ကျောက်ကပ်သည်ခန္ဓာကိုယ်မှာအရေးပါသော အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်သည့်အပြင် ကျောက်ကပ်သည် ခန္ဓာကိုယ်အတွင်းအဆိပ်အတောက်များကို ဆီးအဖြစ်စွန့်ထုတ်ပေးသောလုပ်ငန်းစဉ်ကိုလည်း လုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်သတ္တုဓာတ်ဆားများကိုလည်း ဟန်ချက်ညီအောင် ထိန်းသိမ်းပေးပါတယ်။ ဒီလိုများစွာသောအထောက်အပံ့ပေးနေသည့် ကျောက်ကပ်ထိခိုက်လာတဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရလေ့ရှိလဲဆိုသည့်အချက်များကို မဟာစံမှပြန်လည်ပြောပြေပေးချင်ပါတယ်။
ပုံမှန်ထက် ပိုပင်ပန်းနေမယ်
အားအင်ကုန်ခမ်းနေမယ်
အာရုံစိုက်ဖို့ ခက်နေမယ်
အိပ်စက်မှုဆိုင်ရာ ပြဿနာတွေ ဖြစ်မယ်
အရေပြားတွေ ခြောက်သွေ့ယားယံမယ်
ဆီးခဏခဏ သွားချင်နေမယ်
ဆီးထဲသွေးပါမယ်
ဆီးတွေက အရောင်နောက်နေမယ်
မျက်လုံးတဝိုက် မို့အစ်နေမယ်
ခြေဆစ်လက်ဆစ်တွေ ရောင်နေမယ်
အစာစားချင်စိတ်မရှိဖြစ်မယ်
ကြွက်တက်မယ်
ဒီလိုလက္ခဏာတွေခံစားလာရသည့်အခါ ကျောက်ကပ်ထိခိုက်နေသည်ဟုသံသယရှိပါက ကျောက်ကပ်ထိခိုက်မှုရှိခြင်းမရှိခြင်းကို သွေးဖောက်ပြီး (ဥပမာ သွေးထဲက 𝐂𝐫𝐞𝐚𝐭𝐢𝐧𝐢𝐧𝐞 𝐥𝐞𝐯𝐞𝐥 တို့၊ 𝐮𝐫𝐞𝐚တို့ စစ်ဆေးခြင်းဖြင့်သိနိုင်)သွေးစစ်ကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။