Medical, Women Health

အမျိုးသမီးများ အီစထရိုဂျင်ဟော်မုန်းကို မြှင့်တင်ကြရအောင်။

Placeholder Image
⬆️ ဘယ်လိုအရာတွေက အမျိုးသမီးများ၏ အီစထရိုဂျင်ဟော်မုန်းကို မြှင့်တင်ပေးသလဲ။
အီစထရိုဂျင်ဟော်မုန်းဟာ အမျိုးသမီးများအတွက် အလွန်အရေးကြီးတဲ့ ဟော်မုန်းဖြစ်လို့ အီစထရိုဂျင်ဟော်မုန်းလျော့နည်းခဲ့ရင် ကိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးပါထိခိုက်စေနိုင်မှာ အမှန်ပါပဲ။ ဒါ့ကြောင့် သဘာဝအလျောက် အီစထရိုဂျင်ဟော်မုန်းကို ဘယ်လိုမြှင့်တင်ရမလဲဆိုတာ ဝေမျှပေးမှာပဲဖြစ်ပါတယ်။
✅ Vitamin B
သုသေတနပြုမှုနဲ့ လေ့လာတွေ့ရှိမှုတွေအရ Vitamin B ထဲမှာမှ အထူးသဖြင့် Vitamin B2 နဲ့ B6 က အီစထရိုဂျင်ဟော်မုန်းထုတ်လုပ်နိုင်ရန် အထူးပံ့ပိုးပေးတဲ့အပြင် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းကိုလည်း လျော့ကျစေပါတယ်။ Vitamin B လျော့နည်းရင် အီစထရိုဂျင် ဟော်မုန်းလည်း လျော့နည်းနိုင်ပါတယ်။
✅ Vitamin D
Vitamin D သည် အီစထရိုဂျင် ဟော်မုန်းထုတ်လုပ်ရာတွင်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ Vitamin D နှင့် အီစထရိုဂျင်ဟော်မုန်းတို့ ဟန်ချက်ညီညီလုပ်ဆောင်ခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုလည်း လျော့နည်းစေတာကို တွေ့ရပါတယ်။
✅ နှမ်းဆီ
နှမ်းစေ့ (သို့) နှမ်းဆီကို စားသုံးခြင်းဖြင့်လည်း အီစထရိုဂျင် ဟော်မုန်းကိုရရှိစေပါတယ်။ ဒါ့အပြင် အရိုးများကိုလည်းကျန်းမာကြံ့ခိုင်စေပါတယ်။
✅ DHEA
အီစထရိုဂျင်ကဲ့သို့ တူညီသော အာနိသင်ကို ရချင်ရင် DHEA ကိုလည်း ပုံမှန်မှီဝဲသင့်ပါတယ်။ DHEA ရဲ့ အရှည်ကတော့ dehydroepiandrosterone လို့ခေါ်တဲ့ ဟော်မုန်းပဲဖြစ်ပါတယ်။
✅ Evening Primrose Oil
Evening Primrose Oil လို့ခေါ်တဲ့ EPO မှာ Omega 6 ပါဝင်မှုများပြားတာကြောင့် ဓမ္မတာလာချိန်ကိုက်ခဲမှု ဝေဒနာများကို သက်သာစေရန်နှင့် သွေးဆုံးချိန်ကြုံတွေ့ရမည့် ဝေဒနာများသက်သာစေရန် ကူညီထောက်ပံ့ပေးပါတယ်။ Evening Primrose Oil မှာလည်း အီစထရိုဂျင်ကဲ့သို့ အာနိသင်များပါဝင်တာကြောင့် သွေးဆုံးချိန် အီစရိုဂျင်ဟော်မုန်းထုတ်လုပ်မှုနည်းသွားသောအမျိုးသမီးများ အတွက် အလွန်အသုံးဝင်ပါတယ်။
✅ Chasteberry
အပူပိုင်းဒေသတွင်ပေါက်ရောက်လေ့ရှိသောအပင်တမျိုးဖြစ်ပြီး ထိုအပင်မှရရှိသောအသီးကိုအခြောက်ခံပြီး မီးယပ်သွေးဆုံးခါနီးတွင် ကျတတ်သည့် အီစထရိုဂျင်ဟော်မုန်းကို ပြန်လည်ထိန်းညှိပေးသော ဆေးတလက်ပဲဖြစ်ပါတယ်။ သွေးဆုံးချိန်တွင်ဖြစ်တတ်သော လက္ခဏာများဖြစ်သည့် စိတ်အပြောင်းအလဲမြန်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ ရင်ပူရင်တုန်ခြင်း၊ ခြေလက်များထုံကျင်ကိုက်ခဲခြင်းကိုလည်း သိသိသာသာလျော့နည်းစေပါတယ်။
ဖော်ပြပါ အစားအစာနဲ့ Vitamin တွေကတော့ အီစထရိုဂျင်ဟော်မုန်းကို သဘာဝအလျောက် မြှင့်တင်ပေးတဲ့ ဓါတ်စာတွေပဲဖြစ်ပါတယ်။ အီစထရိုဂျင်ဟော်မုန်းကလည်း လိုအပ်တယ် ဒီလိုမျိုး တခုချင်းလိုက်မစားနိုင်ဘူးဆိုရင် ဆေးဘက်ဝင်အပင်များမှထုတ်လုပ်ထားတဲ့ အီစထရိုဂျင်ဟော်မုန်းကို မြှင့်တင်ထိန်းညှိပေးတဲ့ ဖြည့်စွက်စာများကို မှီဝဲနိုင်ပါတယ်။
💚 ကျန်းမာလှပသောဘဝများပိုင်ဆိုင်ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *