အကြောပြတ်ရာဘာကြောင့်ဖြစ်တာလဲ
အကြောပြတ်ရာဖြစ်ရင်ဘယ်လိုဖြည့်စွက်စာတွေမှီဝဲရင်းကာကွယ်လို့ရနိုင်လဲ
******************
ဒီကနေ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်မှာ အကြောပြတ်ရာမြင်တိုင်း ဗဟုသုတနည်းသူတစ်ချို့က Negative အတွေး၊ အမြင်နဲ့ကြည့်ကြတာကို အကြောပြတ်ရာရှိသည့်မိန်းကလေးတွေအနေနဲ့ အနည်းနဲ့ အများတော့ ကြုံဖူးကြမှာပါ။ ဒါပေမယ့် အကြောပြတ်ရာဆိုတာ အမျိုးသားရော၊ အမျိုးသမီးများမှာရော ဖြစ်ပေါ်တတ်ပါတယ်။ အမျိုးသမီးများမှာတော့ ပိုတွေ့ရတတ်ပါတယ်။
အကြောပြတ်ရာက ဘာကြောင့်ဖြစ်တာလဲဆိုရင် လူ့ခန္ဓာကိုယ်မှာ အပေါ်ယံလွှာ၊ အလယ်လွှာ၊ အောက်လွှာဆိုပြီး အလွှာ(၃)လွှာရှိတဲ့ထဲကမှ အလယ်လွှာမှာရှိတဲ့ဆဲလ်တွေက ပုံမှန်ထက် ရုန်းဆန်ရတာကြောင့် အကြောပြတ်ခြင်းဖြစ်ရတာပါ။ ဒီလို အကြောပြတ်တာက ကျန်းမာရေးအရတော့ ပြဿနာမရှိပေမယ့်လည်း အလှအပရေးရာမှာတော့ လူတစ်ယောက်ရဲ့ ယုံကြည်မှုကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ကိုယ်ကသတိမမူဘဲ လုပ်ဆောင်လိုက်တဲ့အရာတွေကလည်း အကြောပြတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။
အကြောပြတ်ခြင်းကို ပိုမိုဖြစ်ပေါ်ခြင်းအကြောင်းအရင်းကတော့…..
(၁) လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်မိခြင်း
အလေးမကစားခြင်းနှင့် ကိုယ်ကာယဗလ လေ့ကျင့်ခန်းလုပ်ခြင်းက ကြွက်သားအရွယ်အစားကို လျင်မြန်စွာတိုးလာစေပြီး အရေပြားကို လျင်မြန်စွာ ဆွဲဆန့်နိုင်တာကြောင့် အကြောပြတ်သည့် အကြောင်းရင်းထဲက တစ်ခုဘဲဖြစ်ပါတယ်။ ဒါအပြင့် Gym ကစားသမားများအနေနှင့်လည်း Weight တုံးများ မ,မမှီ အကြောကိုဦးစွာလျော့ပြီးမှ ဆက်ကစားသင့်ပါတယ် မဟုတ်ပါက အကြောပြတ်ခြင်းဖြစ်နိုင်ပါတယ်။
(၂) အရွယ်ရောက်ခါစအချိန် ဟော်မုန်းအပြောင်းအလဲများကြောင့်အကြောပြတ်ခြင်း
အပျိုဖော်ဝင်စ နှင့် ဆက်စပ်နေသော ဟော်မုန်းအတက်အကျများသည် အရေပြား၏ ပျော့ပျောင်းမှုကို ထိခိုက်စေနိုင်ပြီး အကြောပြတ်ခြင်းများကို ပိုခံရနိုင်စေပါတယ်။
(၃) ကိုယ်အလေးချိန်တိုးခြင်းကြောင့်အကြောပြတ်ခြင်း
သိသိသာသာ ကိုယ်အလေးချိန်တက်လာခြင်းက အထူးသဖြင့် ဝမ်းဗိုက်၊ ပေါင်နှင့် ရင်သားကဲ့သို့သော နေရာများတွင် အရေပြားကို ဆန့်ထွက်စေပြီး အကြောပြတ်ခြင်းများကို ဖြစ်ပေါ်စေပါတယ်။
(၄) ကိုယ်ဝန်ဆောင်ခြင်းကြောင့်အကြောပြတ်ခြင်း
အကြောပြတ်ခြင်း၏ အဖြစ်များဆုံးအကြောင်းရင်းတစ်ခုမှာ ကိုယ်ဝန်ဆောင်ကာလမှာဖြစ်ပါတယ်။ ကြီးထွားလာသောသန္ဓေသားကို လိုက်လျောညီထွေဖြစ်စေရန်အတွက် ဝမ်းဗိုက်သည် ကျယ်လာတာနှင့်အမျှ အရေပြားက ဆန့်ထွက်လာကာ မကြာခဏ အကြောပြတ်ရာများဖြစ်ပေါ်လာစေပါတယ်။
(၅) မျိုးရိုးဗီဇကြောင့်အပြတ်ခြင်း
မိဘမျိုးရိုးများတွင် အကြောပြတ်ရာများရှိပါက အကြောပြတ်ရာ ဖြစ်ပေါ်နိုင်ပါတယ်။
ခန္ဓာကိုယ်အနှံ့အပြားမှာ အကြောပြတ်ရာအများဆုံးတွေ့နိုင်တဲ့နေရာတွေကတော့
တင်ပါး၊
ပေါင်၊
ဝမ်းဗိုက်၊
ခြေသလုံး၊
ဒူး၊
ရင်ဘတ်နှင့် ကျောမှာတော့ အကြောပြတ်ရာအများဆုံး တွေ့ရလေ့ရှိပါတယ်။
******************
အကြောပြတ်ရာတွေကို ဘယ်လို ကာကွယ်နိုင်မလဲ
ဗီတာမင်နှင့် သတ္တုဓာတ်များမှီဝဲခြင်းဖြင့်လည်း အကြောပြတ်ရာဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။
Vitamin A
ဗီတာမင်A က အရေပြားအတွင်းရှိ Collagen လို့ ခေါ်တဲ့ ပရိုတိန်းကိုလည်း ပြန်လည်တည်ဆောက်ပေးပြီး အကြောပြတ်ရာများကိုပုံမှန်အသားအရေနှင့် ပိုတူစေပါတယ်။
Vitamin D
လေ့လာတွေ့ရှိချက်တွေအရ ဗီတာမင်D နည်းပါးခြင်းနှင့် အကြောပြတ်ခြင်း ဖြစ်ပွားမှုက ဆက်စပ်မှု ရှိတယ်လို့ ဆိုကြပါတယ်။ နေရောင်ခြည် ထိတွေ့ခြင်းမှ ရရှိသော Vitamin D ပမာဏ လုံလောက်စွာ ရှိခြင်းက အကြောပြတ်ရာများ ဖြစ်ခြင်းကို လျော့ချနိုင်တယ်လို့ ပြောကြပါတယ်။
Vitamin C
ဗီတာမင်C က အရေပြားကို Collagen ဖွံ့ဖြိုးမှုအတွက် ကူညီပေးပါတယ်။ Collagen က သင့်အသားရေကို သန်မာစေပြီး အရေကြောင်းကို လျော့ပါးစေတဲ့ အပြင် အကြောပြတ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
Vitamin E
ဗီတာမင် E ကို ကိုယ်ဝန်ဆောင်သည်တော်တော်များများက ဗိုက်အကြောပြတ်ရာများကို သက်သာပျောက်ကင်းစေရန် သောက်သုံးကြသလို၊ Vitamin E oil ဆိုရင်လည်း အကြောပြတ်ရာများပေါ်တွင် ပွတ်လိမ်းပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေပါတယ်။
Zinc
Zinc က အကြောပြတ်ခြင်းနှင့် ဆက်စပ်မှုတော့ မရှိပေမေယ့် Zinc ကို အရေပြားကျန်းမာရေး သန်စွမ်းသော ဗီတာမင်လို့လည်း လူသိများပါတယ်။
ဒီလိုဖြည့်စွက်စာများအပြင် နေ့စဥ်စားသုံးတဲ့ အစားအစားများမှလည်း ဗီတာမင်နှင့် သတ္တုဓာတ်များ ရရှိစေပါတယ်။ အကြောပြတ်ရာများကာကွယ်နိုင်ဖို့ဆိုတာ ဖြည့်စွက်စာများ မှီဝဲပေးရုံမက အောက်ပါနည်းလမ်းများကိုလည်း လုပ်ဆောင်ပေးသင့်ပါတယ်။
ရေများများသောက်ပေးပါ
ရေများများသောက်ခြင်းက သင့်အရေပြားကို ရေဓာတ်ထိန်းသိမ်းပေးကာ ပျော့ပျောင်းမှုကို မြှင့်တင်ပေးနိုင်ပြီး အကြောပြတ်ရာတွေဖြစ်နိုင်ချေကို လျော့နည်းစေနိုင်ပါတယ်။
မျှတသောအစားအစာစားပါ
အထူးသဖြင့် ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝသော အစားအစာများ (အထူးသဖြင့် ဗီတာမင် C၊ ဗီတာမင် E၊ ဇင့်၊ နှင့် ဆီလီကာ) တို့ကဲ့သို့ အရေပြားကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများကဲ့သို့သော ကော်လာဂျင်ကို မြှင့်တင်ပေးသည့် ဂုဏ်သတ္တိရှိသော အစားအစာများသည်လည်း ကူညီပေးနိုင်ပါတယ်။
သဘာဝအဆီများနဲ့ ပွတ်လိမ်းပါ
သံလွင်ဆီ၊ အုန်းဆီ၊ အယ်လ်မွန်စေ့တွေရဲ့အဆီဟာ အရေပြားကို ချောမွေ့လာစေတဲ့အပြင် ဒီလိုအကြောပြတ်ရာတွေကိုလည်း ဖြည်းဖြည်းချင်းမှိန်သွားစေပြီး ပျက်စီးနေတဲ့ အရေပြားတစ်သျှူးကို ပြန်လည် ပြုပြင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်အနှစ်နဲ့ လိမ်းပေးခြင်းဖြင့် အရေပြားအတွင်းထဲထိ စိမ့်ဝင်မှုအားကောင်းကာ အသားအရေကို အေးမြစိုပြေစေပါတယ်။ ပျက်စီးနေတဲ့ တစ်သျှူးတွေကိုလည်း ပြုပြင်ပေးလို့ အကြောပြတ်ရာတွေ သက်သာအောင် ကူညီပေးနိုင်ပါတယ်။
ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလှုပ်ပါ
ပုံမှန်ကိုယ်လက်လှုပ်ရှားမှုက သင့်အရေပြားတစ်ခုလုံးရဲ့ ကျန်းမာရေးကို ထိန်းသိမ်းပေးပြီး သွေးလည်ပတ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။
နေရောင်ခြည်ကို အလွန်အကျွံ ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ
ခရမ်းလွန်ရောင်ခြည်ကို ကြာရှည်စွာ ထိတွေ့ခြင်းက အရေပြား၏ ကော်လာဂျင်နှင့် အီလက်စတင် အမျှင်များကို ပျက်စီးစေပြီး အကြောပြတ်ခြင်း ဖြစ်နိုင်ခြေကို တိုးစေပါသည်။ နေရောင်ထဲမှာ အချိန်ဖြုန်းတဲ့အခါ နေရောင်ကာခရင်မ်နဲ့ အကာအကွယ်အဝတ်အစားတွေကို သုံးပါ။
ဒါ့ကြောင့် အကြောပြတ်ရာတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် နေ့စဥ◌်အစားအသောက်ပုံစံပြောင်းလဲပေးခြင်း၊ လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းကိုလျှော့ခြင်း၊ အရေပြားကိုပြုပြင်ထိန်းသိမ်းပေးခြင်းအပြင်၊ ဗီတာမင်နှင့်သတ္တုဓာတ်ကြွယ်ဝသော ဖြည့်စွက်စာများမှီဝဲပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။