Vitamins And Supplement ခံတွင်းအနံ့ကြောင့်လူအများကြားမှာစကားပြောဖို့ယုံကြည်ချက်မဲ့နေပြီလား? Posted by Power Ranger On September 26, 2023 0 comments #ခံတွင်းအနံ့ကြောင့်လူအများကြားမှာစကားပြောဖို့ယုံကြည်ချက်မဲ့နေပြီလား ခန္ဓာကိုယ်အတွင်းက ခံတွင်းအနံ့ကြောင့် တစ်ယောက်ယောက်နဲ့ စကားပြောဖို့တောင် ဝန်လေးနေတတ်ကြတာတွေ ဖြစ်ဖူးကြမှာပါ။ ခံတွင်းအနံ့ကြောင့် တစ်ဖက်လူကို အားနာတဲ့စိတ်တွေ ဖြစ်သလို မိမိကိုယ်ကိုလည်း ယုံကြည်မှုနည်းစေပါတယ်။ ဒီလိုပြဿနာရပ်တွေကို ဖြေရှင်းနိုင်ဖို့အတွက် Justified Laboratories က ထုတ်လုပ်တဲ့ Chlorofresh Liquid Chlorophyll လေး ရှိနေတဲ့အတွက်ကြောင့် ဘာမှပူစရာမလိုတော့ပါဘူး။ Chlorophyll ကိုတော့ အစိမ်းရောင်အပင်များအားလုံးမှာ ရရှိနိုင်ပြီးတော့ ဟင်းသီးဟင်းရွက်များစားပေးခြင်းဖြင့်လည်း ရရှိနိုင်ပါတယ်။ အစိမ်းရောင်အသီးအရွက်များ စားသုံးပေးခြင်းသည် ခန္ဓာကိုယ်အတွက် ကောင်းမွန်စေတာကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒါဆိုရင်တော့ အစိမ်းရောင်ဟင်းသီးဟင်းရွက်များများမှ အစိမ်းရောင်ကိုထုတ်ယူပြီး ဖြည့်စွက်စာအဖြစ် စားသုံးလို့ရတယ်ဆိုတာရော သိပြီးပြီလား? အစိမ်းရောင်ခြယ်ပစ္စည်း Chrolophyll က ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တဲ့ Antioxidant ဖြစ်ပြီး Vitamin A,C,E နှင့် Vitamin K တို့ပါဝင်ပါသည့်အတွက် အကျိုးအာနိသင်များလှပါတယ် ။ ဒါ့ကြောင့် Chrolophyll ကို အရည်အပြင် ဆေးတောင့်နဲ့ ဆေးပြားအဖြစ်လည်း ထုတ်လုပ်ထားပါတယ်။ ဒါပေမယ့် အရည်က ဆေးတောင့်၊ ဆေးပြားတွေထက် ပိုကောင်းပါတယ်။ Chrolophyll liquid drop ကတော့ ခန္ဓာကိုယ်မှ ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်တဲ့ အတွက်ကြာင့် အာနိသင်အနေနှင့် မြန်စွာ ထိရောက်စေပြီး ပိုမိုကောင်းမွန်ပါတယ်။ Chrolophyll liquid dropကို သောက်ခြင်းခြင့် ဘယ်လိုအကျိုးကျေးဇူးတွေရမှာလဲ ခံတွင်းနံ့နှင့် ခန္ဓာကိုယ်အနံ့ဆိုးများကို လျော့ကျစေခြင်းအပြင် အသားအရေကို ကြည်လင်တောက်ပစေခြင်း၊ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း၊ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်အလေးချိန်ကျအောင် ကူညီပေးခြင်း၊ သွေးနီဥဆဲလ်များအားကောင်းစေခြင်း၊ အသည်းလုပ်ဆောင်ချက်ကို ကောင်းမွန်စေခြင်းနှင့် အစွမ်းထက်သော Antioxidnatများ ပါဝင်ခြင်းတို့ကြောင့် Supplement တစ်မျိုးသောက်ရုံဖြင့် အကျိုးကျေးဇူးများစွာကို ခံစားရမှာဘဲ ဖြစ်ပါတယ်။ ဒါကြောင့်သင်က ယခုလို အကျိူးကျေးဇူးတွေ ခံစားချင်ရင်တော့ မဟာစံကို ခပ်မြန်မြန်လေးသာ လာခဲ့ပါ။ ဘာလို့ဆို မဟာစံမှာ USA Made Supplement မျိုးစုံကို ရရှိနိုင်သည့်အတွက်ကြောင့်ဘဲ ဖြစ်ပါတယ်။ Justified Laboratories အမှတ်တံဆိပ် Chlorophyll Liquid Drop ကို ဝယ်ယူလိုပါက မဟာစံဆိုင်ခွဲတိုင်းတွင်း လုံလောက်စွာ ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။