Call us : 09 402224800
Select Page
✨ အိပ်ရာမဝင်ခင် နွားနို့နဲ့ နနွင်းမှုန့်ကို ရောစပ်ပြီးသောက်မယ်ဆိုရင်
ညဘက်မှာ နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်ဖို့အတွက် ကူညီပေးမှာပါ။
✨ မနက်စောစော အစာမစားခင် နနွင်းမှုန့်နှင့် သံလွင်ဆီ (သို့) အုန်းဆီကိုသောက်ပေးမယ်ဆိုရင် အစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာစေမှာပါ။
✔ နနွင်းက ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးပြီး အဆိပ်အတောက်များကိုလည်း သန့်စင်ပေးပါတယ်။
✔ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးရုံမက ခန္ဓာကိုယ်ထဲရှိ အဆီပိုများကိုလည်း ခြေဖျက်ပေးပါတယ်။
✔ နှလုံးရောဂါဖြစ်ပွားမှုမှလည်းကာကွယ်ပေးနိုင်ပါတယ်။
✔ နေ့စဉ်သောက်သုံးပေးမယ်ဆိုရင် အာရုံကြောစနစ်ကောင်းမွန်စေမယ့်အပြင် မှတ်ဉာဏ်ဆုံးရှုံးမှုမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
✔ ခန္ဓာကိုယ်ယောင်ယမ်းခြင်းကို သက်သာစေပြီး အရိုးအဆစ်များကိုလည်း သန်မာစေပါတယ်။
အဆစ်ရောင် အဆစ်လွဲ အဆစ်နာခြင်း၊ အရေပြားရောဂါများဖြစ်သော အရေပြားရောင်ရမ်းခြင်း၊ ပွေးဖြစ်ခြင်း၊ ဝက်ခြံပေါက်ခြင်း၊ အစာအိမ်ရောဂါများဖြစ်ကြသော အစာအိမ်နာခြင်း၊ အစာအိမ်ရောင်ခြင်း၊ အူလမ်းကြောင်းတွင်အနာဖြစ်ခြင်း၊ သွေးတွင်းကိုလက်စထရောများခြင်း၊ အနာထဲပိုးဝင်ခြင်း၊ ခံတွင်းအနာပေါက်ခြင်း၊ ဆီးချိုသွေးချိုရောဂါများ၊ ခေါင်းကိုက်ခြင်း၊ ကင်ဆာရောဂါများ၊ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်း၊ ဆီးအိတ်ရောင်ရမ်းခြင်းနှင့် ကျောက်ကပ်ရောင်ရမ်းခြင်းများအတွက် သောက်သုံးကြပါတယ်။
နနွင်းက မီးဖိုချောင်မှာ ဟင်းခတ်အမွှေးအကြိုင်ထည့်ခြင်းမှသည် အရေပြားလိမ်းဆေးအဖြစ် အလယ် ဝမ်းနှုတ်ဆေးအဆုံး အသုံးပြုကြတာ အလွန်အန္တရာယ်နည်းပါးတာကိုတွေ့ရပါတယ်။
ဒါပေမဲ့ ချွင်းချက်အနေနဲ့ အထူးသတိပြုရမယ့် အချက်တွေတော့ရှိပါတယ်နော်။
၁။ သည်းခြေရောဂါရှိသူများ။
လေ့လာတွေ့ရှိချက်များအရ နနွင်းဟာ သည်းခြေရောဂါရှိသူတွေနဲ့မတည့်တာကို တွေ့ရပါတယ်။ သည်းခြေကျောက်တည်သူများ သည်းခြေရောဂါရှိသူများဆိုရင် နနွင်းသုံးတဲ့အခါ သတိထားသုံးစွဲဖို့အကြံပြုပါတယ်။
၂။ သွေးမတိတ်ရောဂါရှိသူများ။
နနွင်းသည် သွေးခဲနှုန်းကို နှေးကွေးစေသည့်အတွက် သွေးမတိတ်ရောဂါရှိသူများအဖို့ သွေးထွက်တဲ့အခါ သွေးယိုနိုင်ခြေမြင့်မားစေပါတယ်။
၃။ သန္ဓေမအောင်ခြင်း။
နနွင်း ပမာဏများများ သောက်သုံးတဲ့ အမျိုးသားတွေဟာ တက်စတိုစတီရုန်းဟော်မုန်း လျော့နည်းတတ်ပါတယ်။ ထိုဟော်မုန်းလျော့နည်းရင် သုတ်ကောင်တွေရဲ့လှုပ်ရှားမှု အားနည်းလာနိုင်တဲ့ အတွက်သန္ဓေအောင်နိုင်ချေကို ကျဆင်းစေပါတယ်။ ကလေးယူရန်ရည်ရွယ်ထားသူများ နနွင်းမသောက်သင့်ကြောင်းအကြံပြုချင်ပါတယ်။
၄။ သံဓါတ်အားနည်းတတ်ပါတယ်။
နနွင်းကိုအများအပြားသောက်သုံးပါက ခန္ဓာကိုယ်ရဲ့ သံဓါတ်စုတ်ယူမှုကို ထိခိုက်နိုင်တဲ့အတွက် သံဓါတ်ချို့တဲ့သူများ နနွင်းအများအပြားသောက်သုံးခြင်းကို သတိထားသင့်ပါတယ်။
နနွင်းမှုန့်စစ်စစ်များကိုရှာနေပါကလည်း ဒီ Link https://bit.ly/3x1vHPY ထဲမှာ ဝင်ရောက်ကြည့်ရှု အားပေးနိုင်ပါတယ်။