လူဖြစ်အများဆုံး အရေပြားရောဂါတစ်မျိုးအကြောင်း от Sai Kyaw | Feb 3, 2024 | Medical, Mental Health, Skin & Personal Care, Wellness | 1 коммент. လူဖြစ်အများဆုံး အရေပြားရောဂါတစ်မျိုးအကြောင်း ဒီကနေ့မှာ လူဖြစ်အများဆုံးရောဂါတစ်ခုဖြစ်သလို အရေပြားရောဂါ(၁)မျိုးလည်းဖြစ်တဲ့ ဆိုရီယားစစ်(ခေါ်) ဂျွတ်ပွေးနာအကြောင်းကို မဟာစံကနေ ဗဟုသုတအဖြစ်မိတ်ဆွေများထံ ပြန်လည်မျှဝေပေးချင်ပါတယ်။ ဆိုရီယားစစ်ရောဂါသည် ပွေးနဲ့ပုံစံတူသည့်အတွက် အရပ်ထဲမှာဆို ပွေးကြီးလို့လည်းခေါ်ကြပါတယ်။ ဆိုရီယားစစ်ရောဂါရဲ့လက္ခဏာတွေကတော့ အရေပြားပေါ်တွင် အနီရောင် အကွက်တွေ၊ အပြင်တွေ၊ အဖုတွေအနေဖြင့်တွေ့ရနိုင်ပါတယ်။ ဆိုရီယားစစ်ရောဂါဖြစ်လာလျှင် နေရာအတိအကျသတ်မှတ်ချက်မရှိပဲ ခေါင်းကနေခြေအထိ ဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးနေရာတွေကတော့ တံတောင်ဆစ်၊ ဒူး၊ ခြေချင်းဝတ်၊ လက်ဆစ်စသည့်နေရာတွေမှာ အများဆုံးဖြစ်လေ့ရှိပါတယ်။ ခေါင်းမှာဆိုရင်တော့ ဒက်ပေါက်သလိုမျိုး ဂျပ်ပြားကြီးအဖြစ်မြင်တွေ့ရပြီး ကုတ်လိုက်ရင် အဖက်တွေ ကွာကျတာမျိုးကိုတွေ့ရပါတယ်။ ဒါ့အပြင် လက်ဖဝါး၊ခြေဖဝါးမှာဆိုရင် ထူထူကြမ်းကြမ်းနဲ့မာခေါက်ခေါက်ကြီးအဖြစ်လည်းတွေ့ရနိုင်ပါတယ်။ တချို့ကျတော့လည်း လက်သည်း၊ ခြေသည်းအရောင်ပြောင်းတာ၊ ပုံပျက်တာ၊ ကြွပ်တာ၊ ကြွတာတွေလည်းဖြစ်လေ့ရှိပါတယ်။ တစ်ယောက်နှင့်တစ်ယောက်ဖြစ်သည့်နေရာလည်း မတူကြသလို ဖြစ်သည့်လက္ခဏာများလည်းမတူကြပါဘူး။ ဆိုရီယားစစ်ရောဂါစဖြစ်လာလျှင်ကုလားပဲစေ့အရွယ်အစားကနေ လက်ဖဝါးအရွယ်အစားအထိ ဖြစ်လာနိုင်ပါတယ်။ ဒါအပြင်ဆိုရီယားစစ်ရောဂါဖြစ်လျှင်အများစုမှာ အရေပြားယားယံတတ်ကြပါတယ်။ ယားသည့်အခါကုတ်မိသည့်အတွက် ကုတ်မိသည့်နေရာမှာ ဒီရောဂါဟာပြန့်သွားတတ်ကြပါတယ်။ ဒါကတာ့ဆိုရီယားစစ်ရောဂါရဲ့ ထူးခြားသည့်အချက်ပဲဖြစ်ပါတယ်။ ဆိုရီယားစစ်ရောဂါသည် အရှင်းပျောက်သည့်ရောဂါမဟုတ်ပဲ ကောင်းသွားလိုက်ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေပြီး လူငယ်တွေမှာအဖြစ်များလေ့ရှိပါတယ်။ ဒါ့အပြင်ဆိုရီယားစစ်ရောဂါသည် ပွေး၊ နှင်းခူ၊ အနာကြီးရောဂါတို့နှင့်ပုံစံတူသည့်အတွက် ဒီလိုပုံစံများကြုံလာရသည့်အခါ ကိုယ်ဖြစ်သည့်ရောဂါကို အတိအကျသိရလေအောင် ဘိုင်အော်စီဆိုတဲ့ အသားစစစ်ခြင်းဖြင့် ခွဲခြားသိရှိနိုင်ပါတယ်။ ဘယ်ရောဂါမဆို ဖြစ်လာပြီဆိုရင် မြန်မြန်သိလေမြန်မြန်ကုသလေကတော့ အကောင်းဆုံးပါပဲမိတ်ဆွေတို့ရေ….. 1 Комментарий Sai Kyaw September 26, 2024 в 6:06 am hello Ответить Оставить комментарий к Sai Kyaw Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Δ
hello