Call us : 09 402224800
Select Page
🥬 အမြဲတမ်း Clean Food တွေ Healthy Meal တွေမစားနိုင်တဲ့အခါ မစားဖြစ်တဲ့အခါ ခန္ဓာကိုယ်ကြီးက သိသိသာသာ လေးလံလာတယ်နော်။ ဒီကြားထဲ ညစာကို အများကြီးစားလိုက်မိတဲ့အခါ မနက်မိုးလင်းလို့နိုးရင် မျက်နှာကြီးတွေသိသိသာသာ ဖောင်းလာတာမျိုး မအီမသာနဲ့ နေလို့ ထိုင်လို့မရှင်းတာမျိုး ဖြစ်တာ ကြုံဖူးကြလိမ့်မယ်ထင်တယ်နော်။
🥬 အဲ့လိုဖြစ်တဲ့အခါ ပြန်လည်ပေါ့ပါးချင်ရင် Detox Green Juice လေးတွေလုပ်ပြီးသောက်တာ အကောင်းဆုံးပါပဲ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလေးပါတွဲလိုက်မယ်ဆိုရင်တော့ လိပ်ပြာလေးလို ပေါ့ပါးသွားမှာ အသေအချာပဲပေါ့။
🥬အကြောင်းအမျိုးမျိုးကြောင့် Detox Green Juice လေးကို လုပ်ဖို့အချိန်မပေးနိုင်တဲ့အခါ Organic Super Green Powder တွေကို အလွယ်တကူဖျော်သောက်လို့ရပါတယ်။
🥬 သူ့ထဲမှာ ဘာတွေပါဝင်သလဲဆိုရင် Chlorophyll ကြွယ်ဝစွာပါဝင်တဲ့အပြင် Vitamin (A,C,D,E), Iron, Calcium, Magnesium, potassium, protein, Antioxidants, Amino acid, Enzyme, Fiber စတာတွေပါဝင်တဲ့အတွက် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့အပြင် ကိုယ်ခံအားကိုမြင့်တတ်စေပြီး အစာခြေစနစ်ကိုကောင်းမွန်စေပါတယ်။
🥬 ခန္ဓာကိုယ်ပေါ့ပါးကာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချပေးပြီး အသားအရေလှပမှာဖြစ်သလို အရွယ်တင်နုပျိုစေပါတယ်။
🥬 Antioxidant နဲ့ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် ကင်ဆာရောဂါကို ကာကွယ်ကုသနိုင်တဲ့အပြင် သွေးပေါင်ချိန်ကို ထိန်းညှိကာ ဝမ်းကောင်းစေပြီး မျက်လုံးကျန်းမာရေးကိုလည်းများစွာအထောက်အကူပြုပါတယ်။
🥬 ခန္ဓာကိုယ်မှာရှိတဲ့ မလိုအပ်သော အဆိပ်အတောက်တွေကို သန့်စင်ဖယ်ရှားပေးရုံမက ခုခံအားစနစ်ကို တိုးတတ်စေပြီး ဝိတ်ကျစေမယ့်အပြင် allergies ဖြစ်ခြင်းကိုလည်း ကာကွယ်ကာ လျော့ချပေးနိုင်ပါတယ်။
🥬 ဆီးချို သွေးချိုဓါတ်ကို လျော့ချပေးလို့ ဆီးချိုသမားများလည်း ယုံကြည်စိတ်ချစွာသောက်သုံးနိုင်ပါတယ်ရှင်။ ဆီးချိုသမားတွေက ပိုလို့သောက်သင့်တယ်ဆိုလည်း မမှားပါဘူးနော်။
🥬 ဒီအတိုင်း ရေနဲ့ဖျော်သောက်ရတဲ့ အနံ့အရသာကို သဘောမတွေ့ဘူးဆိုရင် ကိုယ်သောက်မယ့် Juice (or) Smoothies ထဲထည့်သောက်လို့ရသလို အဲ့လိုထည့်မသောက်ချင်ဘူးဆိုရင်လည်း ငှက်ပျောသီး, ပျားရည်, ဒိန်ချဉ် စတာတွေနဲ့လည်း တွဲဖက်ပြီးရောဖျော်ကာသောက်သုံးနိုင်ပါတယ်ရှင်။
ဒီ Link https://bit.ly/3xhn9UY ထဲမှာ Green Super Food များကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။