********************
ဝမ်းချုပ်ခြင်းဆိုတာက အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်လေ့ရှိတဲ့ အစာခြေပြဿနာတစ်ခုပဲဖြစ်ပါတယ်။ ဝမ်းချုပ်ခြင်းဟာ ကြီးမားတဲ့ရောဂါတော့ မဟုတ်ပေမယ့် နေရထိုင်ရခက်စေပါတယ်။
ဒါဆို ဘယ်အချက်တွေက ဝမ်းချုပ်စေတာလဲနှင့် ဝမ်းချုပ်စေသည့်အချက်များကို ဆက်လက် ဖတ်ရှု့ပေးပါဦးနော်။ ဒါမှ မိမိက ဘယ်အချက်ကြောင့် ဝမ်းချုပ်စေတာလဲဆိုတာ သိပြီး ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။
(၁) အမျှင်ဓာတ်နည်းသောအစားအစာများစားခြင်း
အသင့်စားအစားအစာများနှင့် ဆီကြော်အစားအစာများ၊ ကော်ဖီ၊ ကောက်ညှင်းစတဲ့ အစာကြေခက်သည့် အစားအစာများစားသုံးခြင်းက ဝမ်းသွားခြင်းကို နှေးကွေးစေနိုင်ပါတယ်။ ဒါ့အပြင် နဂိုစားနေကျ ပမာဏထက် နည်းပြီးစားတာမျိုး၊ အသီးအနှံတွေမစားတော့ဘဲ အသားတွေ အစားများလာတာမျိုး စတဲ့ စားသောက်မှုပုံစံပြောင်းလိုက်တာကြောင့်လည်း ဝမ်းချုပ်တတ်ပါတယ်။
(၂) ရေဓာတ်ခန်းခြောက်ခြင်း
ရေမျာများ မသောက်တာကြောင့်လည်း ဝမ်းကိုမာစေပြီး ဝမ်းချုပ်စေပါတယ်။
(၃) ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
အစားစာပြီးလျှင် (၁၅)မိနစ် လမ်းလျှောက်ပေးခြင်းက အစာခြေစနစ်ကို များစွာ အထောက်အကူဖြစ်စေပါတယ်။ အထိုင်များတဲ့ နေထိုင်မှုပုံစံက အစာခြေစနစ်ကို နှေးကွေးစေပြီး ဝမ်းချုပ်စေပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် ကျန်းမာသော ဝမ်းလှုပ်ရှားမှုကို မြှင့်တင်ပေးနိုင်ပါတယ်။
(၄) ဝမ်းသွားချင်စိတ်ကိုအောင့်ထားခြင်း
ဝမ်းသွားချင်တာကို ချက်ချင်းမသွားဘဲ အောင့်ထားရင်လည်း ဝမ်းချုပ်တတ်ပါတယ်။
(၅) အချို့သောဆေးဝါးများသောက်သုံးခြင်း
တချို့သောဆေးတွေဟာ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းချုပ်တာကို ဖြစ်စေပါတယ်။
(၆) ကိုယ်ဝန်ဆောင်ချိန်အတွင်း
ကိုယ်ဝန်ဆောင်စဉ်အတွင်း ဟော်မုန်းအပြောင်းအလဲနှင့် အူဖိအားများပြီး ဝမ်းချုပ်စေနိုင်သည်။
(၇) အသက်အရွယ်ကြီးရင့်လာခြင်းကြောင့်ဝမ်းချုပ်ခြင်း
အသက်ကြီးလာသည်နှင့်အမျှ အစာခြေလမ်းကြောင်းရှိ ကြွက်သားများ အားနည်းလာကာ အကူးအပြောင်းအချိန်များ နှေးကွေးကာ ဝမ်းချုပ်နိုင်ခြေ တိုးလာနိုင်ပါတယ်။
(၈) စိတ်ဖိစီးမှုကြောင့်ဝမ်းချုပ်ခြင်း
စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းစတဲ့ စိတ်ကျန်းမာရေးရောဂါတွေခံစားရရင်လည်း အစာခြေစနစ်ကို ထိခိုက်စေပြီး ဝမ်းချုပ်တတ်ပါတယ်။
(၇) ဝမ်းနုတ်ဆေးများ အလွန်အကျွံသုံးစွဲခြင်း
ဝမ်းနုတ်ဆေးကို အလွန်အကျွံ မှီခိုခြင်းကြောင့် အူက သူ့ဘာသာ အလုပ်မလုပ်တော့ဘဲ ဝမ်းချုပ်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
(၈) ရောဂါကြောင့် ဝမ်းချုပ်ခြင်း
သွေးတိုး၊ ဆီးချိုရောဂါသမားများ၊ လေဖြတ်နေတဲ့သူများ၊ သိုင်းရွိုက်ဟော်မုန်းနည်းကြောင့်ရောဂါခံစားနေရတဲ့သူတွေက အခြားသူများထက်စာရင် ဝမ်းပိုချုပ်တတ်ကြပါတယ်။
ဝမ်းချုပ်ခြင်းကို ကာကွယ်ရန် သို့မဟုတ် သက်သာစေရန်ဘယ်လိုလိုက်နာကြမလဲ
အမျှင်ဓာတ်များသော အစားအစာကို မျှတအောင်စားပါ။
ရေလုံလောက်စွာသောက်ပါ။
ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးပါ။
ဝမ်းသွားချင်သော စိတ်ကို လျစ်လျူမရှုစေဖို့ အရေးကြီးပါသည်။
ယခုလို သဘာဝနည်းအတိုင်း ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်သလို အချိန်တကူးတကမပေးနိုင်သော သူများအတွက် ဆေးတစ်လုံးသောက်ရုံဖြင့် ဝမ်းနုတ်ဆေးစားသလို ဝမ်းအရမ်းသွားစေတာမဟုတ်ဘဲ တစ်နေ့စာတနေ့ ဝမ်းပုံမှန်သွားပြီး ရောဂါကင်းစေဖို့ Healthy Origins ကထုတ်သည့် Probiotics ကကူညီပေးနိုင်ပါတယ်။
Healthy Origins အမှတ်တံဆိပ် probiotics က အူအတွင်းမှာရှိတဲ့ ဝမ်းဗိုက်အတွက်အကျိုးပြုတဲ့ ဘက်တီးရီးယားများပေါက်ဖွားမှုကို မြှင့်တင်ပေးပြီ အူလမ်းကြောင်းလှုပ်ရှားမှုများကို ထိန်းညှိပေးတာကြောင့်ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါတယ် ။
Probioticsသည် ဝမ်းချုပ်ခြင်းကို တိုက်ရိုက်အကျိုးပြုစေတာထက်စာရင် သူက အစာခြေဖျက်မှုကို မြှင့်တင်ပေးနိင်တာကြောင့် စားသမျှအစာက အစာကြေလွယ်ပြီး ဝမ်းမှန်စေတာပဲဖြစ်ပါတယ်။ ဝမ်းနှုတ်ဆေးမဟုတ်ပဲ အစာအိမ်နှင့်အူလမ်းကြောင်းကို များစွာကောင်းကျိုးပေးပြီး အစာချေစနစ်ကို ထောက်ပံ့ပေးတာကြောင့် နေ့စဥ◌်ပုံမှန် မှီဝဲပေးခြင်းဖြင့် အစာခြေစနစ်ကို ကျန်းမာစေပါတယ်။
Healthy Origins အမှတ်တံဆိပ် probiotics သည် ဖြည့်စွက်စာဖြစ်ပြီး ဆေးဝါး မဟုတ်တာကြောင့် ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်တာကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းစနစ်ကို ကျန်းမာစေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။
Healthy Origins အမှတ်တံဆိပ် Probiotics ဖြည့်စွက်စာများကို မဟာစံဆိုင်ခွဲတိုင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်။