
ခန္ဓာကိုယ်က အားတွေစိုက်ထုတ်ပြီး အလုပ်လုပ်လိုက်ရပေမယ့် လိုအပ်တဲ့ အာဟာရကို အပြည့်အဝပြန်မရတဲ့အခါမျိုးမှာ ဗီတာမင်ချို့တဲ့တာတွေ ဖြစ်လာပါတယ်။ဒါ့အပြင် လုံလုံလောက်လောက် အိပ်စက်မှုမရှိခြင်း အာဟာရဓာတ်နည်းပါးသော အစားအသောက်များစားခြင်းကလည်း Vitamin ဓာတ်ချို့တဲ့မှုများ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်ဗီတာမင်ချို့တဲ့ခြင်းမှ ကာကွယ်ရန် အကောင်းဆုံးနည်းမှာ လုံလောက်စွာအိပ်စက်ခြင်းနှင့် အာဟာရပြည့်ဝသော အစားအစာများကို စားရန်ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် Vitamin လုံလောက်စွာ ရရှိဖို့က လူ့ခန္တာကိုယ်အတွက် အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ Vitamin ဓာတ်ရရှိဖို့အတွက် အာဟာရဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများကို စားသုံးပေးခြင်း၊ Vitamin ပြည့်ဝစွာပါရှိတဲ့ အာဟာရဓာတ်စာများကို မှီဝဲစားသုံးပေးခြင်းဖြင့် Vitamin ဓာတ်ကို ရရှိစေပါတယ်။
******************