လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ 💢 𝐍𝐢𝐩𝐚𝐡 𝐕𝐢𝐫𝐮𝐬 နဲ့ပတ်သက်ပြီး မိတ်ဆွေတို့ ကြိုတင်ကာကွယ်နိုင်စေဖို့….
💢 𝐍𝐢𝐩𝐚𝐡 𝐕𝐢𝐫𝐮𝐬 က အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်မှာ လက်ရှိကူးစက်မှုတွေ ဖြစ်ပေါ်နေပြီး ကုသဆေးမရှိ ကာကွယ်ဆေးမရှိဖြစ်နေကာ 𝐂𝐎𝐕𝐈𝐃 ထက် ကြောက်ဖို့ကောင်းတာကြောင့် လက်ရှိမှာ စိုးရိမ်စရာဖြစ်နေသည့်အတွက် မိတ်ဆွေတို့ ကြိုတင်ကာကွယ်နိုင်ဖို့ရာ သတိပေးလိုက်ရပါတယ်ရှင်။
ဒီဗိုင်းရပ်စ်က 📌 𝐂𝐎𝐕𝐈𝐃 လိုမျိုး မဟုတ်ဘဲ သေဆုံးနိုင်ခြေ 📌 (𝐅𝐚𝐭𝐚𝐥𝐢𝐭𝐲 𝐑𝐚𝐭𝐞) က 𝟒𝟎% ကနေ 𝟕𝟓% အထိ ရှိပါတယ်။ ဒီရောဂါကူးစက်ခံရတဲ့ လူ ၁၀ ယောက်မှာ ၇ ယောက်ကျော်အထိ အသက်ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။
💢 𝐍𝐢𝐩𝐚𝐡 𝐕𝐢𝐫𝐮𝐬 က ဘယ်လိုတွေကူးစက်တက်လဲဆိုရင်တော့
၁။ လင်းနို့ကိုက်ထားတဲ့ သစ်သီးတွေ၊ လင်းနို့အညစ်အကြေးပေနေတဲ့ အသီးတွေကို လူက စားမိရာကနေ ကူးစက်ပါတယ်။
၂။ ရောဂါပိုးရှိတဲ့ ဝက်၊ ကြောင်၊ ခွေး စတဲ့ တိရိစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်မှထွက်တဲ့အရည်တွေနဲ့ ထိတွေ့မိရင် ကူးစက်နိုင်ပါတယ်။
၃။ လူနာရဲ့ တံတွေး၊ သွေး၊ ဆီး စတာတွေကနေတစ်ဆင့် အနီးကပ်ပြုစုသူတွေဆီကို ကူးစက်တတ်ပါတယ်။
💢 𝐍𝐢𝐩𝐚𝐡 𝐕𝐢𝐫𝐮𝐬 ဖြစ်တဲ့အခါ ခံစားရမဲ့ လက္ခဏာတွေကတော့
ပိုးကူးစက်ခံရပြီး ၄ ရက်ကနေ ၂ ပတ်အတွင်းမှာ လက္ခဏာပြလေ့ရှိပါတယ်။
- စစချင်းမှာ ပြင်းထန်စွာ ဖျားမယ်၊ ခေါင်းကိုက်မယ်၊ ကြွက်သားတွေ နာကျင်လာပါမယ်။
- နောက်ပိုင်းမှာ အသက်ရှူရခက်ခဲလာမယ်၊ ချောင်းဆိုးမယ်။
- အရမ်းဆိုးလာရင်တော့ စိတ်ရှုပ်ထွေးတာ၊ သတိလစ်တာကနေ “ဦးနှောက်ရောင်ခြင်း” (𝐁𝐫𝐚𝐢𝐧 𝐒𝐰𝐞𝐥𝐥𝐢𝐧𝐠) အထိ ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် ကာကွယ်ခြင်းသည် အကောင်းဆုံး ကုသခြင်းဖြစ်သည့်အတွက်
- သစ်သီးဝယ်တဲ့အခါ သေချာရွေးဝယ်ပါ။ အခွံမှာ ကိုက်ရာ၊ ခြစ်ရာ ပါတဲ့အသီးတွေကို နှမြောပြီး ဝယ်မစားပါနဲ့။
- သေချာဆေးကြောပါ။ အသီးအနှံတွေကို ရေနဲ့တင်မကဘဲ စနစ်တကျ သန့်စင်ပြီးမှ စားပါ။ ဖြစ်နိုင်ရင် အခွံခွာစားတာ အကောင်းဆုံးပါ။
- လက်ဆေးပါ။ အပြင်ကပြန်လာတိုင်း ဒါမှမဟုတ် အစားမစားခင် လက်ကို ဆပ်ပြာနဲ့ အမြဲဆေးပါ။
- အကယ်၍ အိန္ဒိယ ဒါမှမဟုတ် ရောဂါဖြစ်ပွားရာဒေသက ပြန်လာသူဖြစ်ပြီး ဖျားနာနေရင် နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံးပြသပါ။
မဟာစံရဲ့ မိတ်ဆွေတို့ အားလုံးပဲ သတိရှိဖို့ မိမိကိုယ်တိုင်နဲ့ မိသားစုကို ကြိုတင်ကာ ကာကွယ်နိုင်စေဖို့အတွက် ရည်ရွယ်ပါသည်။
𝐂𝐫𝐞𝐝𝐢𝐭 𝐭𝐨 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐎𝐰𝐧𝐞𝐫
