဖြစ်ပါတယ်။
🥥 Virgin Coconut Oil ကို အုန်းသီးအစိမ်းကို အခြောက်ခံပြီး အအေးခံသည့်နည်းလမ်းဖြင့် ထုတ်လုပ်ထားတာကြောင့် အုန်းဆီမှာပါဝင်တဲ့ အာနိသင်ဟာ သဘာဝအတိုင်းဖြစ်တာကြောင့် အာဟာရအကျိုးကျေးဇူးတွေ များစွာပါဝင်ပါတယ်။
********************
💯 (၁) ကိုလက်စထရောအဆင့်ကို လျှော့ချပေးခြင်း
Virgin Coconut Oil သည် fatty Acid ဓာတ်ကြွယ်ဝပြီး မကောင်းသည့် ကိုလက်စထရောပမာဏ လျှော့ချပေးပြီး ကောင်းသော ကိုလက်စထရောကို မြှင့်တင်ပေးသည့်အတွက် နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။
💯 (၂) ကိုယ်အလေးချိန်ကျဖို့ ကူညီပေးခြင်း
Virgin Coconut Oil ဟာ ခန္ဓာကိုယ်မှ ပိုလျှံနေသော အဆီများကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန် လျှော့ချရာတွင် ကူညီပေးပါတယ်။ အုန်းခန္ဓာကိုယ်အတွင်း အဆီချေဖျက်ရလွယ်ကူပြီး ဇီဝကမ္မဖြစ်စဉ်ကိုထိန်းညှိပေးတဲ့အပြင် သိုင်းရွိုက်ကျန်းမာရေးကိုလည်း မြှင့်တင်ပေးပါတယ်။
💯 (၃) အသားအရေ ကျန်းမာရေးကို ကောင်းမွန်စေခြင်း
Virgin Coconut Oil သည် အသားအရေကို နက်ရှိုင်းစွာ အစိုဓာတ်ထိန်းပေးကာ အရေပြားပြန်လည်အားဖြည့်ပေးတာကြောင့် ဆုံးရှုံးသွားသော အစိုဓာတ်ကို ပြန်လည်ရရှိစေပါတယ်။ Virgin coconut သည် ဘက်တီးရီးယားများပေါက်ဖွားမှုကို တားဆီးပေးပြီး ဝက်ခြံပေါက်ခြင်းကို လျှော့ချပေးပါတယ်။
💯 (၄) မှတ်ဥာဏ်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပေးခြင်း
Virgin Coconut Oil က မှတ်ဉာဏ်လုပ်ဆောင်ချက်များနှင့် သိမြင်နိုင်စွမ်းဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးပြီး ဦးနှောက်လုပ်ဆောင်ချက်များကို မြှင့်တင်ပေးပါတယ်။
💯 (၅) ဆီးချိုရောဂါအတွက် အထောက်အကူဖြစ်စေခြင်း
Virgin Coconut Oil အုန်းဆီသည် အင်ဆူလင်ထုတ်လွှတ်မှုကို ကူညီပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသောကြောင့် ဆီးချိုရောဂါကို ထိန်းသိမ်းရာတွင် ကူညီပေးပါတယ်။
💁‍♀️ ဒါ့ကြောင့် Virgin Coconut Oil အုန်းဆီသည် ကျန်းမာရေးအကျိုးကျေးဇူးများတဲ့အတွက် ဟင်းချက်ခြင်းနှင့် အသုပ်ခြင်းများတွင် ထည့်သုပ်ခြင်းဖြင့် အရသာကို မြှင့်တင်ပေးနိုင်ပါတယ်။
💪 ကျန်းမာရေးနှင့် ကိုယ်ခံစွမ်းအားကောင်းစေရန် အုန်းဆီတစ်ဇွန်းကို တိုက်ရိုက်စားသုံးနိုင်ပါတယ်။ ဒါ့အပြင် ခံတွင်းအနံ့ကောင်းမွန်စေရန်အတွက်လည်း အုန်းဆီဖြင့် ပလုတ်ကျင်းပေးပြီး သွားတိုက်ပေးခြင်းဖြင့် ခံတွင်းအနံ့နံခြင်းကို သက်သာစေနိုင်ပါတယ်။
♦️ Kirkland က ထုတ်လုပ်တဲ့ Virgin Coconut Oil ကို ဝယ်ယူလိုပါက မဟာစံ Online မှလည်းကောင်း၊ မဟာစံဆိုင်ခွဲများတွင် ဝယ်ယူရရှိနိုင်ပါတယ်။