Call us : 09 402224800
Select Page
✨သွေးပေါင်ကျတာလား? သွေးအားနည်းတာလား?ဆိုတာကွဲကွဲပြားပြားသိပြီလား?🤔🤔
✨လူတော်တော်များမှားတတ်လေ့ရှိသည့် ရောဂါနှစ်ခုရှိပါတယ်။ ဒါကတော့ သွေးပေါင်ကျခြင်းနဲ့ သွေးအားနည်းခြင်းရောဂါကို တစ်ချို့ဟာအတူတူပဲလို့ထင်ကြပါတယ်။ ဒီရောဂါနှစ်ခုနဲ့ပတ်သက်ပြီး တစ်ချို့ ဆေးဝါးမှားသောက်တာမျိုးရှိကြသည့်အတွက် ဒီကနေ့မဟာစံကနေ ဒီရောဂါနှစ်ခုဟာ ဘယ်လိုကွဲပြားမှုရှိသလဲဆိုတာ ဗဟုသုတအဖြစ်ပြန်လည်မျှဝေပေးချင်ပါတယ်။
✨သွေးပေါင်ကျတယ်ဆိုတာ သွေးပေါင်ချိန်ကျတာဖြစ်ပြီး လက္ခဏာအနေနဲ့ ခေါင်းမူးခြင်း၊ မူးပြီးလဲချင်သလိုဖြစ်ခြင်း၊ မျက်စိဝါးခြင်း၊ နုန်းချိခြင်းနှင့် ပျို့အန်ခြင်းတွေကိုဖြစ်စေပါတယ်။
✨သွေးအားနည်းတယ်ဆိုတာ ခန္ဓာကိုယ်အတွင်းရှိ သွေးနီဥနည်းခြင်း(သို့မဟုတ်) ဟေမိုဂလိုဘင် အရေအတွက်နည်းခြင်းကြောင့်ဖြစ်ပြီး လက္ခဏာတွေကတော့ နုန်းချိခြင်း၊ အားနည်းခြင်း၊ ဖြူဖက်ဖြူရော်ဖြစ်ခြင်း၊ မောခြင်း၊ ခေါင်းမူးခြင်းနှင့် ရင်ဘတ်အောင့်ခြင်းများကို ခံစားစေပါတယ်။
✨ဒီရောဂါနှစ်ခုရဲ့လက္ခဏာအရ တစ်ချို့ဆင်တူမှုလေးတွေရှိပေမယ့် ဆေးဝါးကုသမှုကတော့ လုံးဝ(လုံးဝ) မတူညီကြပါဘူး။
💥💥ဒါကြောင့် မိတ်ဆွေတို့သွေးပေါင်ကျခြင်းနှင့် သွေးအားနည်းခြင်းဟာ ရောဂါလက္ခဏာအရ ဆင်တူနီးပါးဖြစ်သည့်အတွက် သောက်သုံးရမည့်ဆေးဝါးလည်းတူသည်ဟူသောအထင်ဖြင့် ဆေးဝါးများမှားသောက်ခြင်းမဖြစ်ရလေအောင် မဟာစံကမေတ္တာဖြင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။