သင့်ခန္ဓာကိုယ်က_Vitamin_ဓာတ်ချို့တဲ့နေပြီဆိုရင် ဘယ်လိုလက္ခဏာတွေပြတတ်သလဲ? por Sai Kyaw | Aug 11, 2023 | Vitamins And Supplement | 0 Comentarios ခန္ဓာကိုယ်က အားတွေစိုက်ထုတ်ပြီး အလုပ်လုပ်လိုက်ရပေမယ့် လိုအပ်တဲ့ အာဟာရကို အပြည့်အဝပြန်မရတဲ့အခါမျိုးမှာ ဗီတာမင်ချို့တဲ့တာတွေ ဖြစ်လာပါတယ်။ဒါ့အပြင် လုံလုံလောက်လောက် အိပ်စက်မှုမရှိခြင်း အာဟာရဓာတ်နည်းပါးသော အစားအသောက်များစားခြင်းကလည်း Vitamin ဓာတ်ချို့တဲ့မှုများ ဖြစ်လာနိုင်ပါတယ်။ ဗီတာမင်ချို့ယွင်းလာရင်ဖြစ်ပေါ်တတ်တဲ့ လက္ခဏာရပ်များကတော့ ဦးရေပြားဗောက်ထခြင်း ခြေထောက်အဆက်မပြတ်တုန်ခြင်း၊ ဆံပင်ကျွတ်လွယ်ခြင်းနှင့်လက်သည်းများ ကျိုးပဲ့လွယ်လာခြင်း ပါးစပ်အတွင်းအနာများဖြစ်ခြင်းနှင့် နှုတ်ခမ်းထောင့်တွင် အက်ကွဲခြင်း အအေးမိ၊ တုပ်ကွေးအဖြစ် လွယ်ခြင်း၊ သွားဖုံးကြားမှ သွေးယိုခြင်း ကြွက်တက်ခြင်း၊ အမြင်အာရုံအားနည်းခြင်း အရေပြားအကွက်များဖြစ်ခြင်း နှင့် အရေပြားတွေ ခြောက်သွေ့ကြမ်းတမ်းလာခြင်း အရေပြားပေါ် အနီဖု၊ အဖြူဖုများပေါက်ခြင်း – စတဲ့ Vitamin ဓာတ်ချို့တဲ့ရင် ဒီလိုလက္ခဏာတွေပေါ်လာတတ်ပါတယ်။ ဒါကြောင့်ဗီတာမင်ချို့တဲ့ခြင်းမှ ကာကွယ်ရန် အကောင်းဆုံးနည်းမှာ လုံလောက်စွာအိပ်စက်ခြင်းနှင့် အာဟာရပြည့်ဝသော အစားအစာများကို စားရန်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် Vitamin လုံလောက်စွာ ရရှိဖို့က လူ့ခန္တာကိုယ်အတွက် အဓိကအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ Vitamin ဓာတ်ရရှိဖို့အတွက် အာဟာရဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများကို စားသုံးပေးခြင်း၊ Vitamin ပြည့်ဝစွာပါရှိတဲ့ အာဟာရဓာတ်စာများကို မှီဝဲစားသုံးပေးခြင်းဖြင့် Vitamin ဓာတ်ကို ရရှိစေပါတယ်။ ****************** Vitamin ဓာတ်ပြည့်ဝစွာပါဝင်တဲ့ အာဟာရဓာတ်စာများကို မှီဝဲနိုင်ဖို့အတွက် မဟာစံရဲ့ ချစ်မိတ်ဆွေတို့အတွက် Vitamin အာဟာရဓာတ်စာများကို လုံလောက်စွာ ရရှိနိုင်ပါပြီ။ ကျန်းမာလှပသောဘဝများပိုင်ဆိုင်ကြပါစေ။ Enviar comentario Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Δ