Call us : 09 402224800
Select Page
‼ Life Extension အမှတ်တံဆိပ် Boron ဟာ အရိုးနှင့်အာရုံကြောကျန်းမာရေးကို မြှင့်ပေးနိုင်ရုံမက တခြားဘယ်လိုအစွမ်းသတ္တိတွေရှိသလဲ ‼
🔰 မဟာစံတို့ရဲ့ ခန္ဓာကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်သည့် ( ပရိုတင်းဓာတ် ၊ကာဘိုဟိုက်ဒရိတ် ၊ဗီတာမင်ဓာတ် ၊ သတ္တုဓာတ်များ ၊ အဆီဓာတ် နှင့်ရေ ) ဆိုပြီး ဓာတ်ကြီး(၆)မျိုးရှိပါတယ်။ ဒီကနေ့မှာတော့ဒီ(၆) မျိုးထဲက သတ္တုဓာတ်အကြောင်းကို မျှဝေပေးချင်ပါတယ်။
🔰 သတ္တုဓာတ်တွေရဲ့ လုပ်ဆောင်ချက်တွေက အရိုးအဆစ်တွေ သန်မာအောင်၊ ခန္ဓာကိုယ်အတွင်း ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိနိုင်အောင် လုပ်ဆောင်ပေးပြီး ဓာတ်တစ်မျိုးချင်းစီတိုင်းကလည်း လုပ်ဆောင်ချက် ကိုယ်စီရှိကြပါတယ်။
🔰 ဒီလို သတ္တုဓာတ်တွေ များစွာရှိသည့်ထဲကမှ Boron ဆိုတဲ့ သတ္တုဓာတ်တစ်မျိုးအကြောင်းကိုတော့ အဓိကအနေနဲ့ ပြောပြပေးမှာပဲ ဖြစ်ပါတယ်။ Boron က ကယ်လ်စီယမ်၊ ပိုတက်ဆီယမ်တို့လို သတ္တုဓာတ်တွေနဲ့ နှိုင်းယှဉ်ရင်တော့ အနည်းငယ် အားနည်းပေမယ့် လူ့ခန္ဓာကိုယ်အတွက်တော့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်သည့် သတ္တုဓာတ်တစ်မျိုးဖြစ်ပါတယ်။
‼ခန္ဓာကိုယ်မှာ Boron သတ္တုဓာတ်ချို့တဲ့ရင် ဘာတွေ ဖြစ်နိုင်လဲ ဆိုရင်……‼
♦အရိုးသိပ်သည်းဆကို ကျဆင်းစေပြီး အရိုးပွရောဂါဖြစ်နိုင်ခြေကို တိုးလာစေတဲ့အပြင် အရိုး အဆစ်ရောင်ခြင်း၊ နာကျင်ခြင်း၊ တောင့်တင်းခြင်းနှင့် နာတာရှည်ရောဂါတို့ကို ဖြစ်စေပြီး အရိုး၊ အဆစ် ကျန်းမာကိုထိခိုက်စေပါတယ်။
♦နောက်တစ်ခုအနေနဲ့ Boron ချို့တဲ့ရင် ဟော်မုန်းတွေ မညီမျှတာတွေ ဖြစ်စေပါတယ်။ Boron က အမျိုးသမီးဟော်မုန်းဖြစ်တဲ့ Estrogen နဲ့ အမျိုးသား ဟော်မုန်းဖြစ်တဲ့ Testosterone တွေကို ဟန်ချက်ညီအောင် မထိန်းနိုင်တော့ဘဲ လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားမှု ကျန်းမာရေးအပေါ် အမျိုးမျိုး သက်ရောက်မှု ရှိပါတယ်။
♦နောက်ဆုံးတခုအနေနဲ့ကတော့ Boron ချို့တဲ့ရင် ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေပြီး မှတ်ဉာဏ်ချို့တဲ့ခြင်းဆိုင်ရာ ပြဿနာတွေပါ ဖြစ်စေနိုင်ပါတယ်။
♦ဒါကြောင့် Boron ချို့တဲ့ရင် Boron ကြွယ်ဝတဲ့ အစားအစာတွေ စားပြီး ကာကွယ်နိုင်သလို ၊ Boron ဖြည့်စွက်စာ သောက်သုံးပေးခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။
Boron ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အခွံမာသီးများ၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ သစ်သီးခြောက်တွေမှာ Boron သတ္တုဓာတ်ကြွယ်ဝပါတယ်။
LIFE EXTENSIONအမှတ်တံဆိပ် Boron ကိုမဟာစံဆိုင်ခွဲတိုင်းမှာ ဝယ်ယူရရှိနိုင်ပါပြီ။ USA Brand ဖြစ်ပြီး ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။