Call us : 09 402224800
Select Page

နေ့စဉ်စားသောက်လိုက်တဲ့ အစားအသောက်ထဲက အဆိပ်တွေကိုဖယ်ထုတ်ဖို့ အသည်းဟာနေ့စဉ် ပြင်းပြင်းထန်ထန်အလုပ်လုပ်ရပါတယ်။ ကျန်းမာတဲ့အသည်းကိုပိုင်ဆိုင်ဖို့က အလွန်အရေးကြီးလို့ မိမိရဲ့ အစားအသောက်အနေအထိုင် မဆင်ခြင်မှုကြောင့် မိမိအသည်းကို ထိခိုက်ပျက်စီးမခံပါနဲ့။ အသည်းကျန်းမာအောင်လုပ်ဖို့အတွက်ဆိုရင် အသည်းအားဆေးတွေသောက်ရမယ်၊ အသည်းကိုကျန်းမာစေတဲ့ အစားအသောက်တွေစားပေးရမယ်၊ လေ့ကျင့်ခန်းပုံမှန်လုပ်ရမယ်ပေါ့နော်။

ဒီဖြည့်စွက်စာတွေကို မှီဝဲပေးမယ်ဆိုရင်တော့ အသည်းလေးသေချာပေါက်ကျန်းမာစေမှာပါ။

  • Probiotics
  • Prebiotics
  • Vitamin E tocotrienols
  • Milk Thistle
  • N-acetyl cysteine (NAC)

ဒီလိုအစားအသောက်တွေကိုလည်း အသည်းကျန်းမာစေဖို့စားပေးသင့်ပါတယ်။

  • ဗီတာမင်စီပါတဲ့ သံပုရာသီး၊ ရှောက်သီးနှင့် လိမ္မော်သီးတို့က အစာခြစနစ်ကိုကောင်းမွန်စေပြီး အသည်းမှာရှိတဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
  • ပန်းသီးမှာပါဝင်တဲ့မဲလစ်အက်ဆစ်ကလည်း အသည်းလုပ်ဆောင်မှုကို ကျန်းမာစေပါတယ်။
  • ကြက်သွန်ဖြူ နှင့် မုန်လာဥနီကလည်း အသည်းရဲ့လုပ်ဆောင်မှုကို အားကောင်းစေပါတယ်။
  • Green Tea နှင့် ထောပတ်သီးက အသည်းပျက်စီးခြင်းမှကာကွယ်ပေးပါတယ်။
  • ပန်းဂေါ်ဖီစိမ်းက အသည်းမှာရှိတဲ့အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
  • နနွင်း နှင့် သစ်ကြားသီးမှာလည်း ခုခံအားတိုးတတ်စေတဲ့ ဓါတ်တွေအပြင် အသည်းဆဲလ်ရဲ့လုပ်ဆောင်ချက်ကိုလည်း မြင့်တတ်စေပါတယ်။

ဒါ့အပြင် လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့်လည်း အသည်းကျန်းမာစေပါတယ်။