Knowledge, Medical, Wellness

🔶 𝐏𝐫𝐞𝐛𝐢𝐨𝐭𝐢𝐜 နဲ့ 𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜 ကွာခြားချက်ကဘာလဲ…?

🔶 𝐏𝐫𝐞𝐛𝐢𝐨𝐭𝐢𝐜 နဲ့ 𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜 ကွာခြားမှုလေးကို မိတ်ဆွေအချို့က သိကြပေမယ့် မသိသေးတဲ့ မိတ်ဆွေတို့အတွက် မဟာစံတို့က ဝေမျှပေးချင်ပါတယ်နော်။

💢 𝐏𝐫𝐞𝐛𝐢𝐨𝐭𝐢𝐜 ဆိုတာက အမျှင်ဓာတ်တစ်မျိုးဖြစ်ပြီး အကျိုးပြုဘက်တီးရီးယားတွေကို အားဖြည့်ပေးတာကြောင့် အစာခြေစနစ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ 𝐏𝐫𝐞𝐛𝐢𝐨𝐭𝐢𝐜 ကို များသောအားဖြင့် အမျှင်ဓာတ်များတဲ့ အစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေနဲ့ အုတ်ဂျုံ၊ ကညွတ်တို့ကနေ ရရှိနိုင်ပါတယ်။

💢 𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜 ဆိုတာကတော့ အထူးသဖြင့် အူမကြီးထဲမှာ ရှင်သန်ပြီး အစာခြေစနစ်ကျန်းမာဖို့ လုပ်ဆောင်ပေးပါတယ်။ အစားအစာတွေနဲ့ ဖြည့်စွက်စာတွေမှာပါဝင်တဲ့ သက်ရှိဘက်တီးရီးယားလေးတွေပဲဖြစ်ပါတယ်။ အချဉ်ဖောက်ထားတဲ့ အစားအစာတွေကနေလည်း ရရှိနိုင်ပါတယ်။

‼️ အရေးကြီးဆုံးအချက်ကတော့ 𝐏𝐫𝐞𝐛𝐢𝐨𝐭𝐢𝐜 ဆိုတဲ့ အမျှင်ဓာတ်တွေက 𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜 လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေအတွက် အားဖြည့်ပေးနေတဲ့ အာဟာရပဲ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ 🔶 𝐏𝐫𝐞𝐛𝐢𝐨𝐭𝐢𝐜 နဲ့ 𝐏𝐫𝐨𝐛𝐢𝐨𝐭𝐢𝐜 ကွာခြားချက်ကို သိပြီးလောက်ပြီထင်ပါတယ်နော်။ မဟာစံမိတ်ဆွေများအားလုံး စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေရှင်။