Call us : 09 402224800
Select Page

မဂ္ဂနီဆီယမ်က ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို အကောင်းဆုံးဖြစ်အောင် ထောက်ပံ့ပေးသလဲ

✔ ခန္ဓာကိုယ်ရှိကြွက်သားများ ကျန်းမာစေရန် ထောက်ပံ့ပေးပါတယ်။
✔ အရိုးများ ကျန်းမာကြံ့ခိုင်အောင် ထောက်ပံ့ပေးပါတယ်။
✔ ဦးနှောက်၏ စွမ်းဆောင်ရည်များမြင့်မားအောင် ထောက်ပံ့ပေးပါတယ်။
✔ ခန္ဓာကိုယ်ရှိဇီဝဖြစ်ပျက်မှုများကို မှန်ကန်အောင်ပံ့ပိုးပေးပါတယ် (အစာခြေစနစ်ကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်ကြံ့ခိုင်စေခြင်း၊ စွန့်ထုတ်မှုကောင်းမွန်ခြင်း။)
✔ သွားများကိုကျန်းမာကြံ့ခိုင်စေဖို့ ထောက်ပံ့ပေးပါတယ်။
✔ စိတ်ဖိစီးမှုကို ပြေလျော့စေရန် ထောက်ပံ့ပေးပါတယ်။
✔ ကြွက်သားများနာကျင်ရောင်ရမ်းခြင်းကို သက်သာစေရန်ထောက်ပံ့ပေးပါတယ်။

မဂ္ဂနီဆီယမ်ကိုဘယ်အချိန်သောက်ရင် အသင့်တော်ဆုံးဖြစ်မလဲ

✅ လေ့ကျင့်ခန်းလည်းလုပ် မဂ္ဂနီဆီယမ်လည်းသောက်ပါက အရိုးနှင့်ကြွက်သားများပိုမိုကျန်းမာစေပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးနောက် မဂ္ဂနီဆီယမ်ကိုသောက်သုံးပေးခြင်းဟာ ခန္ဓာကိုယ်အတွက်အကောင်းဆုံးဖြစ်ပါတယ်။
✅ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်တည်ငြိမ်မှုကို မြှင့်တင်စေလိုပါက ညအိပ်ရာမဝင်မီသောက်သင့်ပါတယ်။
✅ ထိုထက်ပိုပြီး ထိရောက်စွာသောက်သုံးလိုပါက အာဟာရနှင့် ဖြည့်စွက်စာကိုနားလည်တဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးသောက်သုံးသင့်ပါတယ်ရှင်။