Call us : 09 402224800
Select Page
📅 ဒီကနေ့မှာကျရောက်တဲ့ ကမ္ဘာနှလုံးကျန်းမာရေးနေ့မှာ မဟာစံရဲ့ချစ်မိတ်ဆွေများအားလုံး နှလုံးကျန်းမာရေးကို အထူးဂရုပြုကြရအောင် 💁‍♀️
********************
🫀 ကမ္ဘာ့နှလုံးကျန်းမာရေးနေ့မှာ နှလုံးရောဂါ ဘာကြောင့် ဖြစ်စေသလဲဆိုတဲ့ အချက်များနှင့် နှလုံးရောဂါဖြစ်လျှင် ဆောင်ရန်/ရှောင်ရန်များကို မျှဝေပေးလိုက်ပါတယ်။
🫀 နှလုံးဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးသော အင်္ဂါအစိတ်အပိုင်းထဲက တစ်ခုဖြစ်ပြီး နှလုံးချို့ယွင်းချက်ဖြစ်လျှင် အသက်ဆုံးရှုံးရသည်အထိ ဖြစ်စေနိုင်တာကြောင့် လူတိုင်း နှလုံးကျန်းမာရေးကို ဂရုစိုက်ရန် အလွန်အရေးကြီးပါတယ်။
🫀 ဒီကနေ့ခေတ်မှာ လူတော်တော်များများက နှလုံးရောဂါ အဖြစ်များလာကြတဲ့အခါ မိမိကနှလုံးရောဂါဖြစ်တယ်ဆိုရင်တောင် လူတိုင်းနီးပါးဖြစ်တဲ့ရောဂါပါပဲလေဆိုပြီး သိပ်ထူးထူးဆန်းဆန်းကြီးရယ်တောင် မဖြစ်ကြတော့ပါဘူး။ တကယ်တော့ နှလုံးရောဂါဆိုတာ အင်မတန်မှ ကြောက်စရာအကောင်းဆုံးရောဂါ တစ်ခုပါ။
🫀 မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှတခွင်မှာ နှလုံးရောဂါနှင့်အသက်ဆုံးရှုံးခြင်းသည် အခြားသောရောဂါများကြောင့် အသက်ဆုံးရှုံးခြင်းထက် ပိုများပါတယ်။ ဘာကြောင့် မြန်မာနိုင်ငံမှာ နှလုံးရောဂါနှင့် အသက်ဆုံးရှုံးရသူ များသလဲဆိုရင် အငန်ဓာတ်မြင့်မားစွာပါဝင်သော အစားအစာများကို စားသုံးကြတာအလွန်နှစ်သက်သောကြောင့်ပဲဖြစ်ပါတယ်။
🫀 ဆားအလွန်အကျွံစားခြင်းသည် နှလုံးရောဂါကို ဖြစ်စေတဲ့အချက်ဖြစ်ပြီး တစ်နေ့လျှင် ဆား(၅)ဂရမ်ထက် ပိုစားပါက သွေးတိုးစေပြီး နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြေ ပိုများလာပါတယ်။ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စားသုံးမှု နည်းပါးစေတာကလည်း နှလုံး‌ရောဂါကို လက်ယက်ခေါ်တာနှင့် အတူတူပါပဲ။
❗️ ဒါ့အပြင် ဘယ်အချက်တွေကြောင့် နှလုံးရောဂါဖြစ်စေသလဲဆိုရင်….. ❓
🟢 မကောင်းသည့် ကိုလက်စထရော (LDL) မြှင့်မားခြင်း၊
🟢 ဆီးချိုရောဂါခံစားနေရခြင်း၊
🟢 ဆေးလိပ်သောက်ခြင်း၊
🟢 အဝလွန်ခြင်း၊
🟢 ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊
🟢 ကျန်းမာရေးနှင့် မညီညွတ်သောအစားအစာများကို စားခြင်း စသည့် ဒီလိုအချက်တွေက နှလုံးရောဂါကို ဖြစ်စေပါတယ်။
နှလုံးရောဂါအနေနှင့် နှလုံးအမောဖောက်ခြင်း၊ လေဖြတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်းတို့ အဖြစ်များလေ့ရှိပါတယ်။
*********************
❗️ ဒီလို နှလုံးရောဂါကို ကာကွယ်စေသည့် အကောင်းဆုံးနည်းလမ်းများမှာ_
✔️ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀(သို့မဟုတ်) တစ်ပတ်မှာဆို အနည်းဆုံး ငါးရက်လောက် အေရိုးဗစ်လေ့ကျင့်ခန်း လုပ်ပေးပါ။ (ဥပမာ- လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ တင်းနစ်ကစားခြင်းနှင့် ကြိုးခုန်ခြင်း)၊ဒီလို လေ့ကျင့်ခန်းများလုပ်ပေးခြင်းဖြင့် နှလုံးကြွက်သားများကို သန်မာလာစေပါတယ်။
✔️ ဆေးလိပ်၊ အရက်ဖြတ်ပါ၊
✔️ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများစားပါ၊
✔️ သွေးပေါင်ချိန်နှင့် ကိုလက်စထရောကို ဟန်ချက်ညီအောင်ထိန်းပေးပါ၊
✔️ နှလုံးရောဂါကို ကောင်းမွန်စေသည့် ဖြည့်စွက်စာများမှီဝဲပါ။
📅 ဒီကနေ့ September (29) နေ့မှာ ကျရောက်သော World Heart Day ကို နွေးထွေးစွာ ကြိုဆိုရင်း နှလုံးကျန်းမာရေးရဲ့ အရေးပါမှုများနှင့် နှလုံးရောဂါဖြစ်လာလျှင် ဆောင်ရန် ရှောင်ရန်များကို သိရှိစေဖို့အတွက် အသိပညာများမျှဝေပေးသည့် ပညာရှင်များအားလုံးကိုလည်း Maharsan USA Store မိသားစုမှ ဂုဏ်ပြုအပ်ပါတယ်။ 🙏
********************