Call us : 09 402224800
Select Page
ဖြည့်စွက်စာကို ဘာကြောင့် မှီဝဲသင့်သလဲ မသိကြတဲ့သူတွေရှိကိုရှိပါသေးတယ်။ မသောက်ရဲကြလို့ လက်လှမ်းမမှီလို့ မသိလို့ စသဖြင့် အများကြီးပါပဲနော်။
မဟာစံတို့ရဲ့ ခန္ဓာကိုယ်ဟာ စားလိုက်တဲ့အစာ နေထိုင်မှုပုံစံတွေကြောင့် တနေ့ထက်တနေ့ယိုယွင်းလာတယ် ချို့ယွင်းလာတယ်ဆိုတာ ငြင်းလို့မရပါဘူး။ အိုကြရမှာ နာကြရမှာ မှန်ပေမဲ့ မကျန်းမာ မပျော်ရွှင်ဘဲ အသက်ကြီးရမှာထက် နေ့ရက်တိုင်းကို ကျန်းမာ ပျော်ရွှင်စွာ ဖြတ်သန်းရမယ်ဆိုရင် ပိုမကောင်းဘူးလား။
အမြဲတမ်း ကိုယ်ခံအားနည်းပြီး နေမကောင်းမကျန်းမာဖြစ်နေမှာထက် ကိုယ်ခံအားကောင်းပြီး လန်းလန်းဆန်းဆန်းနဲ့ နေလို့ကောင်းအောင် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကို ရွေးချယ်စားသောက်ခြင်း ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ခြင်းဖြင့်ထိန်းလို့ရသလို ဖြည့်စွက်စာကိုလည်း ကူရမှာပါ။ အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုက အမြဲတမ်းမလုပ်နိုင်တော့ ဖြည့်စွက်စာနဲ့ကူရတာပေါ့။
ဝမ်းအမြဲချုပ်တတ်တဲ့သူက ဝမ်းနှုတ်ဆေးသောက်တယ် ဒါသည် ပြဿနာကို ယာယီပဲဖြေရှင်းနိုင်လိမ့်မယ်။ နေ့စဉ် ဝမ်းမှန်ပြီး အစာခြေစနစ်ကောင်းအောင် အူမကြီးကျန်းမာအောင် ရေလည်းသောက် အမျှင်ဓါတ်ပါတာလည်းစား ဖြည့်စွက်စာလည်းကူရတာပေါ့။
အသက်ကြီးလာတယ် အရိုးတွေ အရွတ်တွေမကောင်းလို့ ဒူးနာ ခါးနာတာတွေဖြစ်မယ် ဒီလိုမဖြစ်ဖို့ အသက်ရတာနဲ့ အရိုးသန်တဲ့ ဖြည့်စွက်စာတွေမှီဝဲခဲ့ရင်ပိုကောင်းတာပေါ့။
အမျိုးသမီးတွေသွေးဆုံးကိုင် ဝေဒနာတွေမခံစားရအောင် သွေးမဆုံးခင် မှီဝဲသင့်တဲ့ဖြည့်စွက်စာတွေလည်းရှိပါတယ်။ အမျိုးသားတွေ ဆီးနှင့် ကျောက်ကပ်ပတ်သပ်သောရောဂါများမဖြစ်အောင် မှီဝဲသင့်တဲ့ ဖြည့်စွက်စာတွေလည်းရှိတာပေါ့။
ဆံပင်ကျွတ်တာကစ လက်သည်းခြေသည်း မကျန်းမာတာအဆုံး သောက်သုံးရမယ့် ဖြည့်စွက်စာတွေလည်းရှိတယ်။ ဦးနှောက်ကျန်းမာဖို့ မျက်စိအားကောင်းဖို့ နောက်ဆုံး တကိုယ်လုံးသွေးလေဆီးဝမ်းညီညွတ်မှန်ကန်နေမယ်ဆိုရင် နေထိုင်လို့ကောင်းပြီးပေါ့ပါး ကျန်းမာမယ်။ ကိုယ်ကျန်းမာမှ စိတ်ချမ်းသာပြီး စိတ်သွားတိုင်းကိုယ်ပါ အလုပ်တွေကောင်းကောင်းလုပ်နိုင်မယ်။
တချက်သတိထားရမှာက ရောဂါအခံရှိတဲ့သူဆိုရင် ဖြည့်စွက်စာမသောက်ခင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်ပေးဖို့ပါပဲ။ ပုံမှန်ကတော့ ဆေးဘူးမှာပါတဲ့အညွှန်းအတိုင်းသောက်ရုံပဲ။
အရမ်းစိတ်မကောင်းဖြစ်ရတာရှိသေးတယ် Covid ဖြစ်တော့မှပဲ အခြေခံဖြည့်စွက်စာတွေဖြစ်တဲ့ Vitamin C, D, Zinc တွေကို သောက်ကြတာပဲ။ Covid လည်းပြီးသွားရော မသောက်ကြပြန်တော့ဘူး။ ဒါတွေကပုံမှန်သောက်ရမယ့် ဖြည့်စွက်စာများစွာထဲက တချို့ပါ။ ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမိုထိရောက်တယ်ဆိုတာ သိပေမဲ့ စာမှာပဲရှိပြီး လက်တွေ့ကြဖြစ်မလာတော့ ဝမ်းနည်းရတယ်။
အခုဆို ဖြည့်စွက်စာတွေက လွယ်လွယ်ကူကူနဲ့ကို နေရာတိုင်းဝယ်လို့ရနေပါပြီး။ အတုအပတော့သတိပြုဖို့လိုတာပေါ့နော်။ ငွေကိုနှမြောလို့ ဝယ်မသောက်မှာထက် ရောဂါဖြစ်လာရင် ကုသစရိတ်ကပိုထောင်းပါတယ်။ ကုသစရိတ်ထက်လေ လူပင်ပန်းတာပိုဆိုးပြန်ရော ကိုယ် ၁ ယောက်ပဲရောဂါဖြစ်တယ် ဒါပေမဲ့ ကိုယ့်အတွက် ကူပေးရမယ့်သူက ပိုပင်ပန်းပြီး သူလည်းအချိန်ကုန်တယ်။ ဒီလိုတွေဖြစ်တာကိုဖြေရှင်းဖို့နည်းလမ်းရှိပါတယ်။ အချိန်မနှောင်းခင်ဖြေရှင်းနိုင်ရင်တော့ ပိုကောင်းတာပေါ့နော်။
ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာဆို မှီဝဲသုံးစွဲလာတာကြပေါ့။ ဒါကြောင့်လည်း သူတို့တွေဆို ကျန်းမာပြီး အသက်ရှည်ကြတာ။ အခုချိန်မှသိပြီး စတင်မှီဝဲမယ်ဆိုလည်းနောက်မကျသေးပါဘူးနော်။ တချို့တွေက ဖြည့်စွက်စာတွေကို မှီဝဲသင့်တာ သိပေမဲ့ တချို့တွေက မသိသေးတော့ မလိုလားအပ်တဲ့ ရောဂါတွေရကြတာ စိတ်မကောင်းလှပါဘူး။
ဒါ့ကြောင့် မိမိ မိသားစု ပတ်ဝန်းကျင် အသိုင်းအဝိုင်းက ချစ်ရသူတွေသိအောင် ချစ်ခြင်းများစွာဖြင့် လက်ဆင့်ကမ်းကာ ဝေမျှပေးကြပါဦးလို့ တောင်းဆိုးရင်း . . .
မေတ္တာဖြင့်
MAHAR SAN Team