ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ #Healthy_Origins အမှတ်တံဆိပ် #L_Glutathione_Reduced
*******************
မဟာစံရဲ့ ချစ်မိတ်ဆွေတို့ရေ…
နေ့စဥ်အမျိုးမျိုးသော အစားအသောက်တွေကို စားသောက်နေပေမယ့် ခန္ဓာကိုယ်ကို Detox လုပ်ပေးဖို့တော့ မေ့နေကြတယ်မဟုတ်လား
နေ့တိုင်းနေ့တိုင်း စားသောက်နေတဲ့ အစားအစာတွေက ကြာလာရင် ခန္ဓာကိုယ်အတွင်းမှာ စားသမျှစုပုံလာပြီး ကိုယ်စားခဲ့သမျှ အစားအသောက်ပမာဏ အပေါ်မူတည်ပြီး အဆိပ်အတောက်ဆိုတာ အနည်းနှင့် အများတော့ဖြစ်စေပါတယ်။
အဆိပ်အတောက်ရယ်လို့ဖြစ်လာရင် ဝမ်းဗိုက်ကျန်းမာရေးကို ထိခိုက်လာစေတဲ့အပြင် အခြားသော ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုအရာတွေကို ကာကွယ်ပေးနိုင်တဲ့ ဆေးစွမ်းဆိုတာရှိရင် ဒီလိုရောဂါတွေဆိုတာ စိုးရိမ်စရာကို မလိုပါဘူး။
ဒါကြောင့် ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ကိုယ်ခံအားကိုပါ မြှင့်တင်ပေးနိုင်တဲ့ Healthy Origins အမှတ်တံဆိပ် L- Glutathione Reduced ကကူညီပေးနိုင်ပါတယ်။
L- Glutathione Reduced ဆိုတာက Tripeptide လို့ခေါ်တဲ့ ဆာလဖာ အမိုင်နိုအက်ဆစ် (L-Cystene, L-Glutamic Acid နှင့် (Glycine) သုံးမျိုးပါဝင်ပြီး ခန္ဒာကိုယ်အတွင်း သဘာဝအတိုင်းထုတ်လုပ်ထားသော အစွမ်းထွက်တဲ့ Antioxidant တစ်မျိုး ပဲဖြစ်ပါတယ်။
L- Glutathione Reduced ရဲ့ လုပ်ဆောင်ချက်တွေကတော့
Detoxification
မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်ဖြစ်စေတဲ့ အဆိပ်အတောက်တွေ၊ ပတ်ဝန်းကျင် ညစ်ညမ်းစေတဲ့ အရာများအပါအဝင် အန္တရာယ်ရှိသော အရာများကိုပါ ဖယ်ရှားပေးပြီး အသည်းရဲ့ လုပ်ငန်းဆောင်တာများကိုလည်း ကူညီပေးပါတယ်။
Immune System Support
Glutathione သည် ခုခံအားဆဲလ်များရဲ့ လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးခြင်းဖြင့် ခုခံအားစနစ်ကို ပံ့ပိုးပေးသည့် အခန်းကဏ္ဍမှလည်း ပါဝင်ပါတယ်။
အရေပြားကျန်းမာရေး
အချို့သောလူများသည် အရေပြားကျန်းမာရေးအတွက် Setria အပါအဝင် L-Glutathione Reduced ဖြည့်စွက်အားဆေးများကို အသုံးပြုကြပါတယ်။ ဘာလို့ဆို Glutathioneက ကျန်းမာသော အသားအရေကို မြှင့်တင်ပေးပြီး အရေပြားရောင်ရမ်းခြင်းကဲ့သို့ အရေပြားပြဿနာများကို ဖြေရှင်းရာတွင် အသုံးပြုနိုင်ပါတယ်။
အိုမင်းရင့်ရော်မှုကိုနှောင့်နှေးစေခြင်း
Glutathioneက အိုမင်းရင့်ရော်မှုကိုနှောင့်နှေးစေတဲ့ အကြောင်းရင်းဖြစ်တဲ့ ဓာတ်တိုးဖိစီးမှုကိုလျှော့ချပေးပြီး ဆဲလ်အားလုံးရဲ့ ကျန်းမာရေးကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။
အားကစားစွမ်းဆောင်ရည်ကိုမြှင့်တင်ပေးခြင်း
အားကစားသမားအများစုကတော့ အားကစားစွမ်းဆောင်ရည်နှင့် ပြန်လည်ကောင်းမွန်လာစေရန်အတွက် L-Glutathioneက ကူညီပေးနိုင်ပါတယ်။ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများအတွင်း ဓာတ်တိုးဖိစီးမှုနှင့် ကြွက်သားပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလိုအစွမ်းထက်လှတဲ့ Supplement ကို အိမ်တစ်အိမ်မှာတော့ တစ်ဘူးဆောင်ထားသင့်တယ်နော်…။
Healthy Origins အမှတ်တံဆိပ် L_Glutathione Reduced ဖြည့်စွက်စာများကို မဟာစံဆိုင်ခွဲတိုင်းမှာ လုံလောက်စွာ ဝယ်ယူရရှိနိုင်ပါပြီ။