Call us : 09 402224800
Select Page

စိတ်ဖိစီးမှုများကိုလျော့ချပေးပြီး စိတ်ကျန်းမာရေးအတွက် အကောင်းဆုံးဖြည့်စွက်စာတွေက

  1. Magnesium
  2. Ashwagandha
  3. Melatonin
  4. Vitamin C
  5. Omega 3
  6. Vitamin B
  7. Vitamin D

 

ဖော်ပြပါ ဖြည့်စွက်စာတွေက မတူညီတဲ့နည်းလမ်းမျိုးစုံနဲ့ စိတ်ကိုကျန်းမာစေတယ်၊ စိတ်အနားရစေတယ်၊ စိုးရိမ်ပူပန်မှု စိတ်ဖိစီးမှုတွေလျော့ကျစေပြီး စိတ်ကျရောဂါကိုသက်သာစေကာ ဟော်မုန်းလည်ဘယ်ကိုလည်း ညီမျှစေပါတယ်။

 

အခုချိန်မှာ လူတိုင်းအဖက်ဖက်က ကြိုးစားရုန်းကန်ပြီး အလုပ်လုပ်ကြရတော့ စိတ်ဖိစီးမှု စိတ်ဓါတ်ကျမှုတွေ အနည်းနဲ့ အများတော့ရှိကြတာပဲ။ ခန္ဓာကိုယ်ကျန်းမာဖို့ပဲမဟုတ်ဘဲ စိတ်ကျန်းမာဖို့ကလည်း တော်တော်အရေးကြီးလို့ အနားယူ အပမ်းဖြေ၊ တရားထိုင်ရုံနဲ့ မလုံလောက်ရင် ဖြည့်စွက်စာများ မှီဝဲပေးဖို့အကြံပြုချင်ပါတယ်။

 

စိတ်ဖိစီးမှုကို သက်သာစေတဲ့ ဖြည့်စွက်စာတွေက ဘယ်လိုအလုပ်လုပ်သလဲ။

စိတ်တည်ငြိမ်စေမယ့် တုံ့ပြန်မှုကိုပေးတယ်။ စိတ်ပြေလျော့မှုကိုပံ့ပိုးပေးတယ်။ စိတ်ခံစားချက်နှင့် အာရုံစူးစိုက်မှုကိုမြှင့်တင်ပေးတယ်။ ပျော်ရွှင်စေသော ဟော်မုန်းများကို ထုတ်လုပ်ပေးတယ် (သို့မဟုတ်) ထိုဟော်မုန်းများထွက်ရန် ကူညီပေးပါတယ်။ စိတ်ပူပန်မှုကင်းတဲ့ အခြေအနေကို မြှင့်တင်ပေးပါတယ်။