Call us : 09 402224800
Select Page
🦷🦠 ခံတွင်းကင်ဆာခံစားရသူတွေမှီဝဲသင့်တဲ့ဖြည့်စွက်စာများ 💊
******************
🦷 သွားနှင့်ခံတွင်းဆိုင်ရာအထူးကုဆရာဝန်များဖြစ်ကြတဲ့ ဒေါက်တာကိုကိုအောင်နှင့် ဒေါက်တာအောင်သူထွန်းတို့မှ သွားနှင့်ခံတွင်းဆိုင်ရာကျန်းမာရေးအသိပညာများအထဲမှ ခံတွင်းကင်ဆာအကြောင်း ဆွေးနွေးပေးသွားတဲ့ အကြောင်းအရာများထဲမှ ခံတွင်းကင်ဆာခံစားရလျှင် မှီဝဲသင့်တဲ့ ဖြည့်စွက်စာအချို့ကို ထုတ်နှုတ်ဖော်ပြပေးလိုက်ပါတယ်။ 👨‍⚕️👨‍⚕️
🟢 Turmeric Powder
နနွင်းမှာပါတဲ့ Curcumin ဓာတ်က ဗီတာမင်Cနဲ့ Eလို အစွမ်းထက်သော anti-oxidants (ဓါတ်တိုးဆန့်ကျင်သတ္တိ) ပါရှိတဲ့ အတွက် အရွယ်တင်နုပျိုစေကာ ကင်ဆာရောဂါများကိုလည်း တဖက်တလမ်းက ကာကွယ်ပေးပါတယ်။
🟢 Vitamin C
Vitamin C ကတော့ ခုခံအားကိုမြှင့်တင်ပေးခြင်းအပြင် ကင်ဆာ ရောဂါများကို ကာကွယ်ပေးခြင်း၊ ကော်လာဂျင်ကို ထုတ်လုပ်ပေးခြင်း ၊ သံဓာတ် စုပ်ယူမှုအားကောင်းစေခြင်း ၊ အနာကျက်မြန်စေခြင်း ၊ သွားဖုံးရောဂါများကို ကာကွယ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။
🟢 Quercetin
Quercetin ကတော့ ကင်ဆာကို ဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှုကို ဆန့်ကျင်ခြင်း၊ ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားပိုးမွှားဆိုင်ရာရောဂါများကို တားဆီးပေးသည့် ဂုဏ်သတ္တိများကြောင့် ကင်ဆာအတွက်အရမ်းကို အထောက်အပံ့ဖြစ်စေပါတယ်။
🟢 ဗီတာမင် D နှင့် green tea
ကင်ဆာရောဂါကို ကာကွယ်နိုင်သည့် ဂုဏ်သတ္တိများရှိပြီး ကင်ဆာဆဲလ်ကြီးထွားမှုကို ဟန့်တားကာ ကင်ဆာဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။
🟢 ဗီတာမင် A နဲ့ Zinc
ခံတွင်းကျန်းမာရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှပါဝင်ပြီး ခံတွင်းကင်ဆာဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။