Call us : 09 402224800
Select Page
✔ ခန္ဓာကိုယ်က အားတွေစိုက်ထုတ်ပြီး အလုပ်လုပ်လိုက်ရပေမယ့် လိုအပ်တဲ့ အာဟာရကို အပြည့်အဝပြန်မရတဲ့အခါမျိုးမှာ ဗီတာမင်ချို့တဲ့တာတွေ ဖြစ်လာပါတယ်။ဒါ့အပြင် လုံလုံလောက်လောက် အိပ်စက်မှုမရှိခြင်း အာဟာရဓာတ်နည်းပါးသော အစားအသောက်များစားခြင်းကလည်း Vitamin ဓာတ်ချို့တဲ့မှုများ ဖြစ်လာနိုင်ပါတယ်။
ဗီတာမင်ချို့ယွင်းလာရင်ဖြစ်ပေါ်တတ်တဲ့ လက္ခဏာရပ်များကတော့
🟤 ဦးရေပြားဗောက်ထခြင်း
🟤 ခြေထောက်အဆက်မပြတ်တုန်ခြင်း၊
🟤 ဆံပင်ကျွတ်လွယ်ခြင်းနှင့်လက်သည်းများ ကျိုးပဲ့လွယ်လာခြင်း
🟤 ပါးစပ်အတွင်းအနာများဖြစ်ခြင်းနှင့် နှုတ်ခမ်းထောင့်တွင် အက်ကွဲခြင်း
🟤 အအေးမိ၊ တုပ်ကွေးအဖြစ် လွယ်ခြင်း၊
🟤 သွားဖုံးကြားမှ သွေးယိုခြင်း
🟤 ကြွက်တက်ခြင်း၊
🟤 အမြင်အာရုံအားနည်းခြင်း
🟤 အရေပြားအကွက်များဖြစ်ခြင်း နှင့် အရေပြားတွေ ခြောက်သွေ့ကြမ်းတမ်းလာခြင်း
🟤 အရေပြားပေါ် အနီဖု၊ အဖြူဖုများပေါက်ခြင်း – စတဲ့ Vitamin ဓာတ်ချို့တဲ့ရင် ဒီလိုလက္ခဏာတွေပေါ်လာတတ်ပါတယ်။
✔ဒါကြောင့်ဗီတာမင်ချို့တဲ့ခြင်းမှ ကာကွယ်ရန် အကောင်းဆုံးနည်းမှာ လုံလောက်စွာအိပ်စက်ခြင်းနှင့် အာဟာရပြည့်ဝသော အစားအစာများကို စားရန်ပဲ ဖြစ်ပါတယ်။
✔ဒါ့ကြောင့် Vitamin လုံလောက်စွာ ရရှိဖို့က လူ့ခန္တာကိုယ်အတွက် အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ Vitamin ဓာတ်ရရှိဖို့အတွက် အာဟာရဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများကို စားသုံးပေးခြင်း၊ Vitamin ပြည့်ဝစွာပါရှိတဲ့ အာဟာရဓာတ်စာများကို မှီဝဲစားသုံးပေးခြင်းဖြင့် Vitamin ဓာတ်ကို ရရှိစေပါတယ်။
******************
💊 Vitamin ဓာတ်ပြည့်ဝစွာပါဝင်တဲ့ အာဟာရဓာတ်စာများကို မှီဝဲနိုင်ဖို့အတွက် မဟာစံရဲ့ ချစ်မိတ်ဆွေတို့အတွက် Vitamin အာဟာရဓာတ်စာများကို လုံလောက်စွာ ရရှိနိုင်ပါပြီ။ 💊
💚🙏ကျန်းမာလှပသောဘဝများပိုင်ဆိုင်ကြပါစေ။🙏💚