Call us : 09 402224800
Select Page
🟢 #ဝက်ခြံနဲ့အမဲအစက်တွေကို_အကောင်းဆုံးတိုက်ထုတ်ပေးနိုင်တဲ့_USA_နိုင်ငံထုတ်_Mario_Badescu_အမှတ်တံဆိပ်_Acne_Repair_Kit 🟢
✔ ဒီ Set လေးကတော့ Oily Skin နဲ့ Combination Skin တွေ အဓိကထားသုံးစွဲနိုင်တဲ့ mini set လေး ဖြစ်ပါတယ်။ မျက်နှာမှာ ဝက်ခြံထွက်တဲ့ အပြင် အမဲစက်တွေပါ ရှိတဲ့သူများအတွက် မိတ်ဆက်ပေးချင်တဲ့ Brand တစ်ခုရှိပါတယ်။ သူလေးကတော့Mario Badescu အမှတ်တံဆိပ် ဖြစ်တဲ့ Acne repair kit box လေးဘဲ ဖြစ်ပါတယ်။ ဒီ Box ထဲမှာဆိုရင်တော့ Drying Lotion၊ Drying Cream နဲ့ Buffering lotion ဆိုပြီး သုံးမျိုးပါဝင်ပါတယ်။ တစ်ခုချင်းစီရဲ့ ကောင်းကျိုးလေးတွေက ဘာလဲဆိုတာ တစ်ချက်ကြည့်ကြရအောင်နော်…။ 💁‍♀️
Salicylic Acid ပါဝင်တာကြောင့် မျက်နှာပေါ်မှာရှိတဲ့ အပြစ်အနာအဆာများ နှင့် နီမြန်းရောင်ရမ်းခြင်းကို နေ့ချင်းညချင်းသက်သာစေတဲ့အပြင် Sulfur ပါဝင်တာကြောင့်ချွေးပေါက်များကိုကျဉ်းစေပါတယ်။ Zinc Oxid က မျက်နှာပေါ်မှာရှိတဲ့ အဆီပြန်ခြင်းကို သက်သာစေပါတယ်။ ဒါ့အပြင် မျက်နှာတစ်ခုတည်းတင်မဟုတ်ဘဲ ရင်ဘတ်၊ ကျော၊ လည်ပင်းတို့ပေါ်မှာရှိတဲ့ အစက်အပြောက်များကို လိမ်းရန်လည်း Drying Lotion ကို အသုံးပြုနိုင်ပါတယ်။
Dry Creamကတော့ ဝက်ခြံ၊ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာအရွတ်များ၊ အမဲစက်များနှင့် အဖုအပိန့်သေးလေးများကိုလည်း လျော့ပါးသက်သာစေပြီးတော့ Niacinamide (Vitamin B3) ပါဝင်တာကြောင့် ဝက်ခြံထွက်လွယ်သော အသားအရေကို ကောင်းမွန်စေပြီး Lysine & Biotin ( Vitamin B7)က အသားအရေကို တဆင့်မြှင့်တင်ပေးကာ Sulfur ပါဝင်တာကြောင့် ချွေးပေါက်များကို သန့်စင်စေပြီး အဆီနှင့် အညစ်အကြေးများကို အကောင်းဆုံး ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။
သူကတော့ Niacinamide၊ Vitamin B ၊ Zinc Oxide နှင့် Allantoin တို့ပါဝင်တာကြောင့် အရေပြားအတွင်းပိုင်းမှာရှိတဲ့ အမဲစက်များကို သက်သာလျော့ပါးစေတဲ့အပြင် အရေးကြောင်းများကိုပြုပြင်ပေးပြီး အသားအရေ မညီညာခြင်း၊ အဆီများထွက်ခြင်း၊ အရေပြားဆဲလ်သေများကို ဖယ်ရှားပေးခြင်းနှင့် မွဲခြောက်သော အသားအရေကို ပိုမို ကောင်းမွန်ပြီး ချောမွေ့ဝင်းမွတ်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေပါတယ်။
*-*-*-*-*-*-*-*-*-*-*
💯 ဝက်ခြံနဲ့ အဆီပြန်သမားများ အဓိကထားသုံးစွဲသင့်တဲ့ set လေးပဲဖြစ်ပါတယ်။ USA နိုင်ငံမှတင်သွင်းပြီး မဟာစံရဲ့ အမျိုးသမီးလေးတို့အတွက် အလှတရားကိုတိုးစေနိုင်မယ့် Brand လေးပဲ ဖြစ်တာကြောင့် မှာယူမယ်ဆိုရင် မဟာစံ online မှလည်းကောင်း၊ Page မှလည်းကောင်း၊ ဖုန်းဆက်သွယ်၍လည်းကောင်း မှာယူနိုင်ပါပြီ။ 💯