KK Turmeric
200 G (Powder)
4,800 Ks
-
Exp Date : 04/2025
နနွင်းရဲ့ ဆေးဘက်ဝင်ပုံကတော့
၁။ ဝက်ခြံပျောက်ကင်းစေပါတယ်။
သျှားစောင်းလက်ပတ်အရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နှင့် နနွင်းလက်ဖက်ရည်ဇွန်း ၁ ဇွန်းရောမွှေပြီး ဝက်ခြံဖြစ်တဲ့နေရာကိုတို့ပေးပါ။ ၁၀ မိနစ် ၁၅ မိနစ်ခန့်ကြာတဲ့အခါ ရေနဲ့ဆေးချပေးပါ။ ၁ ပတ် ၃ ကြိမ်လောက်လုပ်ပေးမယ်ဆို ၁ လအတွင်း သိသာလာပါလိမ့်မယ်။
၂။ ခံတွင်းသန့်ရှင်းစေပါတယ်။
သံလွင်ဆီနှင့် နနွင်းကိုရောပြီး ပါးလုပ်ကျင်းပေးခြင်းဖြင့် ခံတွင်းရောဂါများကို အထိုက်အလျောက်ကာကွယ်ပေးကာ ခံတွင်းကို သန့်ရှင်းစေပါတယ်။
၃။ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုမြင့်တတ်စေပါတယ်။
ရေအေးတခွက်၊ နနွင်းမှုန့်တဇွန်း၊ ငရုပ်ကောင်းမှုန့်တဇွန်း၊ ပါးပါးလှီးထားသော သံပုရာကွင်းကို ရောစပ်ပြီးသောက်သုံးပေးခြင်းဖြင့် စိတ်ကြည်လင်စေကာ ဦးနှောက်စွမ်းရည်တိုးတတ်စေပါတယ်။ အစာအိမ်ရောဂါရှိသူများမလုပ်သင့်ပါ။
၄။ အနာကျက်မြန်စေပါတယ်။
နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတဝက် နှင့် ချင်းရည် လက်ဖက်ရည်ဇွန်းတဝက် ကို ရောစပ်ပြီး အနာပေါ်သို့ လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။ နနွင်းဟာ အပူလောင်နာ၊ ထိခိုက်ရှနာနှင့် ရောင်ရမ်းမှုတွေအတွက် အလွန်းအသုံးဝင်သော ဆေးကောင်းတလက်ပဲဖြစ်ပါတယ်။
၅။ လည်ချောင်းနာခြင်းကိုလည်းသက်သာစေပါတယ်။
နနွင်း လက်ဖက်ရည်ဇွန်းတဝက်နဲ့ ပန်းရောင်ဆားလက်ဖက်ရည်ဇွန်းတဝက်ကို ရေနွေးပူပူထဲရောစပ်ပြီး ပလုပ်ကျင်းပေးပါ။ တနေ့ ၃ ကြိမ်ခန့်ပြုလုပ်ပေးခြင်းဖြင့် လည်ချောင်းနာခြင်းကို ထိထိရောက်ရောက်သက်သာစေပါတယ်။
999 in stock
Additional information
cap-size | 200 |
---|---|
item-form | G (Powder) |
Reviews
There are no reviews yet.