Call us : 09 402224800
Select Page
💢ကုန်ခမ်းသွားသော စွမ်းအင်တွေကို Jigsaw အမှတ်တံဆိပ် electrolytes Supreme နဲ့ ပြန်လည်ဖြည့်ဆည်းလိုက်ပါ။ 💢
********************
❗️ Electrolytes ဆိုတာ ဘာလဲ❓
Electrolytes ဆိုတာ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်နှင့် မဂ္ဂနီဆီယမ်ကဲ့သို့ မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာများကို ထိန်းသိမ်းပေးတဲ့အပြင်
✔ ခန္ဓာကိုယ်မှ ဓာတုတုံ့ပြန်မှုများကို ထိန်းညှိပေးခြင်း
✔ ဆဲလ်အတွင်းနှင့်အပြင်ရှိ အရည်များကြား ဟန်ချက်ညီမှုကို ထိန်းသိမ်းခြင်းနှင့်
✔ အခြားအရာများကိုပါ ကူညီပေးခြင်း စတဲ့အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။
သင့်ခန္ဓာကိုယ်မှာရှိတဲ့ အရည် ( သွေး၊ ချွေး၊ သုတ်ရည်) နဲ့ ဆဲလ်တိုင်းနီးပါးမှာ electrolytes ပါ၀င်ပါတယ်။ သင့်ခန္ဓာကိုယ်အတွင်း electrolytes ကအကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးသွားနိုင်ပါတယ်။ ဒီလို ဆုံးရှုံးမှု တွေကို Jigsaw အမှတ်တံဆိပ်ဖြစ်တဲ့ Electrolyte Supreme ဓာတ်ဆားရည်သောက်သုံးခြင်းဖြင့် ပြန်လည်ဖြည့်ဆည်းနိုင်ပါတယ်။
❗️ Jigsaw Electrolyte Supreme က ဗီတာမင်နှင့် သတ္တုဓာတ်တွေ ပါဝင်တာကြောင့်
♦️ ရေဓာတ်ကိုအပြည့်အဝပေးနိုင်ခြင်း
♦️ အင်အားပြည့်ဝစေခြင်း
♦️ နှလုံးနှင့် ကြွက်သားကျန်းမာစေခြင်းတို့အတွက် အာဟာရမှုန့်ပဲ ဖြစ်ပါတယ်။
❗️ Jigsaw Electrolyte Supreme ကို ဘယ်လို လူတွေ မှီဝဲ သင့်သလဲဆိုရင်…..
🔶 အားကစားသမားများ 🔶
အားကစားသမားများ၊ အပြေးသမားများ၊ စက်ဘီးစီးသူများနှင့် ခံနိုင်ရည်ရှိ အားကစားများတွင် ပါဝင်သူများကဲ့သို့ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုများတွင် ပါဝင်သူများအနေနှင့် Electrolytes Supreme သောက်သုံးသင့်ပါတယ်။ ဘာလို့လဲဆိုတောာ့ ချွေးကြောင့်ဆုံးရှုံးသွားသော electrolytes များကို အစားထိုးနိုင်ပြီး စွမ်းဆောင်ရည်များ ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးနိုင်ပါတယ်။
🔶 ချွေးအလွန်အကျွံထွက်နေသူများ 🔶
အချို့သောသူများသည် အခြားသူများထက် ချွေးပိုထွက်ခြင်း သို့မဟုတ် ချွေးအလွန်အကျွံထွက်သည့် အလုပ်များ (ဥပမာ၊ အလုပ်ကြမ်းသမားများ)အနေနဲ့ ခန္ဓာကိုယ်အတွင်း electrolyte ဟန်ချက်ညီစေရန်အတွက် ဆုံးရှုံးသွားသော electrolyteကို တဖန် ဖြည့်ဆည်းပေးဖို့ဆိုတာ လိုကိုလိုအပ်ပါတယ်။
🔶 ကြွက်သားများ ကြွက်တက်, တတ်သူများ 🔶
အထူးသဖြင့် ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ် သို့မဟုတ် ကယ်လ်စီယမ်ဓာတ် နည်းပါးပြီး Electrolytes မညီမျှခြင်းကြောင့် ကြွက်သားများ ကြွက်တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ် သို့မဟုတ် လေ့ကျင့်ခန်းအပြီးတွင် မကြာခဏ ကြွက်သားကြွက်တက်ခြင်းကို ခံစားရသူများအနေနဲ့ electrolyte ဓာတ်ဆားရည် သောက်သုံးပြီး ကြွက်တက်ခြင်းကို ကာကွယ်နိုင်ပါတယ်။
🔶 ဖျားနာခြင်းမှ ပြန်လည်ကောင်းမွန်လာစေခြင်း 🔶
ယခုလို မိုးတွင်းမှာ အဖြစ်များဆုံးဖြစ်တဲ့ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း သို့မဟုတ် ဖျားနာခြင်းတို့ ပါ၀င်သော ဖျားနာမှုများက ခန္ဓာကိုယ်အတွင်း Electrolytes မညီမျှမှုကြောင့် ဖြစ်ရခြင်းပဲ ဖြစ်ပါတယ်။ ဒီ လိုအခြေအနေတွေကို ဟန်ချက်ညီစေရန်နှင့် ရေဓာတ်ခန်းခြောက်ခြင်းမှကာကွယ်ရန် electrolyte Supreme ကို အသုံးပြုနိုင်ပါတယ်။
🔶 ပူပြီး စိုစွတ်သောပတ်ဝန်းကျင်များ 🔶
ပူပြင်းစိုစွတ်သောအခြေအနေများတွင် လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် အလုပ်လုပ်သူများသည် ချွေးထွက်ခြင်းကြောင့် အရည်နှင့် electrolytes များ ပိုမိုဆုံးရှုံးတတ်ပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်းနှင့် အပူနှင့်ဆက်စပ်သောရောဂါများကိုကာကွယ်ရန် ဒီလို အခြေအနေတွေမှာ Electrolytes ဖြည့်စွက်ပေးဖို့ အထူးအရေးကြီးပါတယ်။
🔶 သက်ကြီးရွယ်အိုများ 🔶
သက်ကြီးရွယ်အိုများအနေနှင့် အသက်အရွယ်ဆိုင်ရာပြောင်းလဲမှုများကြောင့် electrolyte မညီမျှမှုဖြစ်နိုင်ချေ ပိုများနိုင်ပါတယ်။ ဒါကြောင့် အခြားသူများထက် ပိုမို မှီဝဲပေးသင့်ပါတယ်။
Jigsaw အမှတ်တံဆိပ် Electrolyte Supreme ကိုမဟာစံဆိုင်ခွဲတိုင်းမှာ ဝယ်ယူရရှိနိုင်ပါပြီ။ USA Brand ဖြစ်ပြီး ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။