ခရမ်ဘယ်ရီသီးဟာ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအတွက် ကာကွယ်ရေးနှင့် ကုသရေးတွေမှာ အသုံးများတဲ့အသီး တမျိုးဖြစ်ပါတယ်။
ဆီးအိမ်ရောဂါ၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးပြွန်ပိတ်ဆို့ခြင်း၊ ဆီးကျိတ်ကြီးခြင်းနှင့် ကင်ဆာရောဂါတို့အတွက်လည်း ခရမ်ဘယ်ရီသီးကို သုံးကြပါတယ်။
အသီးအနေနဲ့ စားလို့ရသလို၊ ဖျော်ရည်၊ ဂျယ်လီ၊ ဆေးတောင့် ပုံစံမျိုးနဲ့လည်း ရရှိ သုံးစွဲနိုင်ပါတယ်။
အာပာာရဓါတ်တွေ ဖြစ်ကြတဲ့
အမျှင်ဓါတ်
ကယ်ဆီယမ်
သံဓါတ်
မဂ္ဂနီဆီယမ်
ပိုတက်ဆီယမ်
ဆိုဒီယမ်
ဇင့်ဓါတ်
ဖောလိတ်
ဗီတာမင် C
ဗီတာမင် A
ဗီတာမင် K
ဗီတာမင် E စတဲ့ အဟာရဓါတ်တွေပါဝင်ပါတယ်။
ရရှိနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့
၁။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှကာကွယ်ပေးခြင်း။
လေ့လာတွေ့ရှိချက်တွေအရ ခရမ်ဘယ်ရီသီး (သို့) ခရမ်ဘယ်ရီ ဆေးလုံးစားပေးခြင်းဖြင့် ဆီးလမ်းကြောင်းပိုးဝင်မှု သိသိသာသာလျော့နည်းတာကို တွေ့ရှိရပါတယ်။ ခဏခဏဆီးလမ်းကြောင်းပိုးဝင်တတ်သူတွေဆို ပိုလို့သိသာပါတယ်။ ခရမ်ဘယ်ရီသီးမှာပါတဲ့ PACs (Proanthocyanidins) က ဆီးလမ်းကြောင်းမှာ ဘက်တီးရီးယားတွေ မကပ်ငြိနိုင်အောင် တွန်းထုတ်ပေးတဲ့ ဓါတ်တမျိုးဖြစ်လို့ပါပဲ။
၂။ နှလုံးသွေးကြောများကိုကျန်းမာစေခြင်း။
ခရမ်ဘယ်ရီမှာပါတဲ့ Polyphenols လို့ခေါ်တဲ့ အာဟာရဓါတ်က နှလုံးသွေးကြောထဲမှာ ရှိတဲ့ သွေးခဲလေးတွေပိတ်တာကို အထိုက်အလျှောက်ကာကွယ်ပေးတဲ့အပြင် သွေးပေါင်ချိန်ကိုပါကျစေလို့ သွေးတိုးရောဂါရှိသူများ ခရမ်ဘယ်ရီကို ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။
၃။ ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ခြင်း။
လေ့လာတွေ့ရှိချက်များအရ ခရမ်ဘယ်ရီသီးဟာ ကင်ဆာအကျိတ်များကို ကြီးထွားမှုကို နှေးကွေးစေနိုင်တဲ့ အစွမ်းရှိပါတယ်။ Vitamin A,C,E ပါလို့ ဓါတ်တိုးဆန့်ကျင် သတ္တိရှိတာကြောင့်လည်း ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်တာပါတယ်။ အသည်း၊ ဆီးကျိတ်၊ သားအိမ်နှင့် အူမကြီးကင်ဆာတွေကို အထူးတလည်တိုက်ဖြတ်နိုင်ပြန်ပါတယ်။
၄။ သွားများကိုကျန်းမာစေခြင်း။
ခရမ်ဘယ်ရီမှာပါတဲ့proanthocyanidins ဓါတ်တမျိုးက သွားမှာ ကပ်နေတဲ့ ဘက်တီးရီးယားဆိုးများပေါက်ဖွားမှုကို ကာကွယ်ပေးတဲ့အတွက် သွားနှင့်ခံတွင်းကျန်းမာရေးကိုအထိုက်အလျှောက်ကာကွယ်ပေးနိုင်ပါတယ်။
၅။ ကိုယ်ခံအားကောင်းခြင်း။
ခရမ်ဘယ်ရီသီးမှာပါဝင်တဲ့ ဗီတာမင် အေ၊ စီ နှင့် ဇင့် ဓါတ်တွေကြောင့် ရာသီအကူးအပြောင်းမှာဖြစ်တတ်တဲ့ နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေး ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
အခုအချိန်မှာလည်း ခရမ်ဘယ်ရီသီးကို အသီးပုံစံ၊ ဖျော်ရည်ပုံစံ၊ ဆေးလုံးပုံစံတွေနဲ့ပါ အလွယ်တကူဝယ်ယူနိုင်နေပြီမို့ ကျန်းမာရေးအတွက် အကျိုးများတဲ့ ခရမ်ဘယ်ရီသီးကို ပုံမှန်စားသုံးပေးကြပါနော်။
ကျန်းမာလှပသောဘဝများကိုပိုင်ဆိုင်ကြပါစေ။