🔶 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭𝐬 သောက်ပြီး မထင်ထားတဲ့အချက်တစ်ခု
ဒီနေ့ခေတ်မှာ 🔶 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭𝐬 ကို တော်တော်များများက သိလာကြပြီး ရေရှည်ကျန်းမာရေးကောင်းစေဖို့ မှီဝဲလာကြသူများလည်း ယခင်ထက်ပိုပြီး များလာကြပြီဖြစ်ပါတယ်။
🔶 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭𝐬 သောက်ပြီး မိတ်ဆွေတို့ မထင်ထားတဲ့ အချက်တစ်ခုကို ဒီနေ့မှာ မဟာစံက ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
အဲ့တာကတော့ 🔶 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭𝐬 ကို သောက်လိုက်တာနဲ့ ချက်ချင်း မထိရောက်ဖူးဆိုတဲ့အချက်ပါ။
အမှန်က 🔶 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭𝐬 ဆိုတာ ဆေးမဟုတ်ပါဘူး။ မိတ်ဆွေတို့ရဲ့ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို တဖြည်းဖြည်းပြန်လည်ဖြည့်စွက်ပေးနိုင်တဲ့ ဖြည့်စွက်စာပဲဖြစ်ပါတယ်။
ဒါကြောင့် 🔶 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭𝐬 ကို သောက်တဲ့အခါမှာ ၂ရက်၊ ၃ရက်နဲ့ မသိသာတာ သဘာဝပါ။ အချိန်မှန်၊ မှန်ကန်စွာ သောက်သုံးမယ်ဆိုရင်တော့ တစ်လလောက်ကြာတဲ့အခါ မောပန်းခြင်းနည်းလာတာ၊ အိပ်စက်မှုကောင်းလာတာ၊ အားအင်ကောင်းလာတာကို မိတ်ဆွေခန္ဓာကိုယ်က ကိုယ်တိုင်ခံစားလာရမှာဖြစ်ပါတယ်။
မိတ်ဆွေတို့ရော အခုလိုထင်ခဲ့တာမျိုးရှိဖူးလား….?
ရှိဖူးတယ်ဆိုရင်တော့ မိတ်ဆွေကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတွေကို အားလုံးအတွက် ပြန်လည်ဝေမျှပေးခဲ့ပါဦးနော်။🤗🤗
