ဆေးသက်တမ်း (𝐄𝐱𝐩𝐢𝐫𝐲 𝐃𝐚𝐭𝐞) ဆိုတာ ဘာကိုဆိုလိုတာလဲ…?
ဆေးဘူးပေါ်မှာ ဖော်ပြထားတဲ့
𝐄𝐱𝐩𝐢𝐫𝐲 𝐃𝐚𝐭𝐞 ဆိုတာ အဲဒီရက်မတိုင်ခင်အထိ ဆေးရဲ့ အာနိသင်ကို အပြည့်အဝ အာမခံပေးထားတဲ့ကာလ ကို ဆိုလိုတာဖြစ်ပါတယ်။
ဆေးပညာရှင်တွေရဲ့ သုတေသနအရ သက်တမ်းကျော်သွားတာနဲ့ ဆေးက ချက်ချင်းအန္တရာယ်ဖြစ်သွားတာ၊ အဆိပ်ဖြစ်သွားတာမျိုး မဟုတ်ပါ။ အချို့ဆေးတွေမှာတော့ အာနိသင် အနည်းငယ်လျော့လာနိုင်ပါတယ်။
ဆေးကို အပူ၊ အလင်း၊ စိုထိုင်းဆမှ ကာကွယ်ပြီး အဖုံးလုံအောင် သိမ်းဆည်းထားရင် အာနိသင်ကို ပိုမိုထိန်းသိမ်းနိုင်ပါတယ်။ အဆီအခြေခံ (𝐎𝐢𝐥-𝐛𝐚𝐬𝐞𝐝) ဆေးများ ကိုတော့ ညွှန်ကြားချက်အတိုင်း အေးသောနေရာ (သို့) ရေခဲသေတ္တာတွင် သိမ်းဆည်းရန် အကြံပြုထားပါတယ်။
ဒါကြောင့် သက်တမ်းကျော်သွားတာကြောင့်ပဲ ဆေးကို ချက်ချင်းလွှင့်ပစ်ဖို့ မလိုပါ။ သို့သော် အသက်အန္တရာယ်နှင့် သက်ဆိုင်သောဆေးများ၊ အရည်ဆေးများ၊ မျက်စိဆေးများ၊ အင်ဆူလင်၊ ပဋိဇီဝဆေးအချို့ စတဲ့ ဆေးတွေမှာတော့ သက်တမ်းကုန်ပြီးပါက အသုံးမပြုသင့်ပါ။
အရေးကြီးဆုံးကတော့ 𝐄𝐱𝐩𝐢𝐫𝐲 𝐃𝐚𝐭𝐞 ကို “အာနိသင် အပြည့်အဝ အာမခံထားတဲ့ နောက်ဆုံးရက်” လို့ နားလည်ထားတာက ပိုမှန်ကန်ပါတယ်။
𝐂𝐫𝐝 𝐭𝐨 𝐃𝐫.𝐃𝐚𝐰 𝐊𝐡𝐢𝐧 𝐍𝐰𝐞 𝐖𝐢𝐧
