လူ့ခန္ဓာကိုယ်အတွက် အဆီတိုင်းက မလိုအပ်ဘူးဆိုတာ မှားယွင်းတဲ့အယူအဆပါပဲ။ လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုပြီး မရှိမဖြစ်လိုအပ်သော အဆီများတွင် Omega 3,6 နဲ့ Fatty Acid တွေပါဝင်ပါတယ်။ သူတို့တွေက ကိုလက်စထရောပမာဏကိုလျော့ကျစေပြီး ရောင်ရမ်းခြင်းများကို သက်သာစေကာ နှလုံးကိုလည်းကျန်းမာစေပါတယ်။ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအပိုင်းမှာလည်း အရေးပါတဲ့နေရာကနေ အဓိကပါဝင်ပါတယ်။ ကလေးတယောက်အနေနဲ့ Omega 3 , 6 နဲ့ Fatty Acid ကို ပုံမှန်သောက်သုံးမယ်ဆိုရင်
ဉာဏ်ရည်ဖွံ့ဖြိုးစေပါတယ်။
Omega 3 မှာပါဝင်တဲ့ DHA က ဦးနှောက်ကိုဖွံ့ဖြိုးစေပြီး မှတ်ဉာဏ်စွမ်းအားကို တိုးတတ်စေပါတယ်။ DHA ပမာဏ လုံလောက်စွာမရရှိတဲ့ ကလေးတယောက်အဖို့ သင်ယူလေ့လာနိုင်တဲ့ စွမ်းရည်တွေ ထိခိုက်စေနိုင်တာကိုတွေ့ရပါတယ်။
အမြင်အာရုံကြည်လင်စေပါတယ်။
မျက်စိမြင်လွှာအတွက် အကျိုးပြုတဲ့ဆဲလ်တွေကို ထုတ်လုပ်ပေးနိုင်ဖို့ DHA လိုအပ်ပါတယ်။ DHA ပမာဏလုံလောက်စွာရရှိတဲ့ ကလေးတယောက်အဖို့ကတော့ မျက်လုံးနဲ့ပတ်သပ်တဲ့ ပြဿနာတွေမရှိတာကို တွေ့ရပါတယ်။
နှလုံးကျန်းမာစေပါတယ်။
နှလုံးမှာရှိတဲ့ ဆံချည်မျှင်သွေးကြောလေးတွေမှာသွေးလည်ပတ်မှုကောင်းအောင် DHA ကကူညီထောက်ပံ့ပေးပါတယ်။ သွေးဖိအားကို ပုံမှန်ဖြစ်အောင်လည်း Omega3 က ကူညီပေးပါတယ်။
ဆီးချို သွေးချိုကို ကာကွယ်ပေးပါတယ်။
အကျိုးမရှိသော ကိုလက်စထရောများ ခန္ဓာကိုယ်တွင်များပြားစွာရှိနေခြင်းက ဆီးချိုနှင့် သွေးချိုရောဂါကို ဖြစ်ပွားစေပါတယ်။ Omega 3 က အကျိုးပြု ကိုလက်စထရောများကို တိုးမြှင့်ပေးတာကြောင့် ဆီးချို သွေးချိုရောဂါဖြစ်ပွားမှုကို လျော့ကျစေပါတယ်။
ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားမှုကို လျော့ကျစေပါတယ်။
အသက်ရှူလမ်းကြောင်း ရောင်ရမ်းခြင်းကို Omega 3 ကို လျော့ချပေးတာကြောင့် ကလေးတွေမှာ ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားနိုင်ချေကို လျော့ကျစေပါတယ်။
တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားစေပါတယ်။
Omega 3 , 6 နှင့် Fatty Acid တွေက ကလေးငယ်များရဲ့ သင်ယူလေ့လာနိုင်စွမ်း တီထွင်ကြံဆနိုင်စွမ်းနှင့် စွမ်းဆောင်ရည်တွေပိုမို တိုးတတ်စေတာကို တွေ့ရပါတယ်။
ဒါဆိုရင်တော့ ဘယ်လိုအစားအသောက်တွေမှာ Omega 3, 6 နှင့် Fatty Acid တွေကြွယ်ဝစွာပါဝင်တာလဲ။
အထူးသဖြင့် ငါးတွေမှတဆင့်ရရှိပါတယ်။ ဘယ်လိုငါးတွေလဲဆိုရင် တူနာငါး၊ ဆယ်လ်မွန်ငါး၊ ငါးသေတ္တာငါး စတဲ့ ငါးတွေပါ။ တခြားအစားအသောက်တွေကတော့ ပုစွန်၊ နေကြာဆီ၊ ပြောင်းဖူး၊ အခွံမာအစေ့အဆန်များ၊ နှမ်း၊ ကမာ နှင့် ပုစွန်၊ နွားနို့၊ ဒိန်ချဉ် တွေအပြင် ဖြည့်စွက်စာ အားဆေးများ မှီဝဲခြင်းဖြင့်လည်း ရရှိနိုင်ပါတယ်။
ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှု လမ်းခရီးမှာ Omega 3 , 6 နှင့် Fatty Acid များလည်းအဓိကပါဝင်တာကြောင့် သူတို့တွေကိုလည်း ဖယ်မထားဘဲ ဖြည့်ဆည်းပေးကြဖို့ အကြံပြုပါရစေရှင်။