အလုပ်အရမ်းများပြီး အလုပ်အရမ်းရှုပ်တဲ့အခါ ကျန်းမာရေးကိုဂရုစိုက်ဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမဲ့ ကျန်းမာဖို့က အရေးကြီးဆုံးမို့ ဘယ်လောက်အလုပ်များများ ကျန်းမာရေးကိုဂရုစိုက်ပါ။ ကျန်းမာမှပဲ အလုပ်တွေကို ဆက်လက်ပြီး အကောင်းဆုံးလုပ်နိုင်မယ် မဟုတ်လား။ ဒါကြောင့်
သေချာစားပါ။
အလုပ်မအားဘူးဆိုပြီး အလွယ်ရတဲ့ အပြင်စာတွေ , အသင့်စား Junk Food တွေစားမိလိုက်တာများပါတယ်။ ဒါမျိုးက ၁၀ ခါ ၁ ခါ လောက်ဆိုကိစ္စမရှိပေမဲ့ အမြဲတမ်းစားနေမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့မညီညွတ်တဲ့အပြင် ရောဂါမျိုးစုံပါ ရနိုင်ပါတယ်။ တပတ်မှာ အားတဲ့ တရက်လောက်ကို တပတ်စာအတွက် သေချာချက်ပြုတ်သိမ်းဆည်းပြီး စားသောက်ဖို့ အကြံပြုပါရစေ။
ရေများများသောက်ပါ။
ရေဓါတ်ပြည့်ဝမှ ကျန်းမာ လန်းဆန်းမှာမို့ မအားလည်း ရေဓါတ်ပြည့်အောင် သတိတရနဲ့ ရေသောက်ပေးဖို့လည်း မမေ့ပါနဲ့။
အိပ်ရေးဝဝအိပ်ပါ။
မအားတာကိုဘယ်လိုအိပ်ချိန်ရှိပြီး အိပ်ရေးဝမှာလည်းလို့ မေးစရာတော့ရှိပါတယ်။ အိပ်ချိန်ကြာတာထက် အိပ်ချိန်ခဏလေးကို ခဏခဏမနိုးဘဲ အိပ်ရေးဝဝအိပ်လိုက်ရတာက ပိုအားရှိပါတယ်။ အိပ်ခါနီးအချိန်မှာလည်း ဖုန်းမသုံး မီးမထွန်းဘဲ အိပ်တာက ပိုပြီး အိပ်ရေးဝစေပါတယ်။
ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။
အားကစား ဝတ်စုံဝတ်ပြီး အားကစားရုံသွားမှ လေ့ကျင့်ခန်းလုပ်တယ်မဆိုလိုပါဘူးနော်။ မအားတဲ့ကြားတဲ့ ၁၅ မိနစ်လောက်အချိန်ပေးပြီး လမ်းလျှောက်တာမျိုး ပြေးတာမျိုးသည်လည်း ကိုယ်လက်လှုပ်ရှားမှုဖြစ်လို့ ၁ ရက်ကို အနည်းဆုံး ၁၅ မိနစ်လောက်အချိန်ပေးပြီး လုပ်သင့်ပါတယ်။ လုံးဝအချိန်မပေးနိုင်ရင်တောင် ခဏတဖြုတ် အလုပ်နားတဲ့အချိန်မှာတော့ လုပ်ဖြစ်အောင်လုပ်ပေးပါ။
ဖြည့်စွက်စာများမှီဝဲပါ။
ခန္ဓာကိုယ်မှ သဘာဝအလျှောက်ထုတ်ပေးတဲ့ဓါတ်တွေရှိသလို ထုတ်မပေးတဲ့ ဓါတ်တွေလည်းရှိပါတယ်။ ထုတ်မပေးတဲ့ဓါတ်တွေကို ထုတ်ပေးနိုင်ဖို့ အသက်ကြီးလာတာနဲ့အမျှ တဖြေးဖြေးယုတ်လျော့သွားတဲ့ ဓါတ်တွေကိုပြန်လည်ဖြည့်တင်းပေးဖို့က ဖြည့်စွက်စာမှီဝဲရပါမယ်ရှင်။ အလုံးစုံသော အာဟာရနဲ့ ကျန်းမာနေဖို့က ဖြည့်စွက်စာသည် အလွန်အရေးပါသော အခန်းကဏ္ဍတရပ်အနေနဲ့ပါဝင်လာပြီဖြစ်တာကို မဟာစံတို့မေ့ထားလို့မရပါဘူးနော်။ ကျန်းမာအောင်နေထိုင် စားသောက်ရင်း ဖြည့်စွက်စာလေးလည်းကူရင်း များပြားလှတဲ့ အလုပ်တာဝန်တွေကြား ကျန်းမာစွာ နေကြရအောင်နော်။