- ဗီတာမင် စီ များများစားသုံးခြင်းက ကင်ဆာဖြစ်နိုင်ခြေကို လျော့ချပေးပါတယ်။
- ဗီတာမင် ဒီ က ကင်ဆာလူနာများတွင် Opioids လိုအပ်မှုကိုလျော့နည်းစေပါတယ်။
- ခန္ဓာကိုယ်တွင် CoQ10 ပမာဏ လုံလောက်စွာရှိပါက နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်များကို လျော့ကျစေပါတယ်။
- ကော်ဖီက လေဖြတ်ခြင်းနှင့် သေဆုံးနိုင်ခြေအားလုံးကို လျော့ချပေးနိုင်ပါတယ်။
ဗီတာမင် စီ များများစားသုံးမှုသည် ကင်ဆာရောဂါဖြစ်နိုင်ခြေနည်းပါးခြင်းနှင့် ဆက်စပ်နေကြောင်းကို Frontiers in Nutrition ဂျာနယ်၏ ဆောင်းပါး တပုဒ်မှာလေ့လာခဲ့ရပါတယ်။ ဗီတာမင် စီ စားသုံးသူများ၏ အစာခြေစနစ်ကို စမ်းသပ်ကြည့်တဲ့အခါ အစာမျိုပြွန်ကင်ဆာ ဖြစ်နိုင်ခြေ ၄၂% ကို လျော့ချနိုင်ခြင်း၊ အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ ၃၄% လျော့နည်းခြင်း နှင့် ပန်ကရိယ ကင်ဆာဖြစ်နိုင်ခြေ ၃၀% လျော့နည်းစေပါတယ်။ ဒါ့အပြင် ဗီတာမင် စီ စားသုံးပါက အဆုတ်ကင်ဆာနှင့် တခြားသောကင်ဆာဖြစ်ပွားမှုနှုန်းနည်းပါခြင်းနှင့် ဆက်စပ်နေပါတယ်။
Cancers ဂျာနယ်တွင် ဗီတာမင် ဒီ ကို ကင်ဆာလူနာများအား တရက်ကို အနည်းဆုံး 4000 IU မှီဝဲခိုင်းကြည့်သည့်အခါ Opioids လိုအပ်မှုကိုလျော့နည်းစေတဲ့အပြင် ကင်ဆာကြောင့် နာကျင်ခြင်းဝေဒနာများကိုလည်း သက်သာစေပါတယ်။ ကင်ဆာရောဂါနှင့် ဆက်စပ်သောပင်ပန်းနွမ်းနယ်မှုများလည်းလျော့ပါးစေတာတွေ့ရပါတယ်။
လေ့လာတွေ့ရှိချက်များအရ ခန္ဓာကိုယ်တွင် CoQ10 ပမာဏ လုံလောက်စွာရှိပါက နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်များကို လျော့ကျစေတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်လည်းတိုးတတ်စေပါတယ်။ အထူးသဖြင့် အသက် ၆၅ နှစ်နှင့်အထက် အမျိုးသား အမျိုးသမီးများ CoQ10 ပမာဏ မြင့်မားပါက နှလုံးသွေးကြောဆိုင်ရာရောဂါများ သိသိသာသာလျော့နည်းသွားတာ တွေ့ရှိရပါတယ်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးပါတွဲလုပ်မယ်ဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာပါ သိသိသာသာတိုးတတ်လာပါတယ်။
ယနေ့ထိစူးစမ်းလေ့လာမှုများအရရော European Journal of Preventive Cardiology ထဲမှ ဖတ်ရှုခဲ့ရတာအရပါ ကော်ဖီကိုပေါ့ပေါ့ပါးပါးနှင့် အလယ်အလတ်လောက်သောက်ပေးမယ်ဆိုရင် လေဖြတ်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် သေဆုံးနိုင်ခြေအားလုံးကို လျော့ကျစေပါတယ်။
Vitamin C ဖြည့်စွက်စာများကို ဒီ Link https://bit.ly/3R5UpXc ထဲမှာကြည့်ပေးပါ။
Vitamin D ဖြည့်စွက်စာများကို ဒီ Link https://bit.ly/3cBmh6D ထဲမှာကြည့်နိုင်ပါတယ်။
CoQ10 ဖြည့်စွက်စာများကို ဒီ Link https://bit.ly/3B17OKP ထဲမှာ ဝင်ရောက်ကာကြည့်ရှုနိုင်ပါတယ်။