Copper ဆိုတာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ သတ္တုဓါတ် ၁ မျိုးပဲဖြစ်ပါတယ်။
ခန္ဓာကိုယ်ရဲ့ တစ်ရှူးတိုင်းမှာ Copper ကနေရာယူထားပါတယ်။ ဆဲလ်တွေ ဖြစ်ပေါ်စေဖို့ အရေးပါသလို ဆဲလ်တွေကျန်းမာဖို့အတွက်လည်း အထောက်အကူပြုပါတယ်။
အထူးသဖြင့် သွေးနီဥဆဲလ်နှင့် အာရုံကြောဆဲလ်တို့ပဲဖြစ်ပါတယ်။ ကိုယ်ခံအားစနစ် နှင့် ကော်လာဂျင် ဖြစ်ပေါ်စေရန်အတွက်လည်း အကောင်းဆုံးထောက်ပံ့ပေးပါတယ်။
ခန္ဓာကိုယ်မှာရှိတဲ့ သံဓါတ်ကို အကောင်းဆုံးစုပ်ယူနိုင်အောင်လည်း ထောက်ပံ့ပေးတဲ့အပြင် အားအင်များပြည့်ဝစေရန်အတွက်လည်း အထောက်အကူပြုပါတယ်။
Copper ရဲ့ ကျန်းမာရေးအတွက် အကျိုးပြုပုံတွေကိုပြောပါဆိုရင်
ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများရှိပါတယ်။
ဒီလိုဂုဏ်သတ္တိများရှိလို့ ဓါတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးနိုင်ပါတယ်။ ဆီးချိုနှင့် ကင်ဆာရောဂါများဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
ကိုယ်ခံအားကောင်းစေပါတယ်။
Copper ဓါတ်နည်းခြင်းနှင့် သွေးဖြူဥဆဲလ်နည်းခြင်းက တိုက်ရိုက်အချိုးကျလို့ ခန္ဓာကိုယ်မှာ သွေးဖြူဥဆဲလ်ပမာဏနည်းတဲ့အခါ ကိုယ်ခံအားနည်းပြီး ရောဂါတွေဝင်လွယ်ပါတယ်။ Copper က သွေးဖြူဥဆဲလ် ပမာဏကို ကျန်းမာစေတဲ့ အရေအတွက်အတိုင်း ထိန်းသိမ်းထုတ်လုပ်ပေးပါတယ်။ ဒါ့ကြောင့် ကိုယ်ခံအားကိုလည်းကောင်းစေပါတယ်။
ဦးနှောက်နှင့် အာရုံကြောကျန်းမာစေပါတယ်။
Copper က အာရုံကြော လုပ်ငန်းစဉ်တွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်ပါတယ်။ Copper ဓါတ် လုံလောက်တဲ့ ပမာဏရှိမယ်ဆိုရင် ဦးနှောက်နဲ့ အာရုံကြော အထူးကျန်းမာစေမှာပါ။
အရိုးတွေကို သန်မာစေပါတယ်။
ခန္ဓာကိုယ်မှာ Copper ဓါတ်နည်းလာတဲ့အခါ အရိုးပါးတာ အရိုးပွတာတွေခံစားရနိုင်လို့ ခန္ဓာကိုယ်မှာ Copper ဓါတ်လုံလောက်နေဖို့လိုပါတယ်။
Copper ကြွယ်ဝတဲ့ အစားအစာတွေကတော့
အခွံမာပင်လယ်စာ။
အစိမ်းရောင်ဟင်းသီးဟင်းရွက်။
သစ်သီးခြောက်။
အခွံမာအစေ့အဆံ။
ကောက်ပဲသီးနှံ။
စတာတွေပဲဖြစ်ပါတယ်။
Copper ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသောက်ခြင်းဖြင့် Copper ဓါတ်ကို ရရှိနိုင်သလို Copper ဖြည့်စွက်စာများမှတဆင့်လည်း Copper ဓါတ်ရရှိနိုင်ပါတယ်။
ဒီ Link https://maharsan.com/product/copper/ ထဲမှာ Copper ဖြည့်စွက်စာကို ရှာဖွေနိုင်ပါတယ်။