သွေးပေါင်ကျတာလား? သွေးအားနည်းတာလား?ဆိုတာကွဲကွဲပြားပြားသိပြီလား?
လူတော်တော်များမှားတတ်လေ့ရှိသည့် ရောဂါနှစ်ခုရှိပါတယ်။ ဒါကတော့ သွေးပေါင်ကျခြင်းနဲ့ သွေးအားနည်းခြင်းရောဂါကို တစ်ချို့ဟာအတူတူပဲလို့ထင်ကြပါတယ်။ ဒီရောဂါနှစ်ခုနဲ့ပတ်သက်ပြီး တစ်ချို့ ဆေးဝါးမှားသောက်တာမျိုးရှိကြသည့်အတွက် ဒီကနေ့မဟာစံကနေ ဒီရောဂါနှစ်ခုဟာ ဘယ်လိုကွဲပြားမှုရှိသလဲဆိုတာ ဗဟုသုတအဖြစ်ပြန်လည်မျှဝေပေးချင်ပါတယ်။
သွေးပေါင်ကျတယ်ဆိုတာ သွေးပေါင်ချိန်ကျတာဖြစ်ပြီး လက္ခဏာအနေနဲ့ ခေါင်းမူးခြင်း၊ မူးပြီးလဲချင်သလိုဖြစ်ခြင်း၊ မျက်စိဝါးခြင်း၊ နုန်းချိခြင်းနှင့် ပျို့အန်ခြင်းတွေကိုဖြစ်စေပါတယ်။
သွေးအားနည်းတယ်ဆိုတာ ခန္ဓာကိုယ်အတွင်းရှိ သွေးနီဥနည်းခြင်း(သို့မဟုတ်) ဟေမိုဂလိုဘင် အရေအတွက်နည်းခြင်းကြောင့်ဖြစ်ပြီး လက္ခဏာတွေကတော့ နုန်းချိခြင်း၊ အားနည်းခြင်း၊ ဖြူဖက်ဖြူရော်ဖြစ်ခြင်း၊ မောခြင်း၊ ခေါင်းမူးခြင်းနှင့် ရင်ဘတ်အောင့်ခြင်းများကို ခံစားစေပါတယ်။
ဒီရောဂါနှစ်ခုရဲ့လက္ခဏာအရ တစ်ချို့ဆင်တူမှုလေးတွေရှိပေမယ့် ဆေးဝါးကုသမှုကတော့ လုံးဝ(လုံးဝ) မတူညီကြပါဘူး။
ဒါကြောင့် မိတ်ဆွေတို့သွေးပေါင်ကျခြင်းနှင့် သွေးအားနည်းခြင်းဟာ ရောဂါလက္ခဏာအရ ဆင်တူနီးပါးဖြစ်သည့်အတွက် သောက်သုံးရမည့်ဆေးဝါးလည်းတူသည်ဟူသောအထင်ဖြင့် ဆေးဝါးများမှားသောက်ခြင်းမဖြစ်ရလေအောင် မဟာစံကမေတ္တာဖြင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။