ပန်းသီးရှာလကာရည်ကို အလွယ်တကူဝါးစားလို့ရအောင်ဖန်တီးထားတဲ့ Goli အမှတ်တံဆိပ် Apple Cider Vinegar Gummy
ပန်းသီးရှာလကာရည်ကို အလွယ်တကူဝါးစား လို့ရအောင် ဂျယ်လီပုံစံ ဖန်တီးထားတဲ့ ဖြည့်စွက်စာပဲဖြစ်ပါတယ်။ ပိန်ဆေးလုံးဝမဟုတ်ပါ။ အဆီပိုတွေဒီထက်ပိုပြီး တိုးမလာအောင် အထောက်အကူပြုပေးတဲ့ ဖြည့်စွက်စာ တမျိုးပဲဖြစ်ပါတယ်။ ရှိရင်းခန္ဓာကိုယ်လေးကို ထိန်းသိမ်းပြီး ထပ်ပြီးတော့ ဝိတ်မတက်ချင်တဲ့ အမျိုးသမီးတို့အတွက် မှီဝဲသင့်တဲ့ ဖြည့်စွက်စာလဲ ဖြစ်ပါတယ်။
Goli အမှတ်တံဆိပ် Apple Cider Vinegar Gummy မှာ ကျန်းမာရေးအတွက်ဆိုရင်
ဗီတာမင် B9 ပါဝင်တဲ့အတွက် နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။ အရသာကောင်းရုံသာမက ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ရှင်းလင်းပေးသည့် အစွမ်းထက် Antioxidant လည်းပါဝင်ပါတယ်။ ကျန်းမာသောကိုယ်ခံအားစနစ်ကိုတည်ဆောက်ပေးရာမှာ အကူအညီပေးတဲ့ ဗီတာမင် B12 လည်းပါဝင်ပါတယ်။
Goli ရဲ့ ကောင်းကျိုးတွေကတော့
သွေးတွင်းသကြားဓါတ်ကိုလျော့ချပေးတယ်။
အဆီပိုတွေပိုတိုးမလာအောင် ထိန်းပေးတယ်။
နှလုံးကျန်းမာရေးကိုအထောက်အကူပြုတယ်။
ကိုယ်ခံအားစနစ်မြှင့်တင်ဖို့အတွက် အထောက်အကူပြုတယ်။
အစာခြေစနစ်ကိုပိုမိုအားကောင်းစေတယ်။
အူလမ်းကြောင်းကို ကျန်းမာစေတယ်။
အသားအရေကို ပိုမိုကောင်းမွန်အောင် ထောက်ပံ့ပေးတယ်။
ဒါကြောင့် ပိန်စေဖို့ တခုတည်းအတွက် အထူးရည်ရွယ်တာမဟုတ်ဘဲ ကျန်းမာပြီး အဆီပိုမရှိသော ခန္ဓာကိုယ်တည်ဆောက်ဖို့ အတွက် ဖန်တီးထားတဲ့ ဘေးထွက်ဆိုးကျိုး ကင်းသော ဖြည့်စွက်စာတမျိုးဖြစ်လို့ ပိုမိုကျန်းမာလှပချင်သူများ စိတ်ချယုံကြည်စွာသောက်သုံးနိုင်ပါတယ်။
တရက်ကို အနည်းဆုံး ၂ လုံးမှ အများဆုံး ၆ လုံးအထိ အစာနဲ့ ဝေးတဲ့အချိန်တွေမှာ သောက်သုံးရန် သင့်တော်ပါတယ်။ မနက်စာ ၊ နေ့လည်စာ ၊ ညစာ မစားမီ နာရီဝက် (သို့) ၁ နာရီ အလိုမှာ ၂ လုံးစီ စားလို့လည်းရတယ်။ ၁ လုံးစီ စားလို့လည်းရတယ်။ မိမိကြိုက်နှစ်သက်သလို စားသုံးနိုင်ပါတယ်။
USA နိုင်ငံထုတ် Product ဖြစ်ပြီး ပစ္စည်းအရည်အသွေးအထူးအာမခံပါသည်။