Life Extension အမှတ်တံဆိပ် Boron ဟာ အရိုးနှင့်အာရုံကြောကျန်းမာရေးကို မြှင့်ပေးနိုင်ရုံမက တခြားဘယ်လိုအစွမ်းသတ္တိတွေရှိသလဲ
မဟာစံတို့ရဲ့ ခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်သည့် ( ပရိုတင်းဓာတ် ၊ကာဘိုဟိုက်ဒရိတ် ၊ဗီတာမင်ဓာတ် ၊ သတ္တုဓာတ်များ ၊ အဆီဓာတ် နှင့်ရေ ) ဆိုပြီး ဓာတ်ကြီး(၆)မျိုးရှိပါတယ်။ ဒီကနေ့မှာတော့ဒီ(၆) မျိုးထဲက သတ္တုဓာတ်အကြောင်းကို မျှဝေပေးချင်ပါတယ်။
သတ္တုဓာတ်တွေရဲ့ လုပ်ဆောင်ချက်တွေက အရိုးအဆစ်တွေ သန်မာအောင်၊ ခန္ဓာကိုယ်အတွင်း ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိနိုင်အောင် လုပ်ဆောင်ပေးပြီး ဓာတ်တစ်မျိုးချင်းစီတိုင်းကလည်း လုပ်ဆောင်ချက် ကိုယ်စီရှိကြပါတယ်။
ဒီလို သတ္တုဓာတ်တွေ များစွာရှိသည့်ထဲကမှ Boron ဆိုတဲ့ သတ္တုဓာတ်တစ်မျိုးအကြောင်းကိုတော့ အဓိကအနေနဲ့ ပြောပြပေးမှာပဲ ဖြစ်ပါတယ်။ Boron က ကယ်လ်စီယမ်၊ ပိုတက်ဆီယမ်တို့လို သတ္တုဓာတ်တွေနဲ့ နှိုင်းယှဉ်ရင်တော့ အနည်းငယ် အားနည်းပေမယ့် လူ့ခန္ဓာကိုယ်အတွက်တော့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်သည့် သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။
ခန္ဓာကိုယ်မှာ Boron သတ္တုဓာတ်ချို့တဲ့ရင် ဘာတွေ ဖြစ်နိုင်လဲ ဆိုရင်……
အရိုးသိပ်သည်းဆကို ကျဆင်းစေပြီး အရိုးပွရောဂါဖြစ်နိုင်ခြေကို တိုးလာစေတဲ့အပြင် အရိုး အဆစ်ရောင်ခြင်း၊ နာကျင်ခြင်း၊ တောင့်တင်းခြင်းနှင့် နာတာရှည်ရောဂါတို့ကို ဖြစ်စေပြီး အရိုး၊ အဆစ် ကျန်းမာကိုထိခိုက်စေပါတယ်။
နောက်တစ်ခုအနေနဲ့ Boron ချို့တဲ့ရင် ဟော်မုန်းတွေ မညီမျှတာတွေ ဖြစ်စေပါတယ်။ Boron က အမျိုးသမီးဟော်မုန်းဖြစ်တဲ့ Estrogen နဲ့ အမျိုးသား ဟော်မုန်းဖြစ်တဲ့ Testosterone တွေကို ဟန်ချက်ညီအောင် မထိန်းနိုင်တော့ဘဲ လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားမှု ကျန်းမာရေးအပေါ် အမျိုးမျိုး သက်ရောက်မှု ရှိပါတယ်။
နောက်ဆုံးတခုအနေနဲ့ကတော့ Boron ချို့တဲ့ရင် ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေပြီး မှတ်ဉာဏ်ချို့တဲ့ခြင်းဆိုင်ရာ ပြဿနာတွေပါ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် Boron ချို့တဲ့ရင် Boron ကြွယ်ဝတဲ့ အစားအစာတွေ စားပြီး ကာကွယ်နိုင်သလို ၊ Boron ဖြည့်စွက်စာ သောက်သုံးပေးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။
Boron ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အခွံမာသီးများ၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ သစ်သီးခြောက်တွေမှာ Boron သတ္တုဓာတ်ကြွယ်ဝပါတယ်။
LIFE EXTENSIONအမှတ်တံဆိပ် Boron ကိုမဟာစံဆိုင်ခွဲတိုင်းမှာ ဝယ်ယူရရှိနိုင်ပါပြီ။ USA Brand ဖြစ်ပြီး ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။