ထူးခြားသည့် အကျိုးအာနိသင်တွေနဲ့ သဘာဝကပေးစွမ်းတဲ့ Spirulina စိမ်းပြာရေညှိ
Spirulina စိမ်းပြာရေညှိမှာ ပရိုတင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်များတဲ့ အာဟာရတဲ့ ကြွယ်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် အထူးကောင်းမွန်တဲ့ Super Food ပဲ ဖြစ်ပါတယ်။
Healthy Origins ကထုတ်လုပ်တဲ့ Spirulina မှာ ဘယ်လိုအစွမ်းသတ္တိတွေရှိသလဲဆိုရင်…….
(Beta Carotene) လို့ ခေါ်တဲ့ (Antioxidant) ပါဝင်တာကြောင့် ခန္ဓာကိုယ်က (Beta Carotene)ကို (Vitamin A) အဖြစ်ပြောင်းလဲပေးကာ အမြင်အာရုံကိုကြည်လင်စေပြီး မျက်စိကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး နှလုံးကျန်းမာရေးကိုကောင်းမွန်စေကာ ဆီးချိုရောဂါရှိသူများအတွက် များစွာအထောက်အကူပေးပါတယ်။
ခန္ဓာကိုယ်အတွင်းရှိ မကောင်းတဲ့ ကိုလက်စထရောတွေဖြစ်တဲ့ (LDL)ပမာဏများရင် နှလုံးကျန်းမာရေးကို ထိခိုက်စေပြီး၊ ကောင်းတဲ့ ကိုလက်စထရောတွေဖြစ်တဲ့ (HDL) ပမာဏများလျှင် နှလုံးကျန်းမာရေးကို အထောက်အကူပြုပြီး နှလုံးရောဂါနှင့် လေဖြတ်လေငန်းရောဂါကို လျှော့ချပေးနိုင်ပါတယ်။ Spirulina မှာဆိုရင် ကောင်းသော ကိုလက်စထရောပမာဏကို မြှင့်တင်ပေးနိုင်တဲ့အတွက် နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။
ဓာတ်တိုးဆန့်ကျင်တဲ့ ဂုဏ်သတ္တိများပါရှိတာကြောင့် ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။
ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်သည့်အပြင် ပန်းဝတ်မှုန်၊ ဖုန်မှုန့်၊ အိမ်မွေးတိရစ္ဆာန်အမွှေးများကြောင့် ဖြစ်စေသည့် ဓာတ်မတည့်သော ရောဂါလက္ခဏာများကိုလည်း လျှော့ချပေးနိုင်ပါတယ်။
Spirulina ဟာ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်သည့်အတွက် ကိုယ်အလေးချိန်ကို ထပ်မတက်စေပဲ ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် သွေးတိုးသမားများအတွက် သွေးပေါင်ချိန်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။
Spirulina ဟာ သွားဖုံးရောဂါနှင့် ခံတွင်းကျန်းမာရေး ပြဿနာများကိုလည်း ကာကွယ်ပေးနိုင်သည့်အပြင် ဆေးလိပ်သောက်ခြင်းကြောင့် ပါးစပ်အနာပေါက်ခြင်း၊ သွားပိုးစားခြင်း၊ ဘက်တီးရီးယားနှင့် မှိုပိုးကူးစက်မှုကိုလည်း ကုသနိုင်ပါတယ်။
ဒါ့အပြင် Spirulina သည် စိတ်ဓာတ်ကျခြင်း၊ စသိုးရိမ်ပူပန်ခြင်းနှင့် အခြားသော စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများကို ကုသရာတွင်လည်း အသုံးပြုပါတယ်။
Healthy Origins အမှတ်တံဆိပ် Spirulina ကိုမဟာစံဆိုင်ခွဲတိုင်းမှာ ဝယ်ယူရရှိနိုင်ပါပြီ။ USA Brand ဖြစ်ပြီး ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။