Vitamin D3 နှင့် K2 သည် တမျိုးချင်းစီက သူ့အာနိသင်နဲ့ သူ့အကျိုးကျေးဇူးတွေရှိကြပါတယ်။
D3 သီးသန့်သောက်မယ်ဆိုရင် D3 ရဲ့ အကျိုးကျေးဇူးတွေအပြည့်အဝရမယ်။
K2 သီးသန့်သောက်မယ်ဆိုလည်း ဒီအတိုင်းပါပဲ။ တခြား ဗီတာမင်တွေထက်စာရင် ဒီ ၂ ခုကိုတွဲသောက်ပေးမယ်ဆိုရင်တော့ ပိုကောင်းပါတယ်။
သူတို့ ၂ ဦးက ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး သတ္တုဓါတ်များထဲမှ ၁ ခုဖြစ်တဲ့ ကယ်လ်ဆီယမ်ဓါတ်ကို သင့်လျှော်စွာ ခန္ဓာကိုယ်အနှံ့ ဝေမျှပေးပါတယ်။ အရိုးကျန်းမာရေးကို သာမက နှလုံးသွေးကြော ကျန်းမာရေးကိုပါ အထောက်အကူပြုပါတယ်။
Vitamin D3 က အူမှ ကယ်ဆီယမ်စုပ်ယူမှုကို သွေးထဲသို့ပို့ပေးပါတယ်။ Vitamin K2 က အဲ့ဒီ ကယ်ဆီယမ်ကို သင့်အရိုးတွေဆီ ပို့ဆောင်ပေးပါတယ်။ ဒါ့ကြောင့် သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကယ်ဆီယမ်ကို အပြည့်အဝ အသုံးချပြီး အရိုးနှင့် သွေးလွှတ်ကြော ကျန်းမာ အကျိုးရှိစေချင်ရင် D3 ရော K2 ပါ နှစ်မျိုးလုံးကို ဖြည့်စွက်သင့်ပါတယ်။
Vitamin D3 and K2 ဖြည့်စွက်စာများကို ဒီ Link https://bit.ly/3RFm29l ထဲမှာဝင်ရောက်ရှာဖွေနိုင်ပါတယ်။