ဘယ်လိုမျိုးကို Sensitive skin လို့ သတ်မှတ်လဲ
သင်ကရော Sensitive Skin သမားဆိုရင် သင့်အသားရေကို ဘယ်လို ဂရုစိုက်ကာကွယ်သင့်လဲ
********************
Sensitive Skinက မျိုးရိုးဗီဇနှင့် အောက်ခံအရေပြား အခြေအနေများ (ဥပမာ rosacea သို့မဟုတ် နှင်းခူ) သို့မဟုတ် ယားယံစေသော ပစ္စည်းများပါဝင်သည့် Skin Care Product များ အသုံးပြုခြင်း အပါအဝင် အမျိုးမျိုးသော အကြောင်းရင်းများကြောင့် Sensitive Skin ဖြစ်ပေါ်ရခြင်းပဲ ဖြစ်ပါတယ်။ Sensitive Skin ဆိုတာကတော့ မတူညီသောနည်းလမ်းများဖြင့် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်ပါတယ်။
ဘယ်လိုမျိုးကို Sensitive Skin လို့ သတ်မှတ်လို့ရလဲ
အသားအရေနီမြန်းခြင်း
ထိခိုက်လွယ်သော အသားအရေသည် အထူးသဖြင့် ရေနွေး၊ လေ၊ သို့မဟုတ် အချို့သော အသားအရေထိန်း ပစ္စည်းများ အသုံးပြုရုံ ၊ ထိတွေ့ရုံနှင့် နီမြန်းတတ်ပါတယ်။
အရေပြားယားယံခြင်း
ထိခိုက်လွယ်သော အရေပြားသည် ပြင်းထန်သော ဓာတုပစ္စည်းများ၊ အမွှေးနံ့သာများ သို့မဟုတ် အညစ်အကြေးများကို ထိတွေ့မိသောအခါ အလွယ်တကူ ယားယံနိုင်ပါတယ်။
ခြောက်သွေ့ခြင်းနှင့် ပူလောင်ခြင်း
ထိခိုက်လွယ်သော အရေပြားသည်ဘာလိမ်းလိမ်း၊ ဘာသုံးသုံး ခြောက်သွေ့ခြင်းနှင့် Skin Care Productများ လိမ်းသည့်အခါ မီးလောင်ခြင်းကဲ့သို့ အသားအရေပူစပ်ပူလောင်ဖြစ်ခြင်း တို့ကို ခံစားရနိုင်ပါတယ်။
အရေပြားတင်းကျပ်ကျပ်ဖြစ်ခြင်း
မျက်နှာသစ်ပြီး၊ သို့မဟုတ် ရေချိုးပြီးနောက် အရေပြားသည်( ဥပမာ- ရွံစေး၊သနပ်ခါးတို့ကို ထူထူ လိမ်းပြီး အခြောက်ခံထားသည့်အခါ တင်းကျပ်နေသလို ခံစားရခြင်း) သို့မဟုတ် ကြမ်းတမ်းသောရာသီဥတုအခြေအနေများနှင့် ထိတွေ့ပြီးနောက် တင်းကျပ်ပြီး မသက်မသာခံစားရနိုင်ပါတယ်။
ဒါဆိုသင်ကရော Sensitive Skin သမားဆိုရင် သင့်အသားရေကို ဘယ်လို ဂရုစိုက်ကာကွယ်သင့်သလဲ
မျက်နှာသစ် Cleanserရွေးရာတွင် နူးညံ့သောမျက်နှာသစ်ကို ရွေးချယ်ပါ
နူးညံ့ပြီး အမွှေးရနံ့ကင်းသော Cleanser ကို အသုံးပြုပါ။ အရေပြားကို ယားယံစေနိုင်ပြီး ပြင်းထန်တဲ့ အမွှေးနံ့တွေ ဒါမှမဟုတ် ဓာတုပစ္စည်းတွေပါတဲ့ ဆပ်ပြာကြမ်းတွေနဲ့ Cleanser တွေကို ရှောင်ပါ။
ရေနွေးကိုရှောင်ပါ
ရေနွေးနဲ့ မျက်နှာသစ်တဲ့အခါ ဒါမှမဟုတ် ရေချိုးတဲ့အခါ အရေပြားကို ရောင်ရမ်းစေပြီး နေလောင်တာနှင့် ဆင်တူပါတယ်။ အသားရေကိုနီမြန်းပြီး ခြောက်သွေ့စေကာ အရေပြားကိုကျန်းမာစေသည့် သဘာဝဆီများ၊ အဆီများနှင့် ပရိုတင်းများကို ဖယ်ထုတ်သွားစေပါတယ်။
Product အသစ်များသုံးသည့်အခါ Patch Testလုပ်ပါ
မိမိရဲ့ အသားအရေအတွက်Product အသစ်သုံးသည့်အခါ အသုံးမပြုမီ မိမိအသားရေနဲ့ ဓာတ်တည့်၊ မတည့် သိစေရန် မျက်နှာပေါ်ဦးစွာမလိမ်းဘဲ သင့်အရေပြား( ဥပမာ- လက်) ပေါ်မှာ စမ်းလိမ်းကြည့်ပါ။
ဓာတ်မတည့်မှုဖြစ်စေသော အကြောင်းရာကို သတိထားပါ
အိမ်မွေးတိရစ္ဆာန် အရေပြားနဲ့ ထိတွေ့မှု၊ ဝတ်မှုန် သို့မဟုတ် သင့်ပတ်ဝန်းကျင်ရှိတဲ့ အချို့သောအရာများက မိမိအသားအရေအတွက် ဓာတ်မတည့်မှု ဖြစ်စေတာကို သတိထားပါ။ ဒါမှမိမိအသားအရေအတွက် ဓာတ်မတည့်သည့် အရာကို ရှောင်ကြဉ်နိုင်မှာပါ။
မျက်နှာသုတ်ပဝါနှင့်ခပ်ကြမ်းသုတ်ခြင်းကို ရှောင်ပါ
မျက်နှာသစ်ပြီးနောက်၊သို့မဟုတ် ရေချိုးပြီးနောက် ကြမ်းတမ်းသော မျက်နှာသုတ်ပဝါနဲ့ အရေပြားကို ခြောက်အောင် ပွတ်တိုက်ခြင်းက အသားအရေကို ထိခိုက်စေနိုင်ပါတယ်။
အစိုဓာတ်ထိန်းပေးသော ခရင်မ်များကိုလိမ်းပါ
အမွှေးနံ့သာကင်းစင်သော hypoallergenic moisturizer သို့မဟုတ် hyaluronic acid ကဲ့သို့သော ပါဝင်ပစ္စည်းများပါသည့် ထုတ်ကုန်များကို သင့်အရေပြားပေါ်တွင် နေ့စဉ် လိမ်းပေးခြင်းဖြင့် ရေဓာတ်ဖြည့်တင်းပေးပါ။
နေရောင်ကာကွယ်ခြင်း
အပြင်ထွက်တဲ့အခါ အနည်းဆုံး SPF 30 ပါတဲ့ နေရောင်ကာခရင်မ်ကို အမြဲသုံးပါ။ ခရမ်းလွန်ရောင်ခြည်က Sensitive Skin ဖြစ်လွယ်စေတာကြောင့် ထိခိုက်လွယ်သော အသားအရေ သမားများအတွက် ထုတ်ထားသော နေရောင်ကာခရင်မ်ကို ရွေးချယ်ပြီး နေရောင်ထဲထွက်တဲ့အခါ နှစ်နာရီခြားတစ်ကြိမ် လိမ်းပေးပါ။
ကြမ်းတမ်းသော ပါဝင်ပစ္စည်းများကို ရှောင်ကြဉ်ပါ
အရက်၊ အမွှေးနံ့သာများနှင့် အခြား ယားယံစေသည့်အရာများပါရှိသော Skin Care Product များနှင့် ဝေးဝေးနေပါ။ “hypoallergenic” သို့မဟုတ် “For Sensitive skin ” လို့ တံဆိပ်တပ်ထားသောProduct များကိုသာ ရွေးချယ်ပါ။
မျက်နှာကိုရေဓာတ်ပြည့်ဝအောင်လုပ်ပါ
သင့်အရေပြားအတွင်းပိုင်းမှ ရေဓာတ်ကိုထိန်းထားရန် ရေများများသောက်ပါ။
အစားအသောက်နှင့် နေထိုင်မှုပုံစံပြောင်းပါ
antioxidants နှင့် Omega-3 fatty acids ကြွယ်ဝသော အစားအစာများက သင့်အရေပြားကျန်းမာရေးကို အကျိုးပြုနိုင်ပါတယ်။ သင့်အရေပြား ထိခိုက်မှု ပိုဆိုးလာပါက လုံလောက်စွာအိပ်စက်အနားယူပြီး အစပ်အစားအစာ သို့မဟုတ် အရက်ကဲ့သို့သော အစားအသောက်များကို ရှောင်ကြဉ်ပါ။
အရေပြားအထူးကုဆရာဝန်နှင့် တိုင်ပင်ပါ
သင့်အရေပြားကဆိုးရွားစွာ ဆက်တိုက်ဖြစ်ပေါ်နေပါက သို့မဟုတ် ပြင်းထန်ပါက အရေပြားအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ သူတို့က သင့်လျော်သော ကုသမှုများ သို့မဟုတ် ဆေးညွှန်းဆေးဝါးများကို အကြံပြုနိုင်ပါတယ်။