Knowledge, Wellness, Life Style, Medical

💁🏻‍♀️ ခန္ဓာကိုယ်မှာ 🔸 𝐄𝐥𝐞𝐜𝐭𝐫𝐨𝐥𝐲𝐭𝐞 (ဓာတ်ဆား) လျော့နည်းနေရင် ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ

ခန္ဓာကိုယ်မှာ ဓာတ်ဆားလျော့နည်းရတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ချွေးထွက်များတာ၊ အပူလောင်တာ၊ ဆေးဝါးတွေသောက်သုံးနေရတာ၊ နာတာရှည် ကျောက်ကပ်ရောဂါရှိနေတာ၊ ဓာတ်ဆားဓာတ်လုံလောက်အောင် မစားသောက်မိတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

သင့်ခန္ဓာကိုယ်မှာ ဓာတ်ဆား လျော့နည်းနေပြီဆိုရင် ပြတတ်တဲ့ လက္ခဏာတွေကတော့ 👇🏻

🔶 ကြွက်တက်ခြင်း

ကြွက်တတ်တာက ခန္ဓာကိုယ်မှာ ပိုတက်ဆီယမ်ကဲ့သို့ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ ဖြစ်တတ်ပါတယ်။ ဒီဓာတ်ဆားတွေက ကြွက်သားတွေ ကျုံ့နိုင်ဆန့်နိုင်ဖို့အတွက် လိုအပ်တာကြောင့် ကြွက်တက်ခြင်းကို မကြာခဏ ခံစားရတယ်ဆိုရင်တော့ ဓာတ်ဆားဓာတ်ချို့တဲ့နေတာကြောင့် ဖြစ်နိုင်ပါတယ်။

🔶 မကြာခဏ ခေါင်းကိုက်ခြင်း

မကြာခဏ ခေါင်းကိုက်ရခြင်းတွေက ဓာတ်ဆားလျော့နည်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဆိုဒီယမ်၊ ပိုတက်ဆီယမ်က ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအရည်တွေ မျှတနေအောင် ထိန်းသိမ်းပေးတာကြောင့် ဒီဓာတ်တွေနည်းနေရင် သွေးလည်ပတ်မှုကို ထိခိုက်ပြီး မကြာခဏခေါင်းကိုက်ခြင်းတွေကို ဖြစ်တတ်ပါတယ်။

🔶 နုံးပြီး အားမရှိခြင်း

တစ်ခါတစ်လေမှာ အာရုံစူးစိုက်မရတာ၊ အားမရှိသလို ခံစားနေရတာက ဓာတ်ဆားဓာတ်တွေချို့တဲ့နေတာကြောင့် ဖြစ်ပါတယ်။ ဓာတ်ဆားဓာတ်တွေက ဦးနှောက်အတွင်းက ဆဲလ်တွေချိတ်ဆက်မှု၊ သတင်းပို့မှုတွေအတွက် လိုအပ်တာကြောင့် ဓာတ်ဆားဓာတ်နည်းနေရင် နွမ်းနယ်ပြီး အားမရှိသလို ခံစားရနိုင်စေပါတယ်။

🔶 ရင်တုန်ခြင်း

ပိုတက်ဆီယမ်၊ ဆိုဒီယမ်နဲ့ တခြားဓာတ်ဆားဓာတ်တွေက နှလုံးခုန်တဲ့ လျှပ်စီးကြောင်းတွေကို ထိန်းညှိထားတာကြောင့် ဒီဓာတ်တွေလျော့နည်းနေတဲ့အခါ ရင်တုန်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

ဒီလိုလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ 🔸 𝐄𝐥𝐞𝐜𝐭𝐫𝐨𝐥𝐲𝐭𝐞 (ဓာတ်ဆား)ကို ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ မိတ်ဆွေများအားလုံး စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေရှင်။🥰🥰