ခန္ဓာကိုယ်အတွင်း Thymus gland ရဲ့အရေးပါပုံနှင့် Thymus Gland မကျန်းမာရင်ဘယ်လိုဖြစ်နိုင်သလဲ
******************
Thymus Gland ဆိုတာ ခန္ဓာကိုယ်အတွင်း ရင်ညွှန့်အောက်၊ နှလုံးရဲ့အရှေ့အပေါ်ဘက်နှင့် အဆုတ်ကြားတွင်ရှိပြီး သေးငယ်တဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ Thymus Gland ဟာ ရောဂါပိုးများ၊ ကူးစက်ရောဂါများကို တိုက်ဖျက်ပေးကာ ခုခံအားစနစ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိက လုပ်ဆောင်ပေးပါတယ်။
ဒါ့အပြင် Thymus Gland က T cells လို့ခေါ်တဲ့ သွေးဖြူဥများကို ဖန်တီးပေးပြီး ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များနှင့် အဆိပ်အတောက်ဖြစ်စေသည့်အရာများ ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာမှုကို တိုက်ထုတ်ပေးတဲ့အပြင် ကင်ဆာဆဲလ်များကိုလည်း တိုက်ခိုက်နိုင်ပါတယ်။
Thymus gland သည် ကလေးဘဝနှင့် အပျိုဖော်ဝင်ချိန်အရွယ်တွင် အရွယ်အစားကြီးထွားမှု အမြင့်ဆုံးဖြစ်ပေမယ့် အသက်ကြီးလာတာနှင့်အမျှ တဖြည်းဖြည်းကျုံ့လာပြီး လှုပ်ရှားမှုနည်းလာပါတယ်။
သက်ကြီးရွယ်အိုများတွင် Thymus gland လုပ်ဆောင်ချက် လျော့နည်းလာတာကြောင့် ကိုယ်ခံစွမ်းအား ကျဆင်းလာရခြင်းပဲ ဖြစ်ပါတယ်။
ဒါ့အပြင် Thymus gland ခန္ဓာကိုယ်ရဲ့ အခြားနေရာများတွင် ဟော်မုန်းများကိုလည်း ထုတ်လုပ်ပေးပါတယ်။ ထိုဟော်မုန်းများတွင် သင့်ကို အိပ်ပျော်စေရန် ကူညီပေးသည့် melatonin နှင့် သင့်သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးသည့် အင်ဆူလင်တို့ ပါဝင်ပါတယ်။
Thymus gland ထိခိုက်ခံရရင် ဘယ်လိုအခြေနေများ ဖြစ်စေသလဲဆိုရင်……..
အသက်ရှူကြပ်ခြင်း၊
မျိုချရခက်ခြင်း၊
ချောင်းဆက်တိုက်ဆိုးခြင်း၊
ခေါင်းမူး၊ ခေါင်းကိုက်ဖြစ်ခြင်း၊
လည်ပင်းနှင့် ရင်ဘတ်အပေါ်ပိုင်းရောင်ရမ်းခြင်း၊
ကိုယ်အလေးချန်ကျဆင်းခြင်း၊
Autoimmune ရောဂါများကို ဖြစ်စေပါတယ်။
ဒါ့ကြောင့်ခန္ဓာကိုယ်အတွင်းရောဂါများကို တိုက်ခိုက်ပေးနိုင်ပြီး ခုခံစွမ်းအားဖွံ့ဖြိုးစေဖို့အတွက် Thymus gland ကျန်းမာစေဖို့ လိုပါတယ်။
Thymus Gland ကျန်းမာစေနိုင်ဖို့အတွက်ဆိုရင် Allergy Research Group က ထုတ်လုပ်တဲ့ Thymus Natural Glandular ကို ပုံမှန်မှီဝဲပေးခြင်းဖြင့် Thymus Gland ကို ကျန်းမာစေပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တာကြောင့် သက်ကြီးရွယ်အိုများအတွက် အထူးသင့်တော်သလို ဖြည့်စွက်စာအနေနဲ့လည်း မှီဝဲပေးနိုင်တဲ့ ဆေးစွမ်းတစ်လက်လဲဖြစ်ပါတယ်။
Allergy Research Group အမှတ်တံဆိပ် Thymus Natural Glandular ဖြည့်စွက်စာဆေးများကို မဟာစံဆိုင်ခွဲများတွင် လုံလောက်စွာ ဝယ်ယူရရှိနိုင်ပါတယ်။