********************
ဆီးချိုသွေးချိုဆိုတာ ကမ္ဘာနှင့်အဝှမ်းမှာ အဖြစ်များဆုံး ရောဂါတစ်ခုလည်းဖြစ်ပါတယ်။ ဆီးချိုရောဂါကြောင့် သွေးအတွင်းရှိ သကြားဓာတ်များမြင့်မားပြီးတော့ ဦးနှောက်၊ နှလုံး၊ အာရုံကြောနှင့် မျက်လုံး၊ ကျောက်ကပ်တို့ကို ထိခိုက်စေလာနိုင်ပါတယ်။
ဒါ့ကြောင့် ဆီးချိုနဲ့ပက်သက်တဲ့ရောဂါများကို ကာကွယ်နိုင်ဖို့နည်းလမ်းကောင်းများကို မဟာစံရဲ့ မိတ်ဆွေတို့အတွက် ဝေမျှပေးလိုက်ပါတယ်။
(၁) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးပါ
ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ပေးခြင်းသည် ဆီးချိုရောဂါကို ထိန်းသိမ်းကာကွယ်ရန်အတွက် အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ တစ်ရက်ကို နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်းအားဖြင့် သွေးပေါင်ချိန်ကို မှန်ကန်စေပြီး ကြွက်သားများ၏ အင်ဆူလင်ထုတ်လုပ်မှုကို ထောက်ပံ့ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
(၂) ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကိုစားပေးခြင်း
ဟင်းသီးဟင်းရွက်များနှင့် အစေ့အဆန်များမှ ရရှိတဲ့ ကောင်းသောအဆီများသည် ကြွက်သားအတွင်းရှိ အင်ဆူလင်လက်ခံဆဲလ်များမှ သကြားဓာတ်များကို လက်ခံနိုင်မှု တိုးပွားစေတာကြောင့် ဆီးချိုရောဂါကို ကာကွယ်နိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်နှင့် အင်ဆူလင်ဓာတ်မြင့်မားစေသော အစားအစားများကို ရှောင်ပါ။
(၃) အဝမလွန်စေရန်ကိုယ်အလေးချိန်ကိုထိန်းသိမ်းပါ
အဝလွန်ခြင်းကလည်း ဆီးချိုဖြစ်စေနိုင်ဖို့ အဓိကအကြောင်းအရင်းတစ်ရပ်လဲ ဖြစ်ပါတယ်။ အာဟာရမျှတသော အစားအစာများကိုစားပေးခြင်းနှင့် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းက ဆီးချိုရောဂါကို ကာကွယ်ရန်အကောင်းဆုံး နည်းလမ်းတစ်ခုလည်း ဖြစ်ပါတဘ်။ ဒါ့ကြောင့်ကျန်းမာသော ကိုယ်အလေးချိန်ရှိဖို့ကလည်း ဆီးချိုရောဂါဖြစ်နိုင်ချေကို ကာကွယ်ရန် နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
(၄) ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ
ဆေးလိပ်သောက်ခြင်းကြောင့်လည်း ဆီးချိုရောဂါဖြစ်နိုင်ချေရှိပါတယ်။ ဆီးချိုရောဂါရှိတဲ့သူ ဆေးလိပ်သောက်မယ်ဆိုရင်တော့ ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်နိုင်ချေ များပါတယ်။ ဆီးချိုရောဂါအခံရှိသူများအနေဖြင့် ဆေးလိပ်သောက်ရင် နှလုံးနှင့်ကျောက်ကပ်ရောဂါများဖြစ်နိုင်ခြင်း၊ ခြေထောက်နှင့် ခြေချောင်းများတွင် သွေးလျှောက်နိုင်ချေနည်းခြင်း၊ ဆီးချိုရောဂါကြောင့် မျက်စိမှုန်ခြင်း၊ ခြေလက်ထုံကျင်ခြင်း စတဲ့အကျိုးဆက်တွေ ဖြစ်နိုင်ပါတယ်။
(၅) ပုံမှန်ကျန်းမာရေးစစ်ဆေးပေးပါ
မိမိမှာ ဆီးချိုနှင့်ပက်သက်ပြီး ရောဂါဖြစ်ပြီဆိုလျှင် ပုံမှန်ကျန်းမာရေး စစ်ဆေးပါ။
ဒီလိုအချက်တွေကို ဂရုတစိုက်လိုက်နာခြင်းအားဖြင့်လည်း ဆီးချိုရောဂါကို ကာကွယ်နိုင်ပါတယ်။