Call us : 09 402224800
Select Page
💚 သင့်ရဲ့ အသည်းလေး ကျန်းမာနေပါစေ . . .
ခန္ဓာကိုယ်ထဲကိုရောက်လာတဲ့ အမျိုးမျိုးသော အဆိပ်အတောက်တွေကို အသည်းကတာဝန်ယူပြီး ချေဖျက်ပေးတာကြောင့် အသည်းလေးကောင်းမှ လူလည်းကျန်းမာ မှာပါ။ ခန္ဓာကိုယ်ရဲ့ ဇီဝ ကမ္မ ဖြစ်စဉ်တိုင်းမှာလည်း အသည်းက မဖြစ်မနေပါဝင်နေရလို့ အသည်းကောင်းကောင်းအလုပ်လုပ်ဖို့က အရေးကြီးပါတယ်။
ယနေ့ခေတ်ရဲ့ စားသောက်မှုပုံစံတွေက သိကြတဲ့အတိုင်း ကျန်းမာရေးနဲ့သွေဖီတဲ့အပြင် မစားဘူးလို့ ရှောင်လို့မရလောက်အောင်ဖြစ်နေပါတယ်။
ကြာရှည်ခံဆေးဝါးတွေ၊ ဓါတုဆိုးဆေးတွေ၊ ဆီကြော်စာတွေ၊ အသင့်စားတွေ၊ မှိုတတ်စေတဲ့စားစရာတွေ၊ ပိုးသတ်ဆေးနှင့် မြေဩဇာတွေသုံးထားတဲ့ အသီးအရွက်တွေ၊ အရက်နှင့် ဘီယာတွေကြောင့် ရရှိလာမယ့် အဆိပ်အတောက်တွေက နည်းတာမဟုတ်ဘူး။ ဒီလို အဆမတန်များပြားလှတဲ့ အဆိပ်အတောက်တွေကို အသည်းက တာဝန်ယူပြီး ချေဖျက်ပေးရတာ ကြာလာတော့ ချေဖျက်နိုင်စွမ်း အင်အားမရှိတော့ အသည်းကြီးတာ၊ အသည်းခြောက်တာ၊ အသည်းအဆီဖုံးတာ၊ အသည်းကင်ဆာ၊ အသည်းရောင်အသားဝါ ဘီပိုး စီပိုး စတဲ့ရောဂါတွေဖြစ်လာရတာပေါ့။
ဒီလိုမျိုး အသည်းရောဂါတွေမဖြစ်ဘဲ အသည်းလေးကျန်းမာနေအောင် အသည်းရောဂါကြောင့် ဖြစ်တဲ့အသည်းပျက်စီးခြင်းကို ကာကွယ်စေရန် Milk Thistle ကိုသောက်သုံးကြပါတယ်။
Milk Thistle ဆိုတာ သဘာဝဆေးဘက်ဝင်အပင် တမျိုးဖြစ်ပြီး အရွက်ကို ခြေလိုက်တဲ့အခါ နို့နှစ်လိုအဖြူရောင်လေးထွက်လို့ Milk Thistle လို့ခေါ်ရခြင်းဖြစ်ပါတယ်။ အသည်းအတွက်လိုအပ်တဲ့ အာဟာရဓါတ်ကိုပေးသလို အသည်းမှန်ကန်ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့လည်းထောက်ပံ့ပေးပါတယ်။
Milk Thistle Supplement ကိုပုံမှန်သောက်သုံးပေးမယ်ဆိုရင်
✅ အသည်းရောဂါဖြစ်နေတဲ့သူတွေ ရောဂါသက်သာပျောက်ကင်း စေပါတယ်။
✅ အသည်းထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ခြေဖျက်ပေးပါတယ်။
✅ ပျက်စီးနေတဲ့ အသည်းဆဲလ်တွေကိုတွေကို ပြုပြင်ပေးပြီး ဆဲလ်အသစ်ဖြစ်ပေါ်လာအောင်လည်းလုပ်ဆောင်နိုင်စွမ်းရှိပါတယ်။
နောက်ထပ်ဘယ်လိုအစားအသောက်တွေက အသည်းကိုကျန်းမာစေမှာလဲ ?
Vitamin E
– လေ့လာတွေ့ရှိမှုတွေအရ Vitamin E ပုံမှန်မှီဝဲပေးခြင်းကြောင့် အသည်းထိခိုက်ပျက်စီးမှုလျော့နည်းတာကို တွေ့ရပါတယ်။ အသည်းရောဂါမရှိဘဲ အသည်းကို ကျန်းမာစေချင်ရင် Vitamin E ကိုမေ့ထားလို့မရသလို အသည်းရောဂါရှိသူများလည်း Vitamin E သောက်သုံးခြင်းကြောင့် ရောဂါသက်သာစေပါတယ်။
Omega 3 Fatty Acid
– Omega 3 Fatty Acid လို့လူသိများတဲ့ ငါးကြီးဆီကို သောက်သုံးမယ်ဆိုရင် အသည်းရောဂါ ကုသဖို့အတွက်သာမက ကာကွယ်ဖို့အတွက်ပါ ထိရောက်တဲ့ ဖြည့်စွက်စာပါပဲ။ Omega 3 Fatty Acid က မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားပေးတာကြောင့် အသည်းအဆီဖုံးနဲ့ အသည်းရောဂါခံစားနေရသူတွေအတွက် အထူးသင့်တော်ပါတယ်။
Vitamin B
– Vitamin B အုပ်စုထဲပါတဲ့ Vitamin B1, Vitamin B2, Vitamin B3, Vitamin B6, Vitamin B12 စတဲ့ Vitamin တွေကလည်း အသည်းကျန်းမာဖို့အတွက် အထောက်အပံ့ပေးတဲ့ ဖြည့်စွက်စာတွေဆိုတော့ အသည်းအတွက် အားရှိစေမယ့် ဆေးဝါးတွေဝယ်ယူတဲ့အခါ သေချာရွေးချယ်ကြဖို့အကြံပြုပါရစေရှင်။
ကုသခြင်းထက် ကာကွယ်ခြင်းက ပိုထိရောက်တာမို့ အစားအသောက်စားတဲ့အခါ ကိုယ့်အတွက် ဘေးဖြစ်စေမယ့်အရာတွေကို ရှောင်စား လျှော့စားပြီး ကျန်းမာစေမယ့် အစားအသောက်တွေကို ရွေးချယ်စားသောက်ဖို့လည်းတိုက်တွန်းပါတယ်နော်။
💚 ကျန်းမာလှပသောဘဝများကို ပိုင်ဆိုင်ကြပါစေ။