Call us : 09 402224800
Select Page
👩‍🦰👩 အမျိုးသမီးတွေကြားမှာရေပန်းစားပြီး အသုံးများဆုံးဖြစ်တဲ့ Ordinary အမှတ်တံဆိပ် Skincare Product များ 🧴
*-*-*-*-*-*-*-*-*-*-*-*
🟢 The Ordinary လို့ပြောလိုက်တာနဲ့ ယနေ့ခေတ် အမျိုးသမီးတွေကြားမှာ ရေပန်းစားသလို အသုံးအများဆုံးလဲ ဖြစ်တဲ့ Skincare Product ဆိုတာ အားလုံးပဲအသိဆုံးနော်။
🟢 The Ordinary က ဘာကြောင့်ရေပန်းစားနေရသလဲဆိုရင် Quality ကောင်းတဲ့ Product အနေဖြင့်လည်း ရပ်တည်နေသလို၊ အမျိုးသမီးများတိုင်း ရဲ့ အသားအရေဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ Skin care Product မျိုးစုံကိုလည်း ထုတ်လုပ်ပေးနိုင်တဲ့အတွက် ရေပန်းစားတဲ့ Product လို့ဆိုရမှာပဲ ဖြစ်ပါတယ်။
🟢 The Ordinary Skin Care Product များထဲမှ Best Sellerကတော့ Serum ပဲဖြစ်ပါတယ်။ Serum မှာမှ Acid ပါဝင်မှု အမျိုးအစား မတူညီသည့်အတွက် ပါဝင်သည့် Acid အလိုက် အမျိုးမျိုးသော အသားအရေအတွက် မတူညီသော အကျိုးအာနိသင်ကို ပေးစွမ်းနိုင်တာကြောင့် The Ordinary မှာ Best seller ကတော့ Serum ပဲ ဖြစ်ပါတယ်။
💁‍♀️ ဒါ့ကြောင့် Ordinary အမှတ်တံဆိပ် Serum တွေထဲကမှ တစ်ခုချင်းစီရဲ့ ပါဝင်ပစ္စည်းနဲ့ အကျိုးအာနိသင်လေးတွေကိုပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
********************
📌 (1) The Ordinary Alpha Arbutin 2% + Hyaluronic Acid Serum
ဒီ Serum လေးကိုတော့ မျက်နှာပေါ်မှာ အမည်းအစက်အပျောက်ရှိသူများ၊ အသားအ‌ရေ အရောင် မညီညာသူများ သုံးစွဲပေးသင့်တဲ့ Serum လေးပဲ ဖြစ်ပါတယ်။ Alpha Arbutin ပါဝင်တဲ့အတွက် အမဲစက်/အမာရွတ်တွေကို သိသာစွာ မှေးမှိန်စေပြီးတော့ အသားအရေကို တစ်ဆင့်မြှင့်တင်ပေးကာ သဘာဝအတိုင်း ကြည်လင်စေပါတယ်။ ဒါ့အပြင် Hyaluronic acid ပါဝင်လို့ အရေးပြားအတွင်းထဲထိ ရေဓာတ်ကို အပြည့်အဝပေးနိုင်ပြီး မျက်လုံးတစ်ဝိုက်အရေးအကြောင်းတွေကို သက်သာစေပါတယ်။ ဝက်ခြံကြောင့် အမာရွတ်ဖြစ်သူများ၊ အမည်းစက်၊ တင်းတိတ်ရှိသူများ အဓိကသုံးစွဲပေးသင့်တဲ့ Serum လေးပဲ ဖြစ်ပါတယ်။
********************
📌 (2) The Ordinary Lactic Acid 10%+HA 2% Exfoliating Serum
ဒီ Exfoliating Serumလေးကတော့ အရေပြားအောက်ရှိ ဆဲလ်အသေများကိုဖယ်ရှားပေးပြီး ကြည်လင်တောက်ပသော အသားအရေကို တစ်ဖန် မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် အရေပြားဆဲလ်အသေများကြောင့် အသားရေမွဲခြောက်ခြင်း၊ ကြမ်းတမ်းခြင်း၊ ချွေးပေါက်များပိတ်ဆို့ကာ ဝက်ခြံများထွက်ခြင်းနှင့် အရေပြားဆိုင်ရာ ပြဿနာများဖြစ်ခြင်းကို သက်သာစေပါတယ်။ အသားအရေမညီမညာဖြစ်တာကို လျှော့ချပေးတာကြောင့် ကျန်းမာလှပသော အသားအရေပိုင်ဆိုင်ချင်သူများအတွက် မရှိမဖြစ် လိုအပ်တဲ့ Serum ဆိုလည်း မမှားပါဘူး။
********************
📌 (3) The Ordinary Hyaluronic Acid 2% + B5 Hydrating Serum
ဒီ Serum လေးကတော့ ရေဓာတ်ကို အခြေခံသည့်အတွက် ခြောက်သွေ့သော အသားအ‌ရေ ပိုင်ရှင်များ သုံးစွဲရန် အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။ မျက်နှာ မွဲခြောက်ပြီး အသားရေကြမ်းတမ်းသော သူများအတွက် ရေဓာတ်ဖြည့်ပေးသည့် Serum ပဲ ဖြစ်ပါတယ်။ B5ပါဝင်သည့်အတွက် အသားရေကို နူးညံ့ချောမွေ့ပြီး ဝက်ခြံများကြောင့် ဖြစ်စေသည့် ဒဏ်ရာများကိုလည်း သက်သာစေသည့်အပြင် ရောင်ရမ်းမှုကိုလည်း သက်သာစေကာ အရေးကြာင်းများ ကိုလည်း ၄ပတ်အတွင်း လျော့နည်းစေပါတယ်။ B5 က ရေဓာတ်ကို နက်ရှိုင်းစွာ ဖြည့်တင်းပေးပြီး အစိုဓာတ်စုပ်ယူမှု မြန်သည့်အတွက် အသားရေကို တင်းရင်းစေပါတယ်။
*********************
📌 (4) The Ordinary Natural Moisturizing Factors + HA
Moisturizing Factors + HA ကတော့ ဆံသားကျန်းမာရေးအတွက် အဓိကထုတ်လုပ်ထားတဲ့ product ပဲ ဖြစ်ပါတယ်။ ဦးရေပြားမှာ ရေဓာတ်ခမ်းခြောက်သူများအတွက်ဆိုရင် ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးပြီး အချိန်ကြာမြင့်စွာ အစိုဓာတ်ကို ထိန်းထားပေးနိုင်စွမ်းရှိပါတယ်။ ဆံသားကို အမြစ်ကနေ သန်စွမ်းစေပြီး ဦးရေပြားကို ရေဓာတ်အပြည့်အဝ ပေးစွမ်းပါတယ်။ နေ့စဥ် ပုံမှန်သုံးစွဲပေးခြင်းအားဖြင့် ဦးရေပြားမှ ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ဦးရေပြားယားယံခြင်း၊ ဗောက်ထခြင်းတို့ကို မဖြစ်စေတဲ့အပြင် သိသာထင်ရှားတဲ့ ရလဒ်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
********************
📌 (5) The Ordinary Multi-Peptide Serum for Hair Density
ဒီ Serum လေးကတော့ ဦးရေပြားပါးတဲ့သူတွေ၊ ဆံပင်ကျွတ်တဲ့သူတွေ အဓိကသုံးစွဲသင့်ပါတယ်။ သူ့ရဲ့ အာနိသင်လေးတော့ ဆံသားများကို ပျော့ပြောင်းစေတဲ့အပြင် ဆံပင်များကိုလည်း သန်စွမ်းစေပါတယ်။ ဆံပင်ကျွတ်ခြင်းကို ဟန့်တားပေးနိုင်ပြီး ဆံပင်ကိုလည်း အရှည်မြန်စေပါတယ်။ ဆံသားများကို နူးညံ့ပျော့ပျောင်းပြီး ဆံပင်သန်ချင်တယ်ဆိုရင်တော့ ဒီ Serum လေးက အရွေးချယ်သင့်ဆုံးပဲနော်။
********************
✨ The Ordinary အမှတ်တံဆိပ် Skincare Product များဟာ ပျိုမေတို့အသည်းစွဲဖြစ်တဲ့အပြင် ရွေးချယ်ဝယ်ယူမှုအများဆုံး Product လည်းဖြစ်တာကြောင့် ကိုယ်တိုင်လဲ သုံးစွဲကြည့်ကြဖို့ မဟာစံရဲ့ အမျိုးသမီးတို့ကို တိုက်တွန်းလိုပါတယ်။
✨ ဒါ့အပြင် ကိုယ်တိုင်လည်း Skincare Product တွေ ဝယ်ယူတဲ့အခါမှာ မိမိရဲ့ Skin အနေအထားပေါ်မူတည်ပြီး ရွေးချယ်ဝယ်ယူကြပါလို့ မဟာစံက အကြံပြုလိုက်ပါတယ်။ မဟာစံရဲ့ အမျိုးသမီးတွေထဲမှာ Ordinary က Skincare Product တွေသုံးပြီး ထူးခြားတဲ့ အကျိုးရလာဒ်တွေနဲ့ မိမိသုံးနေတဲ့ Product တွေများရှိရင် Comment လေးတွေနဲ့ ဝေမျှပေးခဲ့ပါဦးနော်။
💁‍♀️ မဟာစံရဲ့ အမျိုးသမီးလေးတိုင်း လှပတဲ့နေ့ရက်များကို ပိုင်ဆိုင်ပြီး တနေ့တခြားလှသွေးကြွယ်တဲ့ အမျိုးသမီးလေးတွေ ဖြစ်ကြပါစေ..။ 🙆‍