ကိုယ်ခံအားစနစ်ကိုကောင်းမွန်အောင် အထူးထောက်ပံ့ပေးပြီး ကျန်းမာသောအသားအရေရရှိရန် ကော်လာဂျင်ထုတ်လုပ်မှုမှာလည်း ကူညီပေးပါတယ်။
နာတာရှည်ရောဂါများဖြစ်နိုင်ခြေကိုလျော့ချပေးပါတယ်။
သွေးတိုးရောဂါကိုထိန်းညှိပေးတယ်။
သံဓါတ်ချို့တဲ့ခြင်းကိုကာကွယ်ပေးပါတယ်။
ယူရစ်အက်စစ်ပမာဏကိုထိန်းညှိပေးပြီး ဂေါက်ရောဂါဖြစ်ခြင်းမှကာကွယ်ပေးပါတယ်။
ခန္ဓာကိုယ်က ဗီတာမင် စီကို သိုလှောင်မထားနိုင်တာကြောင့် နေ့တိုင်းဖြည့်တင်းပေးဖို့လိုပါတယ်။
အသီးအနှံ ဟင်းသီးဟင်းရွက်များပါသော အစားအစာများကို စားသုံးခြင်းဖြင့် နေ့စဉ် ဗီတာမင်စီ ပမာဏကိုဖြည့်တင်းပေးနိုင်ပါတယ်။
ဆေးလိပ်သောက်သူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ သည် နေ့စဉ် ဗီတာမင်ပမာဏ များစွာလိုအပ်ပါတယ်။
Vitamin C ဖြည့်စွက်စာများကို ရှာဖွေလိုပါက ဒီ Link https://bit.ly/3AYOC0h ကိုနှိပ်ကာရှာဖွေနိုင်ပါတယ်။